26-Nov-2021 ပရီးမီးယားလိဂ္ သတင္းမ်ား

[UNICODE]

2-Arsenal-training-pictures
IMAGE: GOAL

⚽ အာတီတာအနေနဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးကို ပြန်ခေါ်မဲ့ အစီအစဉ်ကို မာတင်ကီအွန်က ထောက်ခံခဲ့ပြီး အာဆင်နယ်မိသားစုထဲ အာဆင်ဝင်းဂါးကို ပြန်ခေါ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ကို အလွန်မြတ်နိုးသူဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးအနေနဲ့ အာဆင်နယ်ကနေ ဘာကြောင့်ထွက်သွားသလဲဆိုတာ စဉ်းစားလို့မရကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

gravenberch-ajax-barca
IMAGE: GOAL

⚽ လီဗာပူးအနေနဲ့ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်နဲ့အပြိုင် အေဂျက်ဇ်ကွင်းလယ်လူ ဂရာဗင်ဘတ်ချ်ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ၁၉ နှစ်အရွယ်ကြယ်ပွင့်ရဲ့ စာချုပ်ဟာ နောက်ဆုံး ၁၈ လထဲကိုရောက်ရှိနေပြီးလီဗာပူးက လက်ဦးမှုယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

Luis-Enrique
IMAGE: GOAL

⚽ စပိန်လက်ရွေးစင်နည်းပြ အင်းနရစ်အနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို မန်ချက်စတာယူနိုက်တက်နဲ့ ဆက်သွယ်နေခြင်းမရှိကြော်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ။်အင်းနရစ်အနေနဲ့ စပိန်နဲ့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ကိုသာ အာရုံစိုက်ထားတာပါ။

methode-sundaytimes-prod-web-bin-6381e3e6-3406-11ec-a1f1-3deca2439cf5
IMAGE: GOAL

⚽ ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်အနေနဲ့ အသင်းမှာသာ ပျော်ရွှင်လျက်ရှိနေပြီး ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းသစ် ချုပ်ဆိုသွားမှာဖြစ်ကြောင်း Telegraph က ဖော်ပြထားပါတယ်။ လက်ရှိမှာမစ်ဆန်မောင့်ကိုဥရောပထိပ်သီးကလပ်တွေက အပြိုင်စိတ်ဝင်စားလျက်ရှိနေကြတာပါ။

skysports-atletico-madrid-kieran-trippier-4951442
IMAGE: GOAL

⚽ နယူးကာဆယ်နည်းပြသစ် အက်ဒီဝုဒ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်သလက်နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတ်ယ။ ၃၁ နှစ်အရွယ် ဝါရင့်နောက်ခံလူဟာ သူတို့အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်စေဖို့ ကူညီပေးနိုင်မယ်လို့ အက်ဒီဝုဒ်က တွေးထင်နေတာ ပါ။

skysports-richarlison-everton-5491905
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်နည်းပြ ဘင်နီတက်ဇ်က အဝါကတ် ၅ ကတ် ပြသခံရပြီးနောက် တစ်ပွဲပယ်ခံရတော့မဲ့ တိုက်စစ်မှူး ရီချာလီဆန်ကို စိတ်ခံစားချက်တွေ ထိန်းချုပ်ဖို့ သတိပေးလိုက်ပါတယ်။ လီဝင်မရှိချိန်မှာ ရီချာလီဆန်က အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း၊ သူ့အနေနဲ့ အဝါကတ် ၅ ကတ် ပြည့်သွားတာ စောလွန်းနေကြောင်း ဘင်နီတက်ဇ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

skysports-tomi-horvat-ns-mura-5595326
IMAGE: GOAL

⚽ စပါးကွင်းလယ်လူဟောင်း အိုဟာရာက ယူရိုကွန်ဖရင့်လိဂ်မှာ အရေးနိမ့်ခဲ့ပြီးနောက် စပါး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး အလီ၊ ဒါဗင်ချီ၊ အန်ဒွမ်ဘီလီ၊ ဒိုဟာသီတို့ဟာ စပါးဂျာစီမဝတ်သင့်တော့ကြောင်း၊ ဒါက နိုင်ပွဲရဖို့ လိုအပ်နေတဲ့ ဥရောပပွဲစဉ်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

sterling-barca-opinion
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအနေနဲ့ တိုက်စစ်ကစားသမား စတာလင်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ဆွေးနွေးလျက်ရှိနေပါတယ်။ တယ်လီၤဂရပ်ရဲ့ ဖော်ပြချက်အရ မန်စီးတီးအနေနဲ့ စတာလင်အတွက်ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်သွားမှာလို့ သိရပါတယ်။

[ZAWGYI]

2-Arsenal-training-pictures
IMAGE: GOAL

⚽ အာတီတာအေနနဲ႔ ဂႏၳ၀င္နညး္ျပႀကီး အာဆင္၀င္းဂါးကို ျပန္ေခၚမဲ့ အစီအစဥ္ကို မာတင္ကီအြန္က ေထာက္ခံခဲ့ၿပီး အာဆင္နယ္မိသားစုထဲ အာဆင္၀င္းဂါးကို ျပန္ေခၚဖို႔ အခ်ိန္တန္ၿပီျဖစ္ေၾကာငး္၊ အာဆင္၀င္းဂါးဟာ အာဆင္နယ္ကို အလြန္ျမတ္ႏိုးသူျဖစ္ေၾကာင္း၊ အာဆင္၀င္းဂါးအေနနဲ႔ အာဆင္နယ္ကေန ဘာေၾကာင့္ထြက္သြားသလဲဆုိတာ စဥ္းစားလို႔မရေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

gravenberch-ajax-barca
IMAGE: GOAL

⚽ လီဗာပူးအေနနဲ႔ စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္နဲ႔အၿပိဳင္ ေအဂ်က္ဇ္ကြင္းလယ္လူ ဂရာဗင္ဘတ္ခ်္ကို ေခၚယူသြားမွာ ျဖစ္ပါတယ္။ ၁၉ ႏွစ္အရြယ္ၾကယ္ပြင့္ရဲ႕ စာခ်ဳပ္ဟာ ေနာက္ဆံုး ၁၈ လထဲကိုေရာက္ရွိေနၿပီးလီဗာပူးက လက္ဦးမႈယူႏုိင္ဖို႔ ႀကိဳးပမ္းေနတာပါ။

Luis-Enrique
IMAGE: GOAL

⚽ စပိန္လက္ေရြးစင္နည္းျပ အင္းနရစ္အေနနဲ႔ သတင္းေတြ ထြက္ေပၚေနသလို မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဆက္သြယ္ေနျခင္းမရွိေၾကာ္း နာမည္ေက်ာ္ သတင္းေထာက္ ဖာဘရီဇီယိုက ေဖာ္ျပထားပါတယ။္အင္းနရစ္အေနနဲ႔ စပိန္နဲ႔ ကမာၻ႕ဖလားယွဥ္ၿပိဳင္ဖုိ႔ကိုသာ အာရုံစိုက္ထားတာပါ။

methode-sundaytimes-prod-web-bin-6381e3e6-3406-11ec-a1f1-3deca2439cf5
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကြင္းလယ္လူ မစ္ဆန္ေမာင့္အေနနဲ႔ အသင္းမွာသာ ေပ်ာ္ရႊင္လ်က္ရွိေနၿပီး ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းသစ္ ခ်ဳပ္ဆုိသြားမွာျဖစ္ေၾကာင္း Telegraph က ေဖာ္ျပထားပါတယ္။ လက္ရွိမွာမစ္ဆန္ေမာင့္ကိုဥေရာပထိပ္သီးကလပ္ေတြက အၿပိဳင္စိတ္၀င္စားလ်က္ရွိေနၾကတာပါ။

skysports-atletico-madrid-kieran-trippier-4951442
IMAGE: GOAL

⚽ နယူးကာဆယ္နည္းျပသစ္ အက္ဒီ၀ုဒ္အေနနဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အက္သလက္ေနာက္ခံလူ ထရစ္ပီယာကို ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမ္းလ်က္ရိွေနပါတ္ယ။ ၃၁ ႏွစ္အရြယ္ ၀ါရင့္ေနာက္ခံလူဟာ သူတုိ႔အသင္းကို တန္းဆင္းဇုန္ကေန လြတ္ေျမာက္ေစဖို႔ ကူညီေပးႏုိင္မယ္လုိ႔ အက္ဒီ၀ုဒ္က ေတြးထင္ေနတာ ပါ။

skysports-richarlison-everton-5491905
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္နည္းျပ ဘင္နီတက္ဇ္က အ၀ါကတ္ ၅ ကတ္ ျပသခံရၿပီးေနာက္ တစ္ပြဲပယ္ခံရေတာ့မဲ့ တိုက္စစ္မွဴး ရီခ်ာလီဆန္ကို စိတ္ခံစားခ်က္ေတြ ထိန္းခ်ဳပ္ဖို႔ သတိေပးလိုက္ပါတယ္။ လီ၀င္မရွိခ်ိန္မွာ ရီခ်ာလီဆန္က အသင္းအတြက္ အေရးပါတဲ့ ကစားသမားျဖစ္ေၾကာငး္၊ သူ႔အေနနဲ႔ အ၀ါကတ္ ၅ ကတ္ ျပည့္သြားတာ ေစာလြန္းေနေၾကာင္း ဘင္နီတက္ဇ္က ဆုိခဲ့တာ ျဖစ္ပါတယ္။

skysports-tomi-horvat-ns-mura-5595326
IMAGE: GOAL

⚽ စပါးကြင္းလယ္လူေဟာင္း အိုဟာရာက ယူရိုကြန္ဖရင့္လိဂ္မွာ အေရးနိမ့္ခဲ့ၿပီးေနာက္ စပါး ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ေ၀ဖန္ခဲ့ၿပီး အလီ၊ ဒါဗင္ခ်ီ၊ အန္ဒြမ္ဘီလီ၊ ဒိုဟာသီတုိ႔ဟာ စပါးဂ်ာစီမ၀တ္သင့္ေတာ့ေၾကာင္း၊ ဒါက ႏိုင္ပြဲရဖုိ႔ လိုအပ္ေနတဲ့ ဥေရာပပြဲစဥ္ျဖစ္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။

sterling-barca-opinion
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအေနနဲ႔ တုိက္စစ္ကစားသမား စတာလင္နဲ႔ စာခ်ဳပ္သက္တမ္း တုိးျမွင့္ႏိုင္ဖို႔ ေဆြးေႏြးလ်က္ရွိေနပါတယ္။ တယ္လီၤဂရပ္ရဲ႕ ေဖာ္ျပခ်က္အရ မန္စီးတီးအေနနဲ႔ စတာလင္အတြက္ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္သြားမွာလို႔ သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!