26-Nov-2021 နံနက်ခင်း သတင်းများ
[UNICODE]
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာကြယ်ပွင့် ပတ်ဒရီအနေနဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဒီဇင်ဘာလအထိ လွဲချော်ဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပွဲစဉ်တွေအများအပြားကစားခဲ့ရမှုက ပတ်ဒရီကို ကြံ့ခိုင်မှုပြဿနာဖြစ်ပေါ်စေတာလို့ သိရပါတယ်။
8942628d-1ef7-4848-87bb-3ba4f6c1d212
IMAGE: GOAL
⚽ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်ကို ချန်လှပ်ပြီး ဗန်ဒီဘတ်ချ်ကိုသာ ဦးစားပေးအသုံးပြုသင့်ကြောင်း၊ မန်ယူအနေနဲ့ နာမည်တွေကိုေ မ့ထားပြီးအသင်းအနိုင်ရဖို့အတွက်သာ ဦးစားပေးရမှာဖြစ်ကြောင်း၊ ဗန်ဒီဘတ်ချ်ဟာ ဖာနန်ဒက်စ်ထက်စာရင် ပွဲထွက်ခွင့်နဲ့ထိုက်တန်သူဖြစ်ကြောင်း တိုက်တွန်းခဲ့တာပါ။
16375230441803
IMAGE: GOAL
⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက သူ့အနေနဲ့ Ballon d’Or ဆုကို ပြင်သစ်ကစားသမားတွေကိုသာ ရရှိလိုကြောင်း၊ သူ့အနေနဲ့ ဘန်ဇီမာကို နှစ်သက်မှုရှိကြောင်း၊ ဒါပေမဲ့ မက်ဆီအနေနဲ့ အာဂျင်တီးနားနဲ့ကိုပါဖလားရရှိခဲ့ပြီးနောက် Ballon d’Or ဆုကိုရဖို့ထိုက်တန်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
E9u-Gk5-GUc-AAm-X4-C
IMAGE: GOAL
⚽ ဆီဗီးလ်အနေနဲ့ ရှက်တာဒိုးနက်ကြယ်ပွင့် Mudryk ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အဆိုပါ ၂၀ နှစ်အရွယ ်ကစားသမားအနေနဲ့ ရှက်တာဒိုးနက်မှာ နေရာရဖို့ ရုန်းကန်နေရပေမဲ့လည်း ဆီဗီးလ် အားကစားဒါရိုက်တာမွန်ချီက သူ့ရဲ့ခြေစွမ်းကို သဘောကျနေတာ ဖြစ်ပါတယ်။
Getty-Images-1354874464
IMAGE: GOAL
⚽ စပါးနည်းပြ ကွန်တီက ယူရိုကွန်ဖရင့်လိဂ်မှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့အပေါ် စိတ်ပျက်လျက်ရှိနေပြီး စပါးကိုမူလအနေအထားဆီ ပြန်လည်ခေါ်ဆောင်ဖို့ဆိုရင် အချိန်ယူရဦးမှာဖြစ်ကြောင်း၊ သူတို့ရဲ့ စွမ်းဆောင်ရည်ကဆိုးရွားခဲ့ကြောင်း၊ ဒီအချိန်မှာ စပါးရဲ့ အဆင့်အတန်းက မြင့်မားနေခြင်းမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
lacazette-friendly-v-tottenham
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ စီးရီးအေထိပ်သီးကလပ် အေစီမီလန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ လာကာဇက်ကို ရာသီကုန်မှာအလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတာပါ။
sport-preview-porro
IMAGE: GOAL
⚽ ရီးရဲမက်ဒရစ်အနေနဲ့ မန်စီးတီးလူငယ်ကြယ်ပွင့် ပေါ်ရိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ၂၂ နှစ်အရွယ် ကစားသမားဟာ စပို့တင်းမှာ အငှားနဲ့ ကစားလျက်ရှိနေပြီး ခြေစွမ်းပြလျက် ရှိနေပါတယ်။ ရီးရဲက သူ့ကို စိတ်ဝင်စားနေသလို စပို့တင်းကလည်း အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။
tuchel-pochettino
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် တူချယ်က ချဲလ်ဆီးက ခံစစ်ပိတ်ကစားတဲ့အသင်းလို့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ပြီး မိမိတို့အနေနဲ့ လူတွေပြောဆိုနေတဲ့အပေါ် မစိုးရိမ်ကြောင်း၊ ဘယ်သူဘာပြောပြော စိတ်ဝင်စားနေမှာမဟုတ်ဘဲ ကိုယ့်အလုပ်သာ အာရုံစိုက်သွားမယ်လို့ ဆိုခဲ့ပါတယ်။
[ZAWGYI]
3236208-66241428-2560-1440
IMAGE: GOAL
IMAGE: GOAL
⚽ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်ကို ချန်လှပ်ပြီး ဗန်ဒီဘတ်ခ်ျကိုသာ ဦးစားပေးအသုံးပြုသင့်ကြောင်း၊ မန်ယူအနေနဲ့ နာမည်တွေကိုေ မ့ထားပြီးအသင်းအနိုင်ရဖို့အတွက်သာ ဦးစားပေးရမှာဖြစ်ကြောင်း၊ ဗန်ဒီဘတ်ခ်ျဟာ ဖာနန်ဒက်စ်ထက်စာရင် ပွဲထွက်ခွင့်နဲ့ထိုက်တန်သူဖြစ်ကြောင်း တိုက်တွန်းခဲ့တာပါ။
16375230441803
IMAGE: GOAL
E9u-Gk5-GUc-AAm-X4-C
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
sport-preview-porro
IMAGE: GOAL
tuchel-pochettino
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!