26-Nov-2021 ပြဲၿပီးသံုးသပ္ခ်က္ႏွင့္ အေစာဆံုး သတင္းမ်ား

[UNICODE] မူရာ ၂-၁ စပါး

skysports-tomi-horvat-ns-mura-5595326
IMAGE: GOAL

စပါးအနေနဲ့ ကိန်း၊ အလီတို့ကို ထည့်သွင်းခဲ့ပေမဲ့ အံ့အားသင့်ဖွယ် ပုံစံမျိုးနဲ့ အဝေးကွင်းမှာ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။ အိမ်ရှင်မူရာက စပါးကို ရှိန်မနေဘဲ အကောင်းဆုံး တုံ့ပြန်ခဲ့ကာ ၁၁ မိနစ်မှာကတည်း ဦးဆောင်ဂို းသွင်းခဲ့ပါတယ်။ ၃၁ မိနစ်မှာကတည်း ဆက်ဆီနွန် အနီကတ်ထိခဲ့လို့ စပါးတို့ တစ်ယောက်လျှော့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ စပါးတို့ တိုက်စစ်မြှင့်ခဲ့ပြီး ကိန်းက ချေပဂိုး သွင်းခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာ အိမ်ရှင်အသင်းက အဖိုးတန်အနိုင်ဂိုး ရခဲ့ပါတယ်။

လက်စတာ ၃-၁ ဝါဆော

maxresdefault
IMAGE: GOAL

လက်စတာကတော့ နောက်တစ်ဆင့်အတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ပွဲဖြစ်တာကြောင့် သေချာအာရုံစိုက် ကစားသွားခဲ့ပါတယ်။ လက်စတာတို့ ပွဲစတာနဲ့တိုက်စစ်ကို အရှိန်အဟုန်မြှင့် ကစားခဲ့ပြီး ၃၃ မိနစ်မှာတင် ဒါကာ၊ မက်ဒီဆန်နဲ့ အန်ဒီဒီတို့က အနိုင်ဂိုး ၃ ဂိုးစလုံး သွင်းခဲ့ပြီးပါပြီ။ ဒုတိယပိုင်းမှာတော့ လက်စတာတို့ အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပါတယ်။

ရက်ပစ်ဝီယင် ဝ-၂ ဝက်စ်ဟမ်း

1637868112-lcimg-d46524f7-6264-4bcd-88f6-73e64307483c
IMAGE: GOAL

အမှတ်လိုအပ်ချက်မရှိတောေ့ပမဲ့ ဝက်စ်ဟမ်းကတော့ ယူရိုပါလိဂ်မှာ အကောင်းဆုံး အာရုံစိုက်ပြီး နိုင်ပွဲ ရှာဖွေနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ ဒီပွဲမှာ ဒီလန်ရိုက်အပါအဝင် အဓိက ကစားသမားတချိုကို အနားပေးခဲ့ပေမဲ့ရက်ပစ်ဝီယင်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အသာစီးကနေ ကစားပြီး ဂိုးတွေကိုတော့ ယာမိုလန်ကိုနဲ့ နိုဘယ်တို့က သွင်းပေးခဲ့ကြတာပါ။

Getty-Images-1236788624
IMAGE: GOAL

⚽ ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချပ်စ်ဟာ ကစားသမားဟောင်း ဟာဇက်ဟာ သူအတုယူရသူဖြစ်ကြောင်း၊ ဟာဇက်ရဲ့ ကစားပုံကိုကြည့်ရတာ အံ့အားသင့်ဖွယ်ကောင်းကြောင်း ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1345295432
IMAGE: GOAL

⚽ အာဆင်နယ်ကွင်းလယ်လူဟောုင်း ဝီလ်ရှိုင်းယားက သူ့အနေနဲ့ ဒီရာသီ အာဆင်နယ်အသင်းမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားလျက်ရှိနေပါတယ်။ အာဆင်နယ်မှာ ပြန်ကစားမလားလို့ အမေးခံခဲ့ရာမှာတော့ ဝီလ်ရှိုင်းယားက ငြင်းဆန်ခြင်း မပြုခဲ့တာပါ။ ဝီလ်ရှိုင်းယားအနေနဲ့ လက်ရှိမှာ အာဆင်နယ်ပထမအသင်းနဲ့ ပူးတွဲလေ့ကျင့်ခန်းဆင်းလျက်ရှိနေတာပါ။

https-bayernstrikes-com-wp-content-uploads-getty-images-2017-07-1232131769
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် အက်သကလ်တီကိုအနေနဲ့ ဘင်ဖီကာတိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ၂၂ နှစ်အရွယ် ကစားသမားကို ဥရောပထိပ်သီးကလပ်တွေက စိတ်ဝင်စားနေပြီး အက်သလက်သူ့ကို လက်ဦးမှုယူနိုင်ဖို့ ရေပန်းစားနေတာပါ။

RALF-MAIN
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ လိုက်ပဇစ်နည်းပြဟောင်း ရန်နက်စ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ၆၃ နှစ်အရွယ်ရှိနည်းပြအနေနဲ့ မန်ယူကို ရာသီကုန်အထိ ကိုင်တွယ်မှာဖြစ်ပြီး မန်ယူအနေနဲ့ အမြဲတမ်းနည်းပြနေရာအတွက် ရှာဖွေမှုတွေ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

thumbs-b-c-397cafa7e32d422bcee8d44bb7cb32e9
IMAGE: GOAL

⚽ စီးရီးအေထိပ်သီးကလပ် နာပိုလီက တိုက်စစ်မူှးမာတန့်စ်ကို စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုဖို့ရာ လစာလျှော့ယူဖို့ တောင်းဆိုထားပါတယ်။ နာပိုလီအနေနဲ့ ရာသီကုန်မှာ သက်တမ်း ကုန်ဆုံးမဲ့ မာတန့်စ်ကို သက်တမ်းတိုးလိုပေမဲ့ လက်ရှိလစာကိုတော့ ပေးချေဖို့ မတတ်နိုင်ဖြစ်နေတာပါ။

[ZAWGYI] မူရာ ၂-၁ စပါး

skysports-tomi-horvat-ns-mura-5595326
IMAGE: GOAL

စပါးအေနနဲ႔ ကိန္း၊ အလီတို႔ကို ထည့္သြင္းခဲ့ေပမဲ့ အံ့အားသင့္ဖြယ္ ပံုစံမ်ိဳးနဲ႔ အေ၀းကြင္းမွာ ရႈံးပြဲ ႀကံဳေတြ႕ခ့ဲရပါတယ္။ အိမ္ရွင္မူရာက စပါးကို ရွိန္မေနဘဲ အေကာင္းဆံုး တုံ႔ျပန္ခဲ့ကာ ၁၁ မိနစ္မွာကတည္း ဦးေဆာင္ဂို းသြင္းခဲ့ပါတယ္။ ၃၁ မိနစ္မွာကတည္း ဆက္ဆီႏြန္ အနီကတ္ထိခဲ့လို႔ စပါးတို႔ တစ္ေယာက္ေလွ်ာ့နဲ႔ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ စပါးတို႔ တုိက္စစ္ျမွင့္ခဲ့ၿပီး ကိန္းက ေခ်ပဂိုး သြင္းခဲ့ေပမဲ့ ေနာက္ဆံုးမိနစ္မွာ အိမ္ရွင္အသင္းက အဖိုးတန္အႏိုင္ဂိုး ရခဲ့ပါတယ္။

လက္စတာ ၃-၁ ၀ါေဆာ

maxresdefault
IMAGE: GOAL

လက္စတာကေတာ့ ေနာက္တစ္ဆင့္အတြက္ မျဖစ္မေန အႏိုင္ရဖုိ႔ လိုအပ္ေနတဲ့ပြဲျဖစ္တာေၾကာင့္ ေသခ်ာအာရုံစိုက္ ကစားသြားခဲ့ပါတယ္။ လက္စတာတုိ႔ ပြဲစတာနဲ႔တိုက္စစ္ကို အရွိန္အဟုန္ျမွင့္ ကစားခဲ့ၿပီး ၃၃ မိနစ္မွာတင္ ဒါကာ၊ မက္ဒီဆန္နဲ႔ အန္ဒီဒီတို႔က အႏုိင္ဂိုး ၃ ဂိုးစလံုး သြင္းခဲ့ၿပီးပါၿပီ။ ဒုတိယပိုင္းမွာေတာ့ လက္စတာတုိ႔ အႏိုင္ရလဒ္ကို ထိန္းကစားခဲ့ပါတယ္။

ရက္ပစ္၀ီယင္ ၀-၂ ၀က္စ္ဟမ္း

1637868112-lcimg-d46524f7-6264-4bcd-88f6-73e64307483c
IMAGE: GOAL

အမွတ္လိုအပ္ခ်က္မရွိေတာေ့ပမဲ့ ၀က္စ္ဟမ္းကေတာ့ ယူရိုပါလိဂ္မွာ အေကာင္းဆံုး အာရုံစိုက္ၿပီး ႏုိင္ပြဲ ရွာေဖြႏို္င္ခဲ့ပါတယ္။ ၀က္စ္ဟမ္းအေနနဲ႔ ဒီပြဲမွာ ဒီလန္ရိုက္အပါအ၀င္ အဓိက ကစားသမားတခ်ိဳကို အနားေပးခဲ့ေပမဲ့ရက္ပစ္၀ီယင္ကို ေဘာလံုးပိုင္ဆိုင္မႈအသာနဲ႔ အသာစီးကေန ကစားၿပီး ဂိုးေတြကုိေတာ့ ယာမိုလန္ကိုနဲ႔ ႏိုဘယ္တုိ႔က သြင္းေပးခဲ့ၾကတာပါ။

Getty-Images-1236788624
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကြင္းလယ္လူ ေလာ့တပ္ခ်ပ္စ္ဟာ ကစားသမားေဟာင္း ဟာဇက္ဟာ သူအတုယူရသူျဖစ္ေၾကာငး္၊ ဟာဇက္ရဲ႕ ကစားပံုကိုၾကည့္ရတာ အံ့အားသင့္ဖြယ္ေကာင္းေၾကာင္း ထုတ္ေဖာ္ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1345295432
IMAGE: GOAL

⚽ အာဆင္နယ္ကြင္းလယ္လူေဟာုင္း ၀ီလ္ရိႈင္းယားက သူ႔အေနနဲ႔ ဒီရာသီ အာဆင္နယ္အသင္းမွာ ျပန္ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ထားလ်က္ရွိေနပါတယ္။ အာဆင္နယ္မွာ ျပန္ကစားမလားလို႔ အေမးခံခဲ့ရာမွာေတာ့ ၀ီလ္ရိႈင္းယားက ျငင္းဆန္ျခင္း မျပဳခဲ့တာပါ။ ၀ီလ္ရိႈင္းယားအေနနဲ႔ လက္ရွိမွာ အာဆင္နယ္ပထမအသင္းနဲ႔ ပူးတြဲေလ့က်င့္ခန္းဆင္းလ်က္ရွိေနတာပါ။

https-bayernstrikes-com-wp-content-uploads-getty-images-2017-07-1232131769
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ အက္သကလ္တီကိုအေနနဲ႔ ဘင္ဖီကာတုိက္စစ္မွဴး ႏူနက္ဇ္ကို ေခၚယူဖို႔ ႀကိဳးပမ္းလ်က္ ရိွေနပါတယ္။ ၂၂ ႏွစ္အရြယ္ ကစားသမားကို ဥေရာပထိပ္သီးကလပ္ေတြက စိတ္၀င္စားေနၿပီး အက္သလက္သူ႔ကို လက္ဦးမႈယူႏုိင္ဖုိ႔ ေရပန္းစားေနတာပါ။

RALF-MAIN
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လိုက္ပဇစ္နည္းျပေဟာငး္ ရန္နက္စ္ကို ယာယီနည္းျပအျဖစ္ ခန္႔အပ္ဖုိ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ ၆၃ ႏွစ္အရြယ္ရွိနည္းျပအေနန႔ဲ မန္ယူကို ရာသီကုန္အထိ ကိုင္တြယ္မွာျဖစ္ၿပီး မန္ယူအေနနဲ႔ အၿမဲတမ္းနည္းျပေနရာအတြက္ ရွာေဖြမႈေတြ ျပဳလုပ္ဦးမွာ ျဖစ္ပါတယ္။

thumbs-b-c-397cafa7e32d422bcee8d44bb7cb32e9
IMAGE: GOAL

⚽ စီးရီးေအထိပ္သီးကလပ္ နာပိုလီက တုိက္စစ္မဴွးမာတန္႔စ္ကို စာခ်ဳပ္သစ္ တုိးျမွင့္ခ်ဳပ္ဆုိဖုိ႔ရာ လစာေလွ်ာ့ယူဖို႔ ေတာင္းဆုိထားပါတယ္။ နာပိုလီအေနနဲ႔ ရာသီကုန္မွာ သက္တမ္း ကုန္ဆုံးမဲ့ မာတန္႔စ္ကို သက္တမ္းတုိးလိုေပမဲ့ လက္ရွိလစာကိုေတာ့ ေပးေခ်ဖုိ႔ မတတ္ႏုိင္ျဖစ္ေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!