25-Nov-2021 ညပုိင္း သတင္းမ်ား

[UNICODE]

9afe6a7a-96f3-331c-ab97-867d6cbdcbb7-850
IMAGE: GOAL

⚽ IFFHS ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မူှး လီဝန်ဒေါစကီးက ရရှိသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ ရမှတ် ၁၅၀ မှတ်ရရှိခဲ့ပြီး မက်ဆီ (၁၀၅ မှတ်)၊ ဂျော်ဂျင်ဟို (၄၀မှတ်)တို့ကိုေ ကျာ်ဖြတ်တာ ရရှိခဲ့တာပါ။ လီဝန်ဒေါစကီးအနေနဲ့ အဆိုပါဆုကို ၂ ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

07960490-0a7b-11ec-8288-b1fd501328e7
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ကွင်းလယ်လူ ဘာကလေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းတောင်းဆိုထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ၂၇ နှစ်အရွယ်ကွင်းလယ်လူကို လာမဲ့ရာသီမှာထွက်ခွာခွင့်ပြုမှာဖြစ်ပြီး သူ့ကို နယူးကာဆယ်၊ လိဒ်စ်နဲ့ ဘန်လေတို့က စိတ်ဝင်စားနေကြပါတယ်။

FE9-xyj-Xo-AEMy5z
IMAGE: GOAL

⚽ အေဂျက်ဇ်ဂိုးသမား အိုနာနာအနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပါတယ်။ လက်ရှိမှာ အိုနာနာကို ခေါ်ယူဖို့ စီးရီးအေကလပ် အင်တာမီလန်က သဘောတူညီမှု ရရှိထားကြောင်းလည်း သိရပါတယ်။

harry-maguire-1q6nq1vnk147z1jzir87ltxilg
IMAGE: GOAL

⚽ နယ်သာလန် ကစားသမားဟောင်း ဂူလစ်ကတော့ မန်ယူရဲ့ ကွင်းလယ်လူ တွမ်မီနေးနဲ့ မက်ဂွဲရားတို့ကို ဝေဖန်ခဲ့ပါတယ်။ ဘာဖန်တီးမှုမှ မပြုလုပ်နိုင်တဲ့ သူတို့နှစ်ယောက် ဘောလုံး ကိုင်ကစားတာက မှားယွင်းကြောင်း၊မန်ယူရဲ့ ပြဿနာက အဲဒါဖြစ်ကြောင်း ဂူလစ်က ဝေဖန်ခဲ့ပါတယ်။

Raphinha-Leeds-United-1
IMAGE: GOAL

⚽ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာက သူ့အနေနဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း၊ နည်းပြ ဘီယက်ဆာက တောင်းဆိုမှု မြင့်မားကြောင်း၊ နည်းပြအနေနဲ့ မိမိတို့ကိုပရော်ဖက်ရှင်နယ်ဆန်အောင် ကူညီပေးနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ronald-araujo-fc-barcelona
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ နောက်ခံလူ အာရူဂျိုကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ပြင်ဆင်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ဘာစီနည်းပြသစ်ဇာဗီအနေနဲ့ အာရူဂျိုကို သဘောကျလျက်ရှိပြီး လာမဲ့ ရက်သတ္တပတ်အတွင်း သက်တမ်းတိုးမြှင့်နိုင်ဖွယ် ရှိနေပါတယ်။

Vlahovic1
IMAGE: GOAL

⚽ စီးရီးအေကလပ် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်အနေနဲ့ ဆောင်းရာသီဈေးကွက်မှာတော့ အသင်းကနေ ထွက်ခွာဦးမှာ မဟုတ်သေးပါဘူး။ ဗလာဟိုဗစ်အနေနဲ့ ဖီအိုရင်တီးနားကို ဒီရာသီ ဥရောပဝင်ခွင့်ရရှိအောင် ကူညီပေးသွားမှာဖြစ်ပြီး ရာသီကုန်ချိန်ရောက်မှသာ ထွက်ဖွာဖွယ် ရှိနေတာပါ။

Wenger
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးကို အသင်းကိုပြန်လည်ခေါ်ဆောင်ဖို့ လုပ်ဆောင်လျက်ရှိနေကြောင်း၊ အာဆင်ဝင်းဂါးနဲ့သူ့အကြားဆက်သွယ်မှုရှိကြောင်း၊ အာဆင်ဝင်းဂါးအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လာမလဲဆိုတာ အခုအချိန်မှာ မပြောနိုင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

9afe6a7a-96f3-331c-ab97-867d6cbdcbb7-850
IMAGE: GOAL

⚽ IFFHS ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ဘုိင္ယန္ျမဴးနစ္တုိက္စစ္မဴွး လီ၀န္ေဒါစကီးက ရရွိသြားခဲ့ပါတယ္။ လီ၀န္ေဒါစကီးအေနနဲ႔ ရမွတ္ ၁၅၀ မွတ္ရရွိခဲ့ၿပီး မက္ဆီ (၁၀၅ မွတ္)၊ ေဂ်ာ္ဂ်င္ဟို (၄၀မွတ္)တုိ႔ကိုေ က်ာ္ျဖတ္တာ ရရွိခဲ့တာပါ။ လီ၀န္ေဒါစကီးအေနနဲ႔ အဆုိပါဆုကို ၂ ႀကိမ္ေျမာက္ ရရွိခဲ့တာ ျဖစ္ပါတယ္။

07960490-0a7b-11ec-8288-b1fd501328e7
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအေနနဲ႔ ကြင္းလယ္လူ ဘာကေလအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၄ သန္းေတာင္းဆုိထားပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ၂၇ ႏွစ္အရြယ္ကြင္းလယ္လူကို လာမဲ့ရာသီမွာထြက္ခြာခြင့္ျပဳမွာျဖစ္ၿပီး သူ႔ကို နယူးကာဆယ္၊ လိဒ္စ္နဲ႔ ဘန္ေလတုိ႔က စိတ္၀င္စားေနၾကပါတယ္။

FE9-xyj-Xo-AEMy5z
IMAGE: GOAL

⚽ ေအဂ်က္ဇ္ဂိုးသမား အုိနာနာအေနနဲ႔ ရာသီကုန္မွာ အသငး္ကေန ထြက္ခြာမွာျဖစ္ပါတယ္။ လက္ရွိမွာ အိုနာနာကို ေခၚယူဖို႔ စီးရီးေအကလပ္ အင္တာမီလန္က သေဘာတူညီမႈ ရရွိထားေၾကာင္းလည္း သိရပါတယ္။

harry-maguire-1q6nq1vnk147z1jzir87ltxilg
IMAGE: GOAL

⚽ နယ္သာလန္ ကစားသမားေဟာင္း ဂူလစ္ကေတာ့ မန္ယူရဲ႕ ကြင္္းလယ္လူ တြမ္မီေနးနဲ႔ မက္ဂဲြရားတုိ႔ကို ေ၀ဖန္ခဲ့ပါတယ္။ ဘာဖန္တီးမႈမွ မျပဳလုပ္ႏုိင္တဲ့ သူတုိ႔ႏွစ္ေယာက္ ေဘာလံုး ကိုင္ကစားတာက မွားယြင္းေၾကာင္း၊မန္ယူရဲ႕ ျပႆနာက အဲဒါျဖစ္ေၾကာင္း ဂူလစ္က ေ၀ဖန္ခဲ့ပါတယ္။

Raphinha-Leeds-United-1
IMAGE: GOAL

⚽ လိဒ္စ္ယူႏုိက္တက္ေတာင္ပံကစားသမား ရာဖင္ဟာက သူ႔အေနနဲ႔ အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏုိင္မယ္လုိ႔ ယံုၾကည္ေၾကာင္း၊ နည္းျပ ဘီယက္ဆာက ေတာင္းဆိုမႈ ျမင့္မားေၾကာင္း၊ နည္းျပအေနနဲ႔ မိမိတို႔ကိုပေရာ္ဖက္ရွင္နယ္ဆန္ေအာင္ ကူညီေပးေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ronald-araujo-fc-barcelona
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာအေနနဲ႔ ေနာက္ခံလူ အာရူဂ်ိဳကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ဖုိ႔ ျပင္ဆင္လ်က္ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ဘာစီနညး္ျပသစ္ဇာဗီအေနနဲ႔ အာရူဂ်ိဳကို သေဘာက်လ်က္ရွိၿပီး လာမဲ့ ရက္သတၱပတ္အတြင္း သက္တမ္းတုိးျမွင့္ႏုိင္ဖြယ္ ရွိေနပါတယ္။

Vlahovic1
IMAGE: GOAL

⚽ စီးရီးေအကလပ္ ဖီအုိရင္တီးနားတုိက္စစ္မွဴး ဗလာဟိုဗစ္အေနနဲ႔ ေဆာင္းရာသီေစ်းကြက္မွာေတာ့ အသင္းကေန ထြက္ခြာဦးမွာ မဟုတ္ေသးပါဘူး။ ဗလာဟိုဗစ္အေနနဲ႔ ဖီအုိရင္တီးနားကို ဒီရာသီ ဥေရာပ၀င္ခြင့္ရရွိေအာင္ ကူညီေပးသြားမွာျဖစ္ၿပီး ရာသီကုန္ခ်ိန္ေရာက္မွသာ ထြက္ဖြာဖြယ္ ရွိေနတာပါ။

Wenger
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နညး္ျပ အာတီတာက သူ႔အေနနဲ႔ ဂႏၳ၀င္နညး္ျပႀကီး အာဆင္၀င္းဂါးကို အသင္းကိုျပန္လည္ေခၚေဆာင္ဖုိ႔ လုပ္ေဆာင္လ်က္ရွိေနေၾကာင္း၊ အာဆင္၀င္းဂါးနဲ႔သူ႔အၾကားဆက္သြယ္မႈရွိေၾကာင္း၊ အာဆင္၀င္းဂါးအေနနဲ႔ ဘယ္လိုပံုစံမ်ိဳးနဲ႔ ျပန္လာမလဲဆုိတာ အခုအခ်ိန္မွာ မေျပာႏုိင္ေသးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!