25-Nov-2021 Tea Break သတင္းမ်ား

[UNICODE]

5c6bd403430446006a1ca3339913bcbd6d81d549
IMAGE: GOAL

⚽ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂိုးသမားလီနိုကို အသင်းကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း၊ The Athletic က ဖော်ပြထားပါတယ်။ ရမ်ဒေးလ်ရောက်လာခဲ့ပြီးနောက် လီနိုအနေနဲ့ လက်ရှိမှာ အရန်ဂိုးသမားအဖြစ်သာ ကစားခွင့်ရနေတာ ဖြစ်ပါတယ်။

a887c6ac142bb2deec90cf854ea007ee5f57e4a1
IMAGE: GOAL

⚽ လက်စတာနည်းပြ ရော်ဂျာက သူ့အနေနဲ့ မန်ယူအသင်းကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်းတွေကို ထပ်မံငြင်းဆန်သွားခဲ့ပြီး ဒါတွေက ကောလာဟလတွေသာဖြစ်ကြောင်း၊ မန်ယူအနေနဲ့ အမြဲတမ်းနည်းပြမထွက်ခင်အထိကောလာဟလတွေ ထွက်နေမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

attila-szalai-el-nuevo-objetivo-de-la-premier-league
IMAGE: GOAL

⚽ ချဲလ်ဆီးအနေနဲ့ ပစ်မှတ်ထားနေတဲ့ ဖီနာဘာချီကြယ်ပွင့်နောက်ခံလူ Attila Szalaiကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေဆဲဖြစ်ကြောင်း Football Insider က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ရူဒီဂါ၊ ခရစ္စတန်ဆန်တို့ကိုလက်လွှတ်ရမဲ့ အနေအထားမှာ ပေါင် ၁၀ သန်းသာ ရရှိနိုင်မဲ့ Szalai ကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

erling-haaland-hands-bvb
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်းဖာဒီနန်က လီဗာပူးအနေနဲ့ လာမဲ့နွေရာသီမှာ ဒေါ့မွန်တိုက်စစ်မူှးဟာလးန်းကို ခေါ်ယူနိုင်ဖို့ တိုက်တွန်းခဲ့ပါတ်ယ။ “ကျွန်တော်သာ လီဗာပူးနည်းပြဆိုရင် ဟာလန်းကို ခေါ်လိုက်မှာပါ။ ဟာလန်းအနေနဲ့ လီဗာပူးမှာ အထိုင်ကျဖို့ ခက်မယ်မထင်ပါဘူး”လို့ ဖာဒီနန်က ဆိုခဲ့တာပါ။

Messi-Kimpembe-GFX
IMAGE: GOAL

⚽ ပီအက်စ်ဂျီနောက်ခံလူ ကင်ဘတ်ပီက မန်စီးတီးကို အရေးနိမ့်ခဲ့မှုအပေါ် ကာကွယ်ခဲ့ပြီး ဒီရှုံးပွဲက သူတို့ရဲ့ နာမည်ကျော် ကစားသမားတွေကြောင့် မဟုတ်ကြောင်း၊ သူတို့ဒီထက်ပိုပြီး ကောင်းမွန်အောင်စွမ်းဆောင်နိုင်သေးကြောင်း၊ သူတို့အနေနဲ့ ဒီလိုရှုံးပွဲမျိုးကို ကြိုက်နှစ်သက်ခြင်း မရှိကြောင်း ဆိုခဲ့ပါတယ်။

newcastle-mbappe
IMAGE: GOAL

⚽ အာဆင်နယ် ကစားသမားဟောင်း ပီတစ်ကတော့ ပီအက်စ်ဂျီတိုက်စစ်မူှး အမ်ဘာပေအနေနဲ့ နယူးကာဆယ်အသင်းကို အလွယ်တကူ ပြောင်းလာနိုင်ကြောင်း၊ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ကြောင်း၊ အမ်ဘာပေဟာ ရီးရဲကိုပြောင်းဖို့ စိတ်ဝင်စားနေပေမဲ့ အဆုံးသတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Pep-Guardiola-Man-City-F365
IMAGE: GOAL

⚽ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပီအက်စ်ဂျီကိုအ နိုင်ရရှိခဲ့တဲ့ပွဲက စွမ်းဆောင်ရည်အတွက် ကျေနပ်မိကြောင်း၊ ပီအက်စ်ဂျီအနေနဲ့ ဂိုးသွင်းအပြီး ၅ မိနစ်အကြာ ပွဲကို အပြတ်ဖြတ်နိုင်ဖို့ကြိုးပမ်းခဲ့ပေမဲ့ အဆုံးမသတ်နိုင်ခဲ့ကြောင်း၊ မိမိတို့ဟာ အလွန်ကောင်းမွန်တဲ့ ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

West-Bromwich-Albion-v-Crystal-Palace-Premier-Le-75908127cfec2307e95bc9be00b3bfb2
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ ်စပါးအနေနဲ့ ဝက်စ်ရွန်းဂိုးသမားဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့အတွက် ချိတ်ဆက်လျက်ရှိုနေတာ ဖြစ်ပါတယ်။ Football Insider ရဲ့ ဖော်ပြချက်အရ စပါးအနေနဲ့ လိုရစ်ရဲ့ နေရာမှာ အစားထိုးဖို့ဂိုးသမားသစ် ရှာဖွေနေတာပါ။

[ZAWGYI]

5c6bd403430446006a1ca3339913bcbd6d81d549
IMAGE: GOAL

⚽ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နညး္ျပ အာတီတာအေနနဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ဂိုးသမားလီႏိုကို အသင္းကေန ထြက္ခြာခြင့္ျပဳမွာ မဟုတ္ေၾကာင္း၊ The Athletic က ေဖာ္ျပထားပါတယ္။ ရမ္ေဒးလ္ေရာက္လာခဲ့ၿပီးေနာက္ လီႏိုအေနနဲ႔ လက္ရွိမွာ အရန္ဂိုးသမားအျဖစ္သာ ကစားခြင့္ရေနတာ ျဖစ္ပါတယ္။

a887c6ac142bb2deec90cf854ea007ee5f57e4a1
IMAGE: GOAL

⚽ လက္စတာနညး္ျပ ေရာ္ဂ်ာက သူ႔အေနနဲ႔ မန္ယူအသင္းကို ကုိင္တြယ္မယ္ဆုိတဲ့ သတင္းေတြကို ထပ္မံျငငး္ဆန္သြားခဲ့ၿပီး ဒါေတြက ေကာလာဟလေတြသာျဖစ္ေၾကာင္း၊ မန္ယူအေနနဲ႔ အၿမဲတမ္းနည္းျပမထြက္ခင္အထိေကာလာဟလေတြ ထြက္ေနမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

attila-szalai-el-nuevo-objetivo-de-la-premier-league
IMAGE: GOAL

⚽ ခ်ဲလ္ဆီးအေနနဲ႔ ပစ္မွတ္ထားေနတဲ့ ဖီနာဘာခ်ီၾကယ္ပြင့္ေနာက္ခံလူ Attila Szalaiကို ေခၚယူဖုိ႔ ႀကိဳးပမ္းလ်က္ရွိေနဆဲျဖစ္ေၾကာင္း Football Insider က ေဖာ္ျပထားပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ရူဒီဂါ၊ ခရစၥတန္ဆန္တုိ႔ကိုလက္လႊတ္ရမဲ့ အေနအထားမွာ ေပါင္ ၁၀ သန္းသာ ရရွိႏုိင္မဲ့ Szalai ကို ေခၚယူလိုေနတာ ျဖစ္ပါတယ္။

erling-haaland-hands-bvb
IMAGE: GOAL

⚽ မန္ယူေနာက္ခံလူေဟာင္းဖာဒီနန္က လီဗာပူးအေနနဲ႔ လာမဲ့ေႏြရာသီမွာ ေဒါ့မြန္တုိက္စစ္မဴွးဟာလးန္းကို ေခၚယူႏုိင္ဖုိ႔ တုိက္တြန္းခဲ့ပါတ္ယ။ “ကၽြန္ေတာ္သာ လီဗာပူးနညး္ျပဆုိရင္ ဟာလန္းကို ေခၚလိုက္မွာပါ။ ဟာလန္းအေနနဲ႔ လီဗာပူးမွာ အထိုင္က်ဖို႔ ခက္မယ္မထင္ပါဘူး”လို႔ ဖာဒီနန္က ဆုိခဲ့တာပါ။

Messi-Kimpembe-GFX
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီေနာက္ခံလူ ကင္ဘတ္ပီက မန္စီးတီးကို အေရးနိမ့္ခဲ့မႈအေပၚ ကာကြယ္ခဲ့ၿပီး ဒီရႈံးပြဲက သူတုိ႔ရဲ႕ နာမည္ေက်ာ္ ကစားသမားေတြေၾကာင့္ မဟုတ္ေၾကာင္း၊ သူတုိ႔ဒီထက္ပိုၿပီး ေကာင္းမြန္ေအာင္စြမ္းေဆာင္ႏုိင္ေသးေၾကာင္း၊ သူတုိ႔အေနနဲ႔ ဒီလိုရႈံးပြဲမ်ိဳးကို ႀကိဳက္ႏွစ္သက္ျခင္း မရွိေၾကာင္း ဆုိခဲ့ပါတယ္။

newcastle-mbappe
IMAGE: GOAL

⚽ အာဆင္နယ္ ကစားသမားေဟာငး္ ပီတစ္ကေတာ့ ပီအက္စ္ဂ်ီတုိက္စစ္မဴွး အမ္ဘာေပအေနနဲ႔ နယူးကာဆယ္အသင္းကို အလြယ္တကူ ေျပာင္းလာႏုိင္ေၾကာငး္၊ ေဘာလံုးမွာက ဘာမဆုိျဖစ္ႏုိင္ေၾကာင္း၊ အမ္ဘာေပဟာ ရီးရဲကိုေျပာင္းဖုိ႔ စိတ္၀င္စားေနေပမဲ့ အဆံုးသတ္မွာ ဘာျဖစ္လာမလဲဆုိတာ မသိႏုိင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Pep-Guardiola-Man-City-F365
IMAGE: GOAL

⚽ မန္စီးတီးနညး္ျပ ဂြါဒီယိုလာက ပီအက္္စ္ဂ်ီကိုအ ႏဳိင္ရရွိခဲ့တဲ့ပြဲက စြမ္းေဆာင္ရည္အတြက္ ေက်နပ္မိေၾကာငး္၊ ပီအက္စ္ဂ်ီအေနနဲ႔ ဂိုးသြင္းအၿပီး ၅ မိနစ္အၾကာ ပြဲကို အျပတ္ျဖတ္ႏုိ္င္ဖို႔ႀကိဳးပမး္ခဲ့ေပမဲ့ အဆံုးမသတ္ႏုိင္ခဲ့ေၾကာင္း၊ မိမိတို႔ဟာ အလြန္ေကာင္းမြန္တဲ့ ထိပ္တန္းစြမ္းေဆာင္ရည္ကို ျပသႏုိင္ခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

West-Bromwich-Albion-v-Crystal-Palace-Premier-Le-75908127cfec2307e95bc9be00b3bfb2
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ ္စပါးအေနနဲ႔ ၀က္စ္ရြန္းဂိုးသမားဆမ္ဂၽြန္စတုန္းကို ေခၚယူဖုိ႔အတြက္ ခ်ိတ္ဆက္လ်က္ရွိုေနတာ ျဖစ္ပါတယ္။ Football Insider ရဲ႕ ေဖာ္ျပခ်က္အရ စပါးအေနနဲ႔ လိုရစ္ရဲ႕ ေနရာမွာ အစားထုိးဖုိ႔ဂိုးသမားသစ္ ရွာေဖြေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!