25-Nov-2021 ပရီးမီးယားလိဂ္ သတင္းမ်ား

[UNICODE]

01fna18xhk2wd8135hrg
IMAGE: GOAL

⚽ လီဗာပူးနည်းပြကလော့က ပေါ်တိုကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အလွန်ကောင်းမွန်တဲ့အရာတွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ သီယာဂိုရဲ့သွင်းဂိုး အံ့အားသင့်ဖွယ်ကောင်းသလို ကစားသမားတွေရဲ့ ယုံကြည်ချက်ကလည်းအားရစရာကောင်းကြောင်း ဆိုခဲ့ပါတယ်။

497fdb0e922edf650b217de56cf84105-XL
IMAGE: GOAL

⚽ စပါးနည်းပြ ကွန်တီက နောက်ခံလူ ရိုမီရိုရဲ့ ဒဏ်ရာအခြေအနေဟာ ဆိုးရွားမှုရှိကြောင်း၊ ရိုမီရိုအနေနဲ့ ဘယ်အချိန်ပြန်ကောင်းလာမလဲဆိုတာ အတိအကျ မသိသေးဘဲ ဆရာဝန်ရဲ့ စစ်ဆေးချက်ကိုစောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဇန်နဝါရီမှာ သူ့နေရာအတွက် အားဖြည့်သွားမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

3973
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆွေးနွေးနေတာဖြစ်ပြီး အခြေအနေကောင်းလျက် ရှိနေပါတယ်။ ချဲလ်ဆီးအနေနဲ့ ဆေးလ်ဗားကို ၂၀၂၃ခုနှစ်အထိ သက်တမ်းတိုးခွင့်ရှိနေတာပါ။

1576071656-346280-1576074323-noticia-normal-recorte1
IMAGE: GOAL

⚽ ကစားသမားဟောင်းတွေ ပြန်လည် ခေါ်ယူတတ်တဲ့ မန်ချက်စတာတို့ ခေါ်သင့်တဲ့ ကစားသမားဟောင်းမှာ ဆိုးလ်ရှား၊ ကာရစ်တို့မဟုတ်ဘဲ ဗန်ဒါးဆားသာဖြစ်ကြောင်း၊ မန်ယူ ကစားသမားဟောင်းတွေကိုနည်းပြနေရာအတွက် မလိုအပ်ကြောင်း၊ မန်ယူအနေနဲ့ စီအီးအိုနေရာအတွက် အက်ဝုဒ်ဝက်နေရာမှာ ဗန်ဒါးဆားရဲ့ အစားထိုးသင့်ကြောင်း Daily Mail က ဆောင်းပါးရှင်တစ်ဦးက မှတ်ချက်ပြုထားပါတယ်။

cp824tnmrhltatgcgqpb
IMAGE: GOAL

⚽ အာဆင်နယ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ချားလက်စ်ဝက်ကတော့ အရည်အသွေးမြင့်လူငယ်ကြယ်ပွင့် ပါတီနိုအနေနဲ့ ဆန်းဒါးလန်းနဲ့ ယှဉ်ပြိုင်မဲ့ ကာရာဘောင်ပွဲစဉ်မှာ စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရဖွယ်ရှိနေကြောင်း ဖော်ပြထားပါတယ်။ လာမဲ့ရာသီမှာ ပါတီနိုအနေနဲ့ ပထမအသင်းကို လုံးဝရောက်လာနိုင်တယ်လို့လည်း သူက ဆိုထားပါတယ်။

FA90y-WUVg-Awm1-Ky
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအနေနဲ့ အိုလံပီယာကော့စ်ကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့အတွက် စောင့်ကြည့်လျက်ရှိနေကြောင်း The Sun က ဖော်ပြထားပါတယ်။ ၂၀ နှစ်အရွယ် ကစားသမားဟာ ဂရိမှာခြေစွမ်းကောင်းတွေ ပြသထားပြီး သူ့ကို လက်စတာနဲ့ နယူးကာဆယ်တို့ကလည်း စောင့်ကြည့်နေပါတယ်။

skysports-man-city-bernardo-5594496
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မျာ အုပ်စုဗိုလ်နေရာကနေ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီးနောက် စံချိန်မှတ်တမ်းကောင်းတစ်ခု စိုက်ထူနိုင်ခဲ့ပါတ်။ဒါကတော့ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာမန်ယူပြီးနောက် အုပ်စုဗိုလ်အဖြစ် ၅ နှစ်ဆက် ရပ်တည်နိုင်တဲ့ ဒုတိယမြောက် အင်္ဂလန်အသင်း ဖြစ်လာခဲ့တာပါ။

traore
IMAGE: GOAL

⚽ ဝုဖ်အနေနဲ့ ဥရောပထိပ်သီးအသင်းတချို့ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ တောင်ပံကစားသမား ထရာအိုရေးကို ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ဝုဖ်အနေနဲ့ ဟွမ်ဟီချန်ကို ခေါ်ယူရာမှာ ဘတ်ဂျက်ရအောင်လို့ အသင်းမှာမနေချင်တော့တဲ့ ထရာအိုရေးကို ရောင်းချပြီး ငွေရှာသွားမှာပါ။

[ZAWGYI]

01fna18xhk2wd8135hrg
IMAGE: GOAL

⚽ လီဗာပူးနညး္ျပကေလာ့က ေပၚတုိကို အႏဳိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ အလြန္ေကာင္းမြန္တဲ့အရာေတြ ျဖစ္ေပၚခဲ့ေၾကာငး္၊ သီယာဂိုရဲ႕သြင္းဂိုး အံ့အားသင့္ဖြယ္ေကာင္းသလို ကစားသမားေတြရဲ႕ ယံုၾကည္ခ်က္ကလည္းအားရစရာေကာင္းေၾကာင္း ဆုိခဲ့ပါတယ္။

497fdb0e922edf650b217de56cf84105-XL
IMAGE: GOAL

⚽ စပါးနညး္ျပ ကြန္တီက ေနာက္ခံလူ ရုိမီရိုရဲ႕ ဒဏ္ရာအေျခအေနဟာ ဆုိးရြားမႈရွိေၾကာင္း၊ ရိုမီရိုအေနနဲ႔ ဘယ္အခ်ိန္ျပန္ေကာင္းလာမလဲဆုိတာ အတိအက် မသိေသးဘဲ ဆရာ၀န္ရဲ႕ စစ္ေဆးခ်က္ကိုေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း၊ ဒါေပမဲ့ ဇန္န၀ါရီမွာ သူ႔ေနရာအတြက္ အားျဖည့္သြားမွာ မဟုတ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

3973
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအေနနဲ႔ ၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားကို စာခ်ဳပ္သက္တမ္း တုိးျမွင့္ဖုိ႔ ေဆြးေႏြးေနတာျဖစ္ၿပီး အေျခအေနေကာငး္လ်က္ ရွိေနပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ေဆးလ္ဗားကို ၂၀၂၃ခုႏွစ္အထိ သက္တမ္းတုိးခြင့္ရွိေနတာပါ။

1576071656-346280-1576074323-noticia-normal-recorte1
IMAGE: GOAL

⚽ ကစားသမားေဟာင္းေတြ ျပန္လည္ ေခၚယူတတ္တဲ့ မန္ခ်က္စတာတို႔ ေခၚသင့္တဲ့ ကစားသမားေဟာင္းမွာ ဆုိးလ္ရွား၊ ကာရစ္တုိ႔မဟုတ္ဘဲ ဗန္ဒါးဆားသာျဖစ္ေၾကာငး္၊ မန္ယူ ကစားသမားေဟာင္းေတြကိုနညး္ျပေနရာအတြက္ မလိုအပ္ေၾကာင္း၊ မန္ယူအေနနဲ႔ စီအီးအိုေနရာအတြက္ အက္၀ုဒ္၀က္ေနရာမွာ ဗန္ဒါးဆားရဲ႕ အစားထုိးသင့္ေၾကာင္း Daily Mail က ေဆာင္းပါးရွင္တစ္ဦးက မွတ္ခ်က္ျပဳထားပါတယ္။

cp824tnmrhltatgcgqpb
IMAGE: GOAL

⚽ အာဆင္နယ္သတင္းေထာက္တစ္ဦးျဖစ္တဲ့ ခ်ားလက္စ္၀က္ကေတာ့ အရည္အေသြးျမင့္လူငယ္ၾကယ္ပြင့္ ပါတီႏိုအေနနဲ႔ ဆန္းဒါးလန္းနဲ႔ ယွဥ္ၿပိဳင္မဲ့ ကာရာေဘာင္ပြဲစဥ္မွာ စီနီယာအသင္းအတြက္ ပထမဆံုးပြဲထြက္ခြင့္ရဖြယ္ရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။ လာမဲ့ရာသီမွာ ပါတီႏိုအေနနဲ႔ ပထမအသင္းကို လံုး၀ေရာက္လာႏုိင္တယ္လို႔လည္း သူက ဆုိထားပါတယ္။

FA90y-WUVg-Awm1-Ky
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအေနနဲ႔ အိုလံပီယာေကာ့စ္ကြင္းလယ္လူ ကာမာရာကို ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္လ်က္ရွိေနေၾကာင္း The Sun က ေဖာ္ျပထားပါတယ္။ ၂၀ ႏွစ္အရြယ္ ကစားသမားဟာ ဂရိမွာေျခစြမ္းေကာင္းေတြ ျပသထားၿပီး သူ႔ကို လက္စတာနဲ႔ နယူးကာဆယ္တုိ႔ကလည္း ေစာင့္ၾကည့္ေနပါတယ္။

skysports-man-city-bernardo-5594496
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအေနနဲ႔ ခ်န္ပီယံလိဂ္မ်ာ အုပ္စုဗိုလ္ေနရာကေန ေနာက္တစ္ဆင့္တက္ေရာက္ႏုိင္ခဲ့ၿပီးေနာက္ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခု စိုက္ထူႏုိင္ခဲ့ပါတ္။ဒါကေတာ့ မန္စီးတီးအေနနဲ႔ ခ်န္ပီယံလိ္ဂ္မွာမန္ယူၿပီးေနာက္ အုပ္စုဗုိလ္အျဖစ္ ၅ ႏွစ္ဆက္ ရပ္တည္ႏုိင္တဲ့ ဒုတိယေျမာက္ အဂၤလန္အသင္း ျဖစ္လာခဲ့တာပါ။

traore
IMAGE: GOAL

⚽ ၀ုဖ္အေနနဲ႔ ဥေရာပထိပ္သီးအသင္းတခ်ိဳ႕ စိတ္၀င္စားေနတဲ့ သူတို႔ရဲ႕ ေတာင္ပံကစားသမား ထရာအိုေရးကို ေရာင္းခ်သြားေတာ့မွာ ျဖစ္ပါတယ္။ ၀ုဖ္အေနနဲ႔ ဟြမ္ဟီခ်န္ကို ေခၚယူရာမွာ ဘတ္ဂ်က္ရေအာင္လုိ႔ အသင္းမွာမေနခ်င္ေတာ့တဲ့ ထရာအုိေရးကို ေရာင္းခ်ၿပီး ေငြရွာသြားမွာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!