25-Nov-2021 ခ်န္ပီယံလိဂ္ပြဲၿပီးသံုးသပ္ခ်က္ႏွင့္ အေစာဆံုးသတင္းမ်ား

[UNICODE] မန်စီးတီး ၂-၁ ပီအက်စ်ဂျီ

06c55168-46f3-42af-beee-5336666f3898
IMAGE: GOAL

ဥရောပထိပ်သီးအသင်းကြီးတွေဆိုပေမဲ့ ကစားပုံချင်းက အဆင့်အတန်း ကွာခြားလွန်းလှပါတယ်။ ဒုတိယပိုင်း စစချင်း အငိုက်မိပြီး အမ်ဘာပေ သွင်းသွားတဲ့ဂိုးပေးလိုက်ရတာကလွဲရင် မန်စီးတီးက အဖက်ဖက်က သာခဲ့ပြီး ပြည့်စုံတဲ့ ပွဲတစ်ပွဲကို ဖန်တီးခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ ကမ္ဘာ့ဈေးအကြီးဆုံး တိုက်စစ်အတွဲကလည်း ဘယ်နားလိုက်ရှာရမှန်းမသိအောင် ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ ၃ ယောက်တွဲလုံးတွေက ဘာမှန်းမသိသလိုတစ်ဦးချင်းစွမ်းရည်လည်း မပြနိုင်ခဲ့ပါတယ်။ ဒုတိယအစမှာ အမ်ဘာပေ ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ မန်စီးတီးက စိတ်ရှည်ရှည်နဲ့ တိုက်စစ်ဆင်ခဲ့ပြီးစတာလင်နဲ့ ဂျေဇူးတို့က လိုအပ်နေတဲ့ဂိုးတွေ သွင်းပေးခဲ့ပါတယ်။

အင်တာမီလန် ၂-၀ ရှက်တာဒိုးနက်

3259754-66712348-2560-1440
IMAGE: GOAL

အင်တာမီလန်ကတော့ လိုအပ်နေတဲ့ နိုင်ပွဲကို တည်တည်ငြိမ်ငြိမ်ရယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှက်တာဒိုးနက်ရဲ့ တုံ့ပြန်ပုံ ကောင်းမှုကြောင့် အင်တာအနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ အင်တာ တိုက်စစ်နဲ့ ကွင်းလယ် ချိတ်ဆက်ပုံအားနည်းခဲ့ပြီး ဂိုးရဖို့ ရုန်းကန်ခဲ့ရကာ ရှက်တာဒိုးနက်ကတောင် ဘောလုံးပိုင်ဆိုင်မှုသာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အင်တာတို့ တိုက်စစ်ကိုအရှိန်မြှင့်တင်လာခဲ့ပြီးနောက် ရှက်တာနောက်တန်း ပြိုလဲခဲ့ရပြီး ဒီဇီကိုတစ်ဦးတည်းက ဂိုးနှစ်ဂိုးစလုံးကို သွင်းပေးခဲ့တာပါ။

စပို့တင်း ၃-၁ ဒေ့ါမွန်

gettyimages-1236779066
IMAGE: GOAL

နာမည်ကြီးဒေါ့မွန်တို့ကတော့ ပေါ်တူဂီမြေမှာ စပို့တင်းကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမဲ့ တိုက်စစ်က ထိရော်ကခဲ့ခြင်း မရှိပါဘူး။ ဟာလန်းမပါတာ ဒီလို အဆုံးအဖြတ်ပွဲမျိုးမှာ သိသာခဲ့ပြီး မာလန်းက အားကိုးမရခဲ့ပါဘူး။ စပို့တင်းကတော့ ခံစစ်ပိတ်ကစားရင်းနဲ့ပဲ ရရှိလာတဲ့ တန်ပြန်တိုက်စစ်တွေကို အကောင်းဆုံး အသုံးချခဲ့ပြီး အနိုင်ဂိုးတွေသွင်းခဲ့တာပါ။ ၇၄ မိနစ်မှာ အမ်မရီကန် အထုတ်ခံရပြီးနောက် ဒေ့ါမွန် ဘယ်လိုမှ ပြန်မလာနိုင်တော့ဘဲ နောက်ဆုံးမိနစ်မှာ မာလန်းသွင်းခဲ့တဲ့ ချေပဂိုးတစ်ဂိုးသာ ပြန်ရခဲ့ပါတယ်။

အက်သလက် ဝ-၁ အေစီ

maxresdefault
IMAGE: GOAL

တစ်ဖက်မှာ ပေါ်တိုအနေနဲ့ လီဗာပူးနဲ့ တွေ့ဆုံနေချိန်မှာ အိမ်ကွင်းမှာ နိုင်ပွဲမရခဲ့တာ အက်သလက်အတွက် နစ်နာလွန်းခဲ့ပါတယ်။ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းတို့နဲ့ ပွဲထွက်လာတဲ့ အက်သလက်တိုက်စစ်ကို အေစီက အကောင်းဆုံး ထိန်းချုပ်ခဲ့ပြီး အခွင့်အရေး လုံးဝမပေးခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ အက်သလက်တို့ အနည်းငယ် ပေါ့လျှော့သွားမှုကို အေစီက အခွင့်အကောင်းယူကာ ၈၇ မိနစ်မှာ Messias က အဖိုးတန်အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒီဂိုးကြောင့် အေစီဟာ ရမှတ် ၄ မှတ်ရရှိပြီး မျှော်လင့်ချက်ပြန်လည်ရှင်သန်လာခဲ့ရပါတယ်။

လီဗာပူး ၂-၀ ပေါ်တို

P2021-11-24-Liverpool-Porto-35-600x400
IMAGE: GOAL

လီဗာပူးတို့အနေနဲ့ အမှတ်မလိုတော့ပေမဲ့ မာနေး၊ ဆာလတ်တို့ကို ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းးမှာတော့ လီဗာပူးတို့ ကစားပုံ လျော့ရဲခဲ့ပြီး ပေါ်တိုကို အခွင့်အရေးပေးခဲ့ပါသေးတယ်။ ပေါ်တိုတို့ ဂိုးရဖို့ကြိုးပမ်းခဲ့ပေမဲ့ တိုက်စစ်ပိုင်းက မထိရောက်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ပေါ်တိုတို့ ကစားအားကျခဲ့ရပြီး လီဗာပူးတို့ တိုက်စစ်မြှင့်ခဲ့ကာ သီယာဂိုနဲ့ ဆာလတ်တို့က လှလှပပနဲ့ အနိုင်ဂိုးကိုယ်စီ သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အက်သလက်ရှုံးခဲ့လို့ ပေါ်တို သက်သာရာရခဲ့ပါတယ်။

ရှရစ် ဝ-၃ ရီးရဲ

real-madrid-de60801
IMAGE: GOAL

ရီးရဲမက်ဒရစ်အနေနဲ့လည်း အမှားခံခြင်း မရှိခဲ့ကာ လိုအပ်တဲ့ နိုင်ပွဲရယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ရီးရဲဟာ ၄-၃-၃ ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး ဗင်နီးဆီးယက်စ်၊ ဘန်ဇီမာနဲ့ ရိုဒရီဂိုတို့ကို တိုက်စစ်မှာတွဲပေးခဲ့ပါတယ်။ မာကျောလှပါတယ်ဆိုတဲ့ ရှရစ်ဟာ အရေးအကြောင်းကြုံချိန်မှာတော့ သမ္ဘာပိုင်းက စကားပြောခဲ့ပြီး ရီးရဲကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ရီးရဲကလည်း ပွဲကို စိတ်ကြိုက်စိုးမိုးသွားခဲ့ပြီး ဂိုးတွေကိုတော့ အလာဘာ၊ တိုနီခရူးစ်နဲ့ ဘန်ဇီမာတို့က သွင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

PRI-211696363
IMAGE: GOAL

⚽ မန်ယူတိုက်စစ်မူှးဟောင်းဆာဟာက မန်ယူယာယီနည်းပြ ကာရစ်ဟာ နည်းပြပိုင်းနဲ့ ပတ်သက်ရင် အရည်အသွေးကောင်းတွေ ရှိနေကြောင်း၊ အနာဂတ်မှာ ကာရစ်မှာနည်းပြတစ်ယောက်အဖြစ် မြင်တွေ့ရနိုင်ကြောင်း၊ လက်ရှိမှာ ကာရစ်အနေနဲ့ အကောင်းဆုံးသင်ယူမှုတွေပြုလုပ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Getty-Images-1236755716
IMAGE: GOAL

⚽ မက်မာနာမန်က ချဲလ်ဆီးနည်းပြတူချယ်အတွက်က ကစားသမားတွေအားလုံးကို ပျော်ရွှင်အောင် ထားနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း၊ လက်ရှိချဲလ်ဆီးမှာ ကစားသမားတိုင်းကို ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ကျေနပ်အောင်ပြုလုပ်နိုင်ဖို့က ခက်ခဲကြောင်း ဆိုခဲ့ပါတယ်။

[ZAWGYI] မန္စီးတီး ၂-၁ ပီအက္စ္ဂ်ီ

06c55168-46f3-42af-beee-5336666f3898
IMAGE: GOAL

ဥေရာပထိပ္သီးအသင္းႀကီးေတြဆုိေပမဲ့ ကစားပံုခ်င္းက အဆင့္အတန္း ကြာျခားလြန္းလွပါတယ္။ ဒုတိယပိုင္း စစခ်င္း အငိုက္မိၿပီး အမ္ဘာေပ သြင္းသြားတဲ့ဂိုးေပးလိုက္ရတာကလြဲရင္ မန္စီးတီးက အဖက္ဖက္က သာခဲ့ၿပီး ျပည့္စံုတဲ့ ပြဲတစ္ပြဲကို ဖန္တီးခဲ့ပါတယ္။ ပီအက္စ္ဂ်ီမွာ ကမာၻ႕ေစ်းအႀကီးဆံုး တုိက္စစ္အတြဲကလည္း ဘယ္နားလိုက္ရွာရမွန္းမသိေအာင္ ေပ်ာက္ခ်က္သားေကာင္းေနခဲ့ပါတယ္။ ၃ ေယာက္တြဲလံုးေတြက ဘာမွန္းမသိသလိုတစ္ဦးခ်င္းစြမ္းရည္လည္း မျပႏုိင္ခဲ့ပါတယ္။ ဒုတိယအစမွာ အမ္ဘာေပ ဦးေဆာင္ဂိုးသြင္းခဲ့ေပမဲ့ မန္စီးတီးက စိတ္ရွည္ရွည္နဲ႔ တုိက္စစ္ဆင္ခဲ့ၿပီးစတာလင္နဲ႔ ေဂ်ဇူးတုိ႔က လိုအပ္ေနတဲ့ဂိုးေတြ သြင္းေပးခဲ့ပါတယ္။

အင္တာမီလန္ ၂-၀ ရွက္တာဒိုးနက္

3259754-66712348-2560-1440
IMAGE: GOAL

အင္တာမီလန္ကေတာ့ လိုအပ္ေနတဲ့ ႏုိင္ပြဲကို တည္တည္ၿငိမ္ၿငိမ္ရယူၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ရွက္တာဒိုးနက္ရဲ႕ တုံ႔ျပန္ပံု ေကာင္းမႈေၾကာင့္ အင္တာအေနနဲ႔ ခက္ခက္ခဲခဲ ရုန္းကန္ခဲ့ရပါတယ္။ အင္တာ တုိက္စစ္နဲ႔ ကြင္းလယ္ ခ်ိတ္ဆက္ပံုအားနည္းခဲ့ၿပီး ဂိုးရဖုိ႔ ရုန္းကန္ခဲ့ရကာ ရွက္တာဒိုးနက္ကေတာင္ ေဘာလံုးပိုင္ဆုိင္မႈသာခဲ့ပါတယ္။ ဒုတိယပိုင္းမွာ အင္တာတို႔ တုိက္စစ္ကိုအရိွန္ျမွင့္တင္လာခဲ့ၿပီးေနာက္ ရွက္တာေနာက္တန္း ၿပိဳလဲခဲ့ရၿပီး ဒီဇီကိုတစ္ဦးတည္းက ဂိုးႏွစ္ဂိုးစလံုးကို သြင္းေပးခဲ့တာပါ။

စပို႔တင္း ၃-၁ ေဒ့ါမြန္

gettyimages-1236779066
IMAGE: GOAL

နာမည္ႀကီးေဒါ့မြန္တုိ႔ကေတာ့ ေပၚတူဂီေျမမွာ စပို႔တင္းကို အေရးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိဂ္ကေန လက္ျပႏႈတ္ဆက္ခဲ့ရၿပီ ျဖစ္ပါတယ္။ ေဒါ့မြန္ဟာ ေဘာလံုးပိုင္ဆုိင္မႈ အသာစီးယူႏုိင္ခဲ့ေပမဲ့ တုိက္စစ္က ထိေရာ္ကခဲ့ျခင္း မရွိပါဘူး။ ဟာလန္းမပါတာ ဒီလို အဆံုးအျဖတ္ပြဲမ်ိဳးမွာ သိသာခဲ့ၿပီး မာလန္းက အားကိုးမရခဲ့ပါဘူး။ စပို႔တင္းကေတာ့ ခံစစ္ပိတ္ကစားရင္းနဲ႔ပဲ ရရွိလာတဲ့ တန္ျပန္တိုက္စစ္ေတြကို အေကာင္းဆံုး အသံုးခ်ခဲ့ၿပီး အႏုိင္ဂိုးေတြသြင္းခဲ့တာပါ။ ၇၄ မိနစ္မွာ အမ္မရီကန္ အထုတ္ခံရၿပီးေနာက္ ေဒ့ါမြန္ ဘယ္လိုမွ ျပန္မလာႏုိင္ေတာ့ဘဲ ေနာက္ဆံုးမိနစ္မွာ မာလန္းသြင္းခဲ့တဲ့ ေခ်ပဂိုးတစ္ဂိုးသာ ျပန္ရခဲ့ပါတယ္။

အက္သလက္ ၀-၁ ေအစီ

maxresdefault
IMAGE: GOAL

တစ္ဖက္မွာ ေပၚတိုအေနနဲ႔ လီဗာပူးနဲ႔ ေတြ႕ဆံုေနခ်ိန္မွာ အိမ္ကြင္းမွာ ႏုိင္ပြဲမရခဲ့တာ အက္သလက္အတြက္ နစ္နာလြန္းခဲ့ပါတယ္။ ဆြာရက္ဇ္၊ ဂရစ္ဇ္မန္းတို႔နဲ႔ ပြဲထြက္လာတဲ့ အက္သလက္တုိက္စစ္ကို ေအစီက အေကာင္းဆံုး ထိန္းခ်ဳပ္ခဲ့ၿပီး အခြင့္အေရး လံုး၀မေပးခဲ့ပါဘူး။ ပြဲၿပီးခါနီးမွာ အက္သလက္တို႔ အနညး္ငယ္ ေပါ့ေလွ်ာ့သြားမႈကို ေအစီက အခြင့္အေကာင္းယူကာ ၈၇ မိနစ္မွာ Messias က အဖိုးတန္အႏိုင္ဂိုးသြင္းေပးခဲ့ပါတယ္။ ဒီဂိုးေၾကာင့္ ေအစီဟာ ရမွတ္ ၄ မွတ္ရရွိၿပီး ေမွ်ာ္လင့္ခ်က္ျပန္လည္ရွင္သန္လာခဲ့ရပါတယ္။

လီဗာပူး ၂-၀ ေပၚတုိ

P2021-11-24-Liverpool-Porto-35-600x400
IMAGE: GOAL

လီဗာပူးတုိ႔အေနနဲ႔ အမွတ္မလိုေတာ့ေပမဲ့ မာေနး၊ ဆာလတ္တုိ႔ကို ထည့္သြင္းခဲ့ပါတယ္။ ဒါေပမဲ့ ပထမပိုုငး္းမွာေတာ့ လီဗာပူးတုိ႔ ကစားပံု ေလ်ာ့ရဲခဲ့ၿပီး ေပၚတိုကို အခြင့္အေရးေပးခဲ့ပါေသးတယ္။ ေပၚတိုတုိ႔ ဂိုးရဖို႔ႀကိဳးပမ္းခဲ့ေပမဲ့ တုိက္စစ္ပိုင္းက မထိေရာက္ခဲ့ပါဘူး။ ဒုတိယပိုင္းမွာေတာ့ ေပၚတုိတုိ႔ ကစားအားက်ခဲ့ရၿပီး လီဗာပူးတို႔ တုိက္စစ္ျမွင့္ခဲ့ကာ သီယာဂိုနဲ႔ ဆာလတ္တုိ႔က လွလွပပနဲ႔ အႏုိင္ဂိုးကိုယ္စီ သြင္းေပးခဲ့ပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာ အက္သလက္ရႈံးခဲ့လို႔ ေပၚတုိ သက္သာရာရခဲ့ပါတယ္။

ရွရစ္ ၀-၃ ရီးရဲ

real-madrid-de60801
IMAGE: GOAL

ရီးရဲမက္ဒရစ္အေနနဲ႔လည္း အမွားခံျခင္း မရွိခဲ့ကာ လိုအပ္တဲ့ ႏုိင္ပြဲရယူၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ရီးရဲဟာ ၄-၃-၃ ပုံစံနဲ႔ ပြဲထြက္ခဲ့ၿပီး ဗင္နီးဆီးယက္စ္၊ ဘန္ဇီမာနဲ႔ ရိုဒရီဂိုတုိ႔ကို တိုက္စစ္မွာတြဲေပးခဲ့ပါတယ္။ မာေက်ာလွပါတယ္ဆုိတဲ့ ရွရစ္ဟာ အေရးအေၾကာင္းႀကံဳခ်ိန္မွာေတာ့ သမာၻပိုင္းက စကားေျပာခဲ့ၿပီး ရီးရဲကို ဘယ္လိုမွ မယွဥ္ႏုိင္ခဲ့ပါဘူး။ ရီးရဲကလည္း ပြဲကို စိတ္ႀကိဳက္စိုးမိုးသြားခဲ့ၿပီး ဂိုးေတြကိုေတာ့ အလာဘာ၊ တုိနီခရူးစ္နဲ႔ ဘန္ဇီမာတုိ႔က သြင္းေပးခဲ့ၾကတာ ျဖစ္ပါတယ္။

PRI-211696363
IMAGE: GOAL

⚽ မန္ယူတိုက္စစ္မဴွးေဟာင္းဆာဟာက မန္ယူယာယီနည္းျပ ကာရစ္ဟာ နည္းျပပိုင္းနဲ႔ ပတ္သက္ရင္ အရည္အေသြးေကာင္းေတြ ရွိေနေၾကာင္း၊ အနာဂတ္မွာ ကာရစ္မွာနည္းျပတစ္ေယာက္အျဖစ္ ျမင္ေတြ႕ရႏုိင္ေၾကာင္း၊ လက္ရွိမွာ ကာရစ္အေနနဲ႔ အေကာင္းဆံုးသင္ယူမႈေတြျပဳလုပ္ေနေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Getty-Images-1236755716
IMAGE: GOAL

⚽ မက္မာနာမန္က ခ်ဲလ္ဆီးနည္းျပတူခ်ယ္အတြက္က ကစားသမားေတြအားလံုးကို ေပ်ာ္ရႊင္ေအာင္ ထားႏုိင္ဖုိ႔က ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္ေၾကာင္း၊ လက္ရွိခ်ဲလ္ဆီးမွာ ကစားသမားတုိင္းကို ပြဲထြက္ခြင့္နဲ႔ ပတ္သက္ၿပီး ေက်နပ္ေအာင္ျပဳလုပ္ႏုိင္ဖုိ႔က ခက္ခဲေၾကာင္း ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!