အားနည်းသူ ဖေးမကူခြင်း မရှိခဲ့ဘဲ အန်ဖီးလ်မှာ အညှာအတာကင်းမဲ့ခဲ့တဲ့ လီဗာပူး (လီဗာပူး ၂-၀ ပေါ်တို ပွဲပြီးသုံးသပ်ချက် အပြည့်အစုံ)

[UNICODE] လီဗာပူး ၂-၀ ပေါ်တို

liverpool-fc-v-fc-porto-group-b-uefa-champions-league-1-scaled
IMAGE: GOAL

လီဗာပူးကတော့ ရမှတ်လိုအပ်ချက် မရှိပေမဲ့ ဆာလတ်၊ မာနေးတို့ကို ပွဲထုတ်ခဲ့ပြီး မီနာမီနိုနဲ့ တွဲပေးခဲ့ကာ ကွင်းလယ်မှာတော့ ချန်ဘာလိန်၊ သီယာဂိုတို့နဲ့အတူ လူငယ်ကြယ်ပွင့်လေး မော်တွန်ကို အသုံးပြုခဲ့ပါတယ်။ ပေါ်တိုကလည်း အရေးပါတဲ့ပွဲစဉ်ဖြစ်လို့ သူတို့ရဲ့ အတောင့်တင်းဆုံးလူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့တာပါ။

6925fb7dece61e4e976a9bcfe63b47ed
IMAGE: GOAL

နောက်တစ်ဆင့်အတွက် အမှတ်လိုအပ်ချက်ပြင်းထန်နေတဲ့ ပေါ်တိုဟာ ပွဲစတယ်ဆိုတာနဲ့ လီဗာပူးနဲ့ အထနှေးမှုကိုအခွင့်အရေးယူပြီး လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ဒါပေမဲ့ ပေါ်တိုရဲ့တိုက်စစ်ဆင်ချက်တွေက မထိရောက်ခဲ့ပါဘူး။

1637778415-346767-1637785683-noticia-normal-recorte1
IMAGE: GOAL

အမှတ်မလိုတော့တဲ့ လီဗာပူးကတော့ ပွဲကိုသက်သောင့်သက်သာနဲ့ ကစားခဲ့ပြီး ပေါ်တိုနဲ့ လုပ်ပွဲညှိ ကစားသသလားလို့တောင် ပထမပိုင်းမှာ ထင်မှတ်ခဲ့ရတာပါ။ လီဗာပူးတိုက်စစ်မှာ မီနာမီနိုက ခြေမပေါ်ခဲ့ပါဘူး။ ၃၈မိနစ်မှာ လီဗာပူးအတွက် မာနေးက ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ VAR က ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် ပထမပိုင်းဟာ ဂိုးမရှိ သရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

0-Liverpool-FC-v-FC-Porto-Group-B-UEFA-Champions-League
IMAGE: GOAL

ဒုတိယပိုင်းမှာတော့ လီဗာပူးတို့ တိုက်စစ်မြှင့်တင်လာခဲ့ပြီး ၅၂ မိနစ်မှာ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို သီယာဂိုက အဝေးကနေ လှလှပပ ပိတ်သွင်းယူခဲ့တာပါ။ အဲဒီနောက် ပေါ်တိုတို့ ကစားအားကျဆင်းသွားခဲ့ရပြီး လီဗာပူးကပဲ ပွဲကို စိုးမိုးထားနိုင်ခဲ့ကာ တိုက်စစ်ဆင်နေခဲ့ပါတယ်။

liverpool-fc-v-fc-porto-group-b-uefa-champions-league-6-min-scaled
IMAGE: GOAL

မိနစ် ၇၀ မှာ လီဗာပူးတို့ အနိုင်သေချောစေမဲ့ ဒုတိယမြောက်ဂိုးရခဲ့ပြီး နောက်တန်းက တိုက်ရိုက်ကန်တင်ပေးမှုကို ဆာလတ်က ဟန်ဒါဆန်နဲ့ ဝမ်းတူးရိုက်ကာ ပေါ်တိုနောက်တန်းကို လှလှပပ ကျော်ဖြတ်ရင်း ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း လီဗာပူးတို့ ဆာလတ်၊ မာနေးတို့ကို လူစားလဲခဲ့ပြီး အနားပေးခဲ့ကာပွဲကိုထိန်းချုပ်ရင်း ဒီရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ တစ်ဖက်မှာ အက်သလက်ကလည်း အရေးနိမ့်ခဲ့လို့ပေါ်တိုကံကောင်းခဲ့ပြီး နောက်တစ်ဆင့်အတွက် မျှော်လင့်ချက ်အပြည့်အဝရှိနေဆဲ ဖြစ်ပါတယ်။

liverpool-fc-v-fc-porto-group-b-uefa-champions-league-9-scaled
IMAGE: GOAL

ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူးဆာလတ်အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ သွင်းဂိုး ၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဆာလတ်က ၂၀၁၇-၁၈ ရာသီက ဖာမီနိုရဲ့ စံချိန်ကိုလိုက်မီသွားခဲ့ပြီး ချန်ပီယံလိဂ်တစ်ရာသီအတွင်း အုပ်စုအဆင့်မှာဂိုးသွင်းအများဆုံး လီဗာပူး ကစားသမားအဖြစ် ပူးတွဲရပ်တည်နေခဲ့ပါတယ်။

[ZAWGYI] လီဗာပူး ၂-၀ ေပၚတို

liverpool-fc-v-fc-porto-group-b-uefa-champions-league-1-scaled
IMAGE: GOAL

လီဗာပူးကေတာ့ ရမွတ္လိုအပ္ခ်က္ မရိွေပမဲ့ ဆာလတ္၊ မာေနးတို႔ကို ပြဲထုတ္ခဲ့ၿပီး မီနာမီႏိုနဲ႔ တြဲေပးခဲ့ကာ ကြင္းလယ္မွာေတာ့ ခ်န္ဘာလိန္၊ သီယာဂိုတုိ႔နဲ႔အတူ လူငယ္ၾကယ္ပြင့္ေလး ေမာ္တြန္ကို အသံုးျပဳခဲ့ပါတယ္။ ေပၚတိုကလည္း အေရးပါတဲ့ပြဲစဥ္ျဖစ္လုိ႔ သူတုိ႔ရဲ႕ အေတာင့္တင္းဆံုးလူစာရင္းနဲ႔ပဲ ပြဲထြက္လာခဲ့တာပါ။

6925fb7dece61e4e976a9bcfe63b47ed
IMAGE: GOAL

ေနာက္တစ္ဆင့္အတြက္ အမွတ္လိုအပ္ခ်က္ျပင္းထန္ေနတဲ့ ေပၚတုိဟာ ပြဲစတယ္ဆုိတာနဲ႔ လီဗာပူးနဲ႔ အထေႏွးမႈကိုအခြင့္အေရးယူၿပီး လ်င္လ်င္ျမန္ျမန္ တုိက္စစ္ဆင္ ကစားခဲ့ပါတယ္။ ဒါေပမဲ့ ေပၚတုိရဲ႕တုိက္စစ္ဆင္ခ်က္ေတြက မထိေရာက္ခဲ့ပါဘူး။

1637778415-346767-1637785683-noticia-normal-recorte1
IMAGE: GOAL

အမွတ္မလိုေတာ့တဲ့ လီဗာပူးကေတာ့ ပြဲကိုသက္ေသာင့္သက္သာနဲ႔ ကစားခဲ့ၿပီး ေပၚတုိနဲ႔ လုပ္ပြဲညွိ ကစားသသလားလို႔ေတာင္ ပထမပိုင္းမွာ ထင္မွတ္ခဲ့ရတာပါ။ လီဗာပူးတိုက္စစ္မွာ မီနာမီႏိုက ေျခမေပၚခဲ့ပါဘူး။ ၃၈မိနစ္မွာ လီဗာပူးအတြက္ မာေနးက ဦးေဆာင္ဂိုး သြင္းခဲ့ေပမဲ့ VAR က ခြင့္မျပဳခဲ့ပါဘူး။ ဒါေၾကာင့္ ပထမပိုင္းဟာ ဂိုးမရွိ သေရနဲ႔ပဲ ၿပီးဆံုးခဲ့ပါတယ္။

0-Liverpool-FC-v-FC-Porto-Group-B-UEFA-Champions-League
IMAGE: GOAL

ဒုတိယပိုင္းမွာေတာ့ လီဗာပူးတုိ႔ တုိက္စစ္ျမွင့္တင္လာခဲ့ၿပီး ၅၂ မိနစ္မွာ အဖြင့္ဂိုးရခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ ဖရီးကစ္ကေန ျပန္လွ်ံထြက္လာတဲ့ ေဘာလံုးကို သီယာဂိုက အေ၀းကေန လွလွပပ ပိတ္သြင္းယူခဲ့တာပါ။ အဲဒီေနာက္ ေပၚတုိတို႔ ကစားအားက်ဆင္းသြားခဲ့ရၿပီး လီဗာပူးကပဲ ပြဲကို စိုးမိုးထားႏုိင္ခဲ့ကာ တုိက္စစ္ဆင္ေနခဲ့ပါတယ္။

liverpool-fc-v-fc-porto-group-b-uefa-champions-league-6-min-scaled
IMAGE: GOAL

မိနစ္ ၇၀ မွာ လီဗာပူးတို႔ အႏဳိင္ေသေခ်ာေစမဲ့ ဒုတိယေျမာက္ဂိုးရခဲ့ၿပီး ေနာက္တန္းက တုိက္ရိုက္ကန္တင္ေပးမႈကို ဆာလတ္က ဟန္ဒါဆန္နဲ႔ ၀မ္းတူးရိုက္ကာ ေပၚတိုေနာက္တန္းကို လွလွပပ ေက်ာ္ျဖတ္ရင္း ပိတ္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း လီဗာပူးတုိ႔ ဆာလတ္၊ မာေနးတုိ႔ကို လူစားလဲခဲ့ၿပီး အနားေပးခဲ့ကာပြဲကိုထိိန္းခ်ဳပ္ရင္း ဒီရလဒ္နဲ႔ပဲ ပြဲၿပီးဆံုးခဲ့ပါတယ္။ တစ္ဖက္မွာ အက္သလက္ကလည္း အေရးနိမ့္ခဲ့လုိ႔ေပၚတုိကံေကာင္းခဲ့ၿပီး ေနာက္တစ္ဆင့္အတြက္ ေမွ်ာ္လင့္ခ်က ္အျပည့္အ၀ရွိေနဆဲ ျဖစ္ပါတယ္။

liverpool-fc-v-fc-porto-group-b-uefa-champions-league-9-scaled
IMAGE: GOAL

ဒီပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ လီဗာပူးတိုက္စစ္မွဴးဆာလတ္အေနနဲ႔ ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ သြင္းဂိုး ၆ ဂိုးအထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆာလတ္က ၂၀၁၇-၁၈ ရာသီက ဖာမီႏုိရဲ႕ စံခ်ိန္ကိုလိုက္မီသြားခဲ့ၿပီး ခ်န္ပီယံလိဂ္တစ္ရာသီအတြင္း အုပ္စုအဆင့္မွာဂိုးသြင္းအမ်ားဆံုး လီဗာပူး ကစားသမားအျဖစ္ ပူးတြဲရပ္တည္ေနခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!