မန်ချက်စတာမှာ လာပိတ်နေတဲ့ ပဲရစ်ဘတ်စ်ကားကို မှတ်သားလောက်အောင် ဆော်လိုက်တဲ့ မိုးပြာရောင်သင်္ဘောကြီး (မန်စီးတီး ၂-၁ ပီအက်စ်ဂျီပွဲပြီးသုံးသပ်ချက်)

[UNICODE] မန်စီးတီး ၂-၁ ပီအက်စ်ဂျီ

Untitled
IMAGE: GOAL

ဒီပွဲမှာ နှစ်သင်းစလုံးက သူတို့အားသန်တဲ့ ၄-၃-၃ ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့ပြီး မန်စီးတီးက ဘာနာဒိုဆေးလ်ဗားကို False 9 အဖြစ်သုံးကာ စတာလင်၊ မာရက်ဇ်တို့နဲ့ တွဲပေးခဲ့ပြီး ကွင်းလယ်မှာတော့ ဇင်ချန်ကို၊ ရိုဒရီ၊ ဂန်ဒိုဂန်တိုနဲ့ ပွဲထွက်လာခဲ့တာပါ။ ပီအက်စ်ဂျီကလည်း မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ တိုက်အတွဲကိုသာ အသုံးပြုခဲ့ပြီး ပါရီဒက်စ်၊ ဂိုင်ယီ၊ ဟာရဲရားတို့ ကွင်းလယ်အတွဲကိုသုံးခဲ့ပါတယ်။

psg-city-1200-600x347
IMAGE: GOAL

ဂွါဒီယိုလာနဲ့ ပိုချက်တီနိုတို့ နည်းပြနှစ်ဦးရဲ့ နည်းစနစ်ပိုင်းအားပြိုင်မှုက ကြည့်ရတာ အရသာရှိလွန်းခဲ့ပါတယ်။ ပိုချက်တီနိုက မန်စီးတီးရဲ့ကွင်းလယ်စုဖွဲ့မှုကိုဖြိုပြီး သရေရလဒ်ကို ဦးတည်ခဲ့တာ တွေ့ရပါတယ်။ဒါကြောင့်လည်း ဒီပွဲမှာ ပီအက်စ်ဂျီရဲ့ Block တွေက အားရစရာကောင်းခဲ့ပြီး ပွဲအစပိုင်းမှာ မန်စီးတီးကွင်းလယ် ရုန်းကန်ခဲ့ရပါတယ်။

3000
IMAGE: GOAL

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးက တဖြည်းဖြည်း ပွဲကို စိုးမိုးလာနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ တရစပ်ရခဲ့ကာ နာဗက်စ် လက်ပြုတ်ထွက်မတတ် ကာကွယ်ခဲ့ရပါတယ်။ ဂန်ဒိုဂန်ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့တာမန်စီးတီးအတွက် နစ်နာလှပါတယ်။ ပီအက်စ်ဂျီရဲ့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲကြီးက ပထမပိုင်းမှာ ပါရဲ့လားတောင်မသိဖြစ်နေခဲ့ကာ ပျောက်ချက်သားကောင်းခဲ့ပါတယ်။

MANCHESTER-ENGLAND-NOVEMBER-24-Kylian-Mbappe-of-Paris-Saint-Germain-shoots-during-the-UEFA-Champions
IMAGE: GOAL

နေမာကမှ တစ်ချက်တစ်ချက် ဆွဲပြေးတဲ့အခါမျိုးမှ ရိပ်ခနဲ ပေါ်လာခဲ့ပြီး မက်ဆီကတော့ လုံးဝလှုပ်မရဖြစ်နေခဲ့ရပါတယ်။ ဒါတောင် ပထမပိုင်းမှာ မန်စီးတီးက ဇင်ချန်ကိုကို တစ်ယောက်အကြောပေးပြီး ကစားခဲ့ရတာပါ။ ဒုတိယပိုင်းအစမှာတော့ ပီအက်စ်ဂျီတို့ တိုက်စစ်အတွဲက တစ်ကွက်မိသွားခဲ့ပြီး မန်စီးတီးခံစစ်အငိုက်မိသွားခဲ့ပါတယ်။

manchester-city-psg-24-novembre-2021-mbappe-mahrez-795c0e-0-1x
IMAGE: GOAL

နေမာနဲ့ မက်ဆီတို့ တိုက်စစ်အတွဲကနေ မက်ဆီ ဂိုးဧရိယာထဲ မျှောပေးလိုက်တဲ့ဘောလုံးက ကံကောင်းချင်တော့ မန်စီးတီးနောက်တန်းနဲ့ထိပြီး အမ်ဘာပေရှေ့ တည့်တည့်ကြီး ရောက်သွားခဲ့ကာ အဆုံးသတ်ပိတ်သွင်းယူခဲ့တာပါ။ အဲဒီအခါမှာမှ ဂွါဒီယိုလာတို့ ဇင်ချန်ကိုကို ထုတ်ရကောင်းမှန်သိသွားခဲ့ပြီး ဂျေဇူးနဲ့ လူစားလဲခဲ့ပါတယ်။ မန်စီးတီးတို့ တိုက်စစ်အစွမ်းကုန်မြှင့်ရာမှာတော့ ၆၂ မိနစ်မှာ စတာလင်ကချေပဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

3-SAVM37-BIRFRVF7-LFCIYXVWRFE
IMAGE: GOAL

အဲဒီနောက် ပွဲကပိုမို တစ်ဖတ်သတ်ဆန်သွားခဲ့ရပြီး မန်စီးတီးကွင်းလယ်ကရစ်သမ်မိသွားခဲ့ကာ ပီအက်စ်ဂျီကို စိတ်ကြိုက် စိုးမိုးခဲ့ပါတယ်။ ၇၆ မိနစ်မှာတော့ မန်စီးတီးဦးဆောင်ဂိုးရခဲ့ပြီး အကွက်မိမိတိုက်စစ်ဆင်လာမှုကို နောက်ဆုံးမှာ လူစားဝင် တိုက်စစ်မှူး ဂျေဇူးက ဂိုးသမားနဲ့ အနီးကတ်ပိတ်သွင်းယူခဲ့တာပါ။ အဲဒီနောက် ပီအက်စ်ဂျီတို့ စိတ်ဓာတ်ကျဆင်းသွားခဲ့ရပြီး မန်စီးတီးကပဲ လက်ကျန်ပွဲချိန်ကို ထိန်းချုပ်ကာ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ။ ဒါကြောင့် မန်စီးတီးအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး တစ်ဖက်မှာ လိုက်ပဇစ်က ဆောဘတ်ကို အနိုင်ကန်ပေးခဲ့လို့ ပီအက်စ်ဂျီကလည်း အုပ်စုဒုတိယမှာ ဆက်လက်ရပ်တည်နေပြီးသက်သာရာရခဲ့ပါတယ်။

Raheem-Sterling-Manchester-City-PSG-Champions-League
IMAGE: GOAL

ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ စတာလင်ကတော့ ချန်ပီယံလိဂ်သွင်းဂိုး ၂၃ ဂိုးအထိရှိသွားခဲ့ပြီး ပေါလ်စခိုး (၂၄ ဂိုး)၊ ရွန်းနီ (၃၀ ဂိုး)တို့ပြီးနောက် လမ်းပတ်နဲ့ပူးတွဲရပ်တည်ကာ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ အင်္ဂလန်ကစားသမားဖြစ်လာခဲ့ပါတယ်။

[ZAWGYI] မန္စီးတီး ၂-၁ ပီအက္စ္ဂ်ီ

Untitled
IMAGE: GOAL


psg-city-1200-600x347
IMAGE: GOAL


3000
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!