25-Nov-2021 ခ်ဲလ္ဆီး သတင္းမ်ား

[UNICODE]

0-Getty-Images-1355165097
IMAGE: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးကေတာ့ ဂျူဗင်တပ်နဲ့ပွဲက နောက်ခံလူရီစီဂျိမ်းစ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးခဲ့ပြီး ရီစီဂျိမ်းစ်ဟာ စက်တစ်စက်လိုဖြစ်ခဲ့ကြောင်း၊ သူဟာ နည်းစနစ်ပိုင်း ကောင်းမွန်ပြီးပေးပု့ိမှုတွေ ကောင်းမွန်ကာ ဆုံးဖြတ်ချက် တိကျသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

0-Mount
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ကွင်းလယ်လူ မစ်ဆန်မောင့်ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်မယ်လို့ယုံကြည်လျက် ရှိနေပါတယ်။ ၂၂ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပြီး ဥရောပထိပ်သီးတွေရဲ့ ရန်ကိုကြောက်လို့ ချဲလ်ဆီးကနှစ်ရှည်သက်တမ်းတိုးလိုနေတာပါ။

3973
IMAGE: GOAL

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆွေးနွေးနေတာဖြစ်ပြီး အခြေအနေကောင်းလျက် ရှိနေပါတယ်။ ချဲလ်ဆီးအနေနဲ့ ဆေးလ်ဗားကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးခွင့်ရှိနေတာပါ။

မက်မာနာမန်က ချဲလ်ဆီးနည်းပြတူချယ်အတွက်က ကစားသမားတွေအားလုံးကို ပျော်ရွှင်အောင် ထားနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း၊ လက်ရှိချဲလ်ဆီးမှာ ကစားသမားတိုင်းကို ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီးကျေနပ်အောင်ပြုလုပ်နိုင်ဖို့က ခက်ခဲကြောင်း ဆိုခဲ့ပါတယ်။

Getty-Images-1236756611
IMAGE: GOAL

⚽ ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူပြီးနောက် ချဲလ်ဆီးလူငယ်နောက်ခံလူ ချာလိုဘတ်ချ်က အကယ်ဒမီ ကစားသမားတွေအပေါ် “ချန်ပီယံလိဂ်မှာ ပါဝင်ကစားပြီး ဂိုးသွင်းနိုင်ခဲ့တာ အလွန်ခံစားချက် ပြင်းထန်လွန်းပါတယ်။ကျွန်တော်က လူငယ်တွေအတွက် စံပြဖြစ်လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ကြိုးစားဖို့လိုပါတယ်”လို့ အားပေးစကား ဆိုခဲ့ပါတယ်။

Getty-Images-1352705415
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ ်ချဲလ်ဆီးအနေနဲ့ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ တိုက်စစ်ကစားသမား ပူလီဆစ်ကို အချက်နှစ်ချက်နဲ့ ထွက်ခွာခွင့် ပြုတော့မှာပါ။ ချဲလ်ဆီးအနေနဲ့ ပူလီဆစ်ကို ပရီးမီးယားလိဂ်ပြင်ပကလပ်တွေကိုရောင်းထုတ်သွားမှာဖြစ်ပြီး သူ့အတွက်ေ ပြာင်းရွှေ့ကြေးပေါင် ၄၂ သန်းတောင်းဆိုထားပါတယ်။

Getty-Images-1354514609
IMAGE: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ပိုယက်စ်က ချဲလ်ဆီးအနေနဲ့ ဆီဗီးလ်နောက်ခံလူကွန်ဒီကို ခေါ်ယူသင့်ကြောင်း၊ ကွန်ဒီဟာ အလွန်ပရော်ဖက်ရှင်နယ်ဆန်လွန်းသူဖြစ်ပြီး အသက်အရွယ်နဲ့မလိုက် တာဝန်ယူလိုစိတ်များပြားသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ပိုယက်စ်နဲ့ကွန်ဒီတို့အနေနဲ့ ဘော်ဒိုးမှာတုန်းက လက်တွဲခဲ့ဖူးတာပါ။

Rio-Rudiger-f327
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါအနေနဲ့ ဘိုင်ယန်ကိုပြောင်းရေ့ွှဖို့အတွက်သာ ချဲလ်ဆီးကနေ ထွက်ခွာနိုင်ကြောင်း၊ လက်ရှိ ဥရောပမှာ ဘိုင်ယန်ကသာ ချဲလ်ဆီးအထက်မှာရပ်တည်နေကြောင်း၊ ရူဒီဂါအနေနဲ့ပြန်လည်တည်ဆောက်ရေးတွေ လုပ်နေတဲ့ ရီးရဲနဲ့ ဘာစီလိုနာတို့ကို ပြောင်းမယ်မထင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1355165097
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကစားသမားေဟာင္း ဂ်ိဳလ္ကိုးေကတာ့ ဂ်ဴဗင္တပ္နဲ႔ပြဲက ေနာက္ခံလူရီစီဂ်ိမ္းစ္ရဲ႕ စြမ္းေဆာင္ရည္ပိုုင္းကို ခ်ီးက်ဴးခဲ့ၿပီး ရီစီဂ်ိမး္စ္ဟာ စက္တစ္စက္လိုျဖစ္ခဲ့ေၾကာင္း၊ သူဟာ နည္းစနစ္ပိုင္း ေကာင္းမြန္ၿပီးေပးပု႔ိမႈေတြ ေကာင္းမြန္ကာ ဆံုးျဖတ္ခ်က္ တိက်သူျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

0-Mount
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအေနနဲ႔ ကြင္းလယ္လူ မစ္ဆန္ေမာင့္ကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ႏုိင္မယ္လုိ႔ယံုၾကည္လ်က္ ရွိေနပါတယ္။ ၂၂ ႏွစ္အရြယ္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္မွာကုန္ဆံုးမွာျဖစ္ၿပီး ဥေရာပထိပ္သီးေတြရဲ႕ ရန္ကိုေၾကာက္လို႔ ခ်ဲလ္ဆီးကႏွစ္ရွည္သက္တမ္းတုိးလိုေနတာပါ။

3973
IMAGE: GOAL

ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအေနနဲ႔ ၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားကို စာခ်ဳပ္သက္တမ္း တုိးျမွင့္ဖုိ႔ ေဆြးေႏြးေနတာျဖစ္ၿပီး အေျခအေနေကာငး္လ်က္ ရွိေနပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ေဆးလ္ဗားကို ၂၀၂၃ ခုႏွစ္အထိ သက္တမ္းတုိးခြင့္ရွိေနတာပါ။

မက္မာနာမန္က ခ်ဲလ္ဆီးနည္းျပတူခ်ယ္အတြက္က ကစားသမားေတြအားလံုးကို ေပ်ာ္ရႊင္ေအာင္ ထားႏုိင္ဖုိ႔က ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္ေၾကာင္း၊ လက္ရွိခ်ဲလ္ဆီးမွာ ကစားသမားတုိင္းကို ပြဲထြက္ခြင့္နဲ႔ ပတ္သက္ၿပီးေက်နပ္ေအာင္ျပဳလုပ္ႏုိင္ဖုိ႔က ခက္ခဲေၾကာင္း ဆုိခဲ့ပါတယ္။

Getty-Images-1236756611
IMAGE: GOAL

⚽ ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းယူၿပီးေနာက္ ခ်ဲလ္ဆီးလူငယ္ေနာက္ခံလူ ခ်ာလိုဘတ္ခ်္က အကယ္ဒမီ ကစားသမားေတြအေပၚ “ခ်န္ပီယံလိဂ္မွာ ပါ၀င္ကစားၿပီး ဂိုးသြင္းႏုိင္ခဲ့တာ အလြန္ခံစားခ်က္ ျပင္းထန္လြန္းပါတယ္။ကၽြန္ေတာ္က လူငယ္ေတြအတြက္ စံျပျဖစ္လိုပါတယ္။ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိၿပီး ႀကိဳးစားဖို႔လိုပါတယ္”လို႔ အားေပးစကား ဆုိခဲ့ပါတယ္။

Getty-Images-1352705415
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ ္ခ်ဲလ္ဆီးအေနနဲ႔ အသင္းကေန ထြက္ခြာခြင့္ ေတာင္းဆုိထားတဲ့ တုိက္စစ္ကစားသမား ပူလီဆစ္ကို အခ်က္ႏွစ္ခ်က္နဲ႔ ထြက္ခြာခြင့္ ျပဳေတာ့မွာပါ။ ခ်ဲလ္ဆီးအေနနဲ႔ ပူလီဆစ္ကို ပရီးမီးယားလိဂ္ျပင္ပကလပ္ေတြကိုေရာင္းထုတ္သြားမွာျဖစ္ၿပီး သူ႔အတြက္ေ ျပာင္းေရႊ႕ေၾကးေပါင္ ၄၂ သန္းေတာင္းဆုိထားပါတယ္။

Getty-Images-1354514609
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကစားသမားေဟာငး္ ပိုယက္စ္က ခ်ဲလ္ဆီးအေနနဲ႔ ဆီဗီးလ္ေနာက္ခံလူကြန္ဒီကို ေခၚယူသင့္ေၾကာင္း၊ ကြန္ဒီဟာ အလြန္ပေရာ္ဖက္ရွင္နယ္ဆန္လြန္းသူျဖစ္ၿပီး အသက္အရြယ္နဲ႔မလိုက္ တာ၀န္ယူလိုစိတ္မ်ားျပားသူျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ ပိုယက္စ္နဲ႔ကြန္ဒီတုိ႔အေနနဲ႔ ေဘာ္ဒိုးမွာတုနး္က လက္တြဲခဲ့ဖူးတာပါ။

Rio-Rudiger-f327
IMAGE: GOAL

⚽ မန္ယူေနာက္ခံလူေဟာငး္ ဖာဒီနန္ကေတာ့ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါအေနနဲ႔ ဘုိင္ယန္ကိုေျပာင္းေရ႕ႊဖုိ႔အတြက္သာ ခ်ဲလ္ဆီးကေန ထြက္ခြာႏုိင္ေၾကာင္း၊ လက္ရွိ ဥေရာပမွာ ဘုိင္ယန္ကသာ ခ်ဲလ္ဆီးအထက္မွာရပ္တည္ေနေၾကာင္း၊ ရူဒီဂါအေနနဲ႔ျပန္လည္တည္ေဆာက္ေရးေတြ လုပ္ေနတဲ့ ရီးရဲနဲ႔ ဘာစီလိုနာတုိ႔ကို ေျပာင္းမယ္မထင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!