25-Nov-2021 အာဆင္နယ္ သတင္းမ်ား

[UNICODE]

0-FBL-ENG-PR-LIVERPOOL-ARSENAL
IMAGE:GOAL

⚽ အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ လီဗာပူးနဲ့ပွဲမှာ အမှားကျူးလွန်လို့ ဝေဖန်ခံနေရတဲ့ နောက်ခံလူ တာဗာရက်စ်ဘက်ကနေ ကာကွယ်ခဲ့ပြီး တာဗာရက်စ်ဟာ အမှားကြီးကျူးလွန်ခဲ့ပေမဲ့တစ်ပွဲလုံးခြုံကြည့်ရင် ခြေစွမ်းပြနိုင်ခဲ့ကြောင်း၊ တာဗာရက်စ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဖြစ်နေတဲ့ ဆာလတ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

0-Saka-Chi
IMAGE:GOAL

⚽ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီက ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ အီတလီဝါရင့်နောက်ခံလူ ချီလီနီကိုယ်တိုင် အတင်းဆွဲချခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့်ဆာကာရဲ့ ခြေစွမ်းကိုချီးကျူးခဲ့ပါတယ်။

4696
IMAGE:GOAL

⚽ နယူးကာဆယ်နည်းပြသစ် အက်ဒီဝုဒ်အနေနဲ့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အသင်းကိုတာဝန်ယူ ကိုင်တွယ်နိုင်ဖွယ် မရှိသေးပါဘူး။ အက်ဒီဝုဒ်အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က ကိုဗစ်ကူးစက်ခံလိုက်ရပြီး နယူးကာဆယ်ကို ကိုင်တွယ်နိုင်ခြင်း မရှိသေးတာပါ။

cp824tnmrhltatgcgqpb
IMAGE:GOAL

အာဆင်နယ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ချားလက်စ်ဝက်ကတော့ အရည်အသွေးမြင့်လူငယ်ကြယ်ပွင့် ပါတီနိုအနေနဲ့ ဆန်းဒါးလန်းနဲ့ ယှဉ်ပြိုင်မဲ့ ကာရာဘောင်ပွဲစဉ်မှာ စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရဖွယ်ရှိနေကြောင်း ဖော်ပြထားပါတယ်။ လာမဲ့ရာသီမှာ ပါတီနိုအနေနဲ့ ပထမအသင်းကို လုံးဝရောက်လာနိုင်တယ်လို့လည်း သူက ဆိုထားပါတယ်။

ilkaygundogan-cropped-qiabo2kyofzu1e3mb2l2j08r7
IMAGE:GOAL

⚽ ဂန်ဒိုဂန်ဟာ ကိုယ်တိုင်တောက်ပခြင်းမျိုး မဟုတ်ဘဲ တခြားသူတွေတောက်ပအောင် ပြုလုပ်ပေးသူဖြစ်ကြောင်း အာဆင်နယ်နည်းပြအာတီတာရဲ့ပြောဆိုချက်ကို ဂန်ဒိုဂန်က သဘောကျလျက် ရှိနေပါတယ်။ ဒီလိုစကားမျိုး ကြားရတာ သူ့အနေနဲ့ ကြိုက်နှစ်သက်မှုရှိကြောင်း၊ အသင်းဖော်တွေကို ကူညီနိုင်ဖို့က အရေးပါဆုံးဖြစ်ကြောင်း ဂန်ဒိုဂန်က ဆိုခဲ့တာပါ။

⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က အာဆင်ဝင်းဂါးအနေနဲ့ အွန်နရီနဲ့ အနယ်လ်ကာတို့ တွဲဖက်မကစားစေတဲ့ အာဆင်ဝင်းဂါးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ရကြောင်း၊ အွန်နရီရောက်လာချိန်မှာ အနယ်လ်ကာကမရှိတော့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

PRI-208965403-e1636447857773
IMAGE:GOAL

⚽ စီးရီးအေကလပ် ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်အနေနဲ့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ဗလာဟိုဗစ်ကိုချဉ်းကပ်ခဲ့တာလို့ သိရပြီး ကစားသမားကတော့ အာဆင်နယ်ကို ပြောင်းလိုခြင်းရှိတာပါ။

Youssef-En-Nesyri-vs-Villarreal-en-la-Liga-2020-2021
IMAGE:GOAL

⚽ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဆီဗီးလ်တိုက်စစ်မှူး နက်စရီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ဝက်စ်ဟမ်းနဲ့ မန်စီးတီးတို့က ကြိုးပမ်းလာလျက်ရှိနေကြောင်း သိရပါတယ်။ အာဆင်နယ်အနေနဲ့လာကာဇက်ရဲ့ နေရာမှာ အစားထိုးဖို့အတွက ်နက်စရီကို ခေါ်ယူလိုနေတာပါ။

[ZAWGYI]

0-FBL-ENG-PR-LIVERPOOL-ARSENAL
IMAGE:GOAL

⚽ အာဆင္နယ္ တုိက္စစ္မွဴးေဟာငး္ ကီဗင္ကမ္းဘဲလ္ကေတာ့ လီဗာပူးနဲ႔ပြဲမွာ အမွားက်ဴးလြန္လုိ႔ ေ၀ဖန္ခံေနရတဲ့ ေနာက္ခံလူ တာဗာရက္စ္ဘက္ကေန ကာကြယ္ခဲ့ၿပီး တာဗာရက္စ္ဟာ အမွားႀကီးက်ဴးလြန္ခဲ့ေပမဲ့တစ္ပြဲလံုးၿခံဳၾကည့္ရင္ ေျခစြမ္းျပႏုိင္ခဲ့ေၾကာင္း၊ တာဗာရက္စ္က လက္ရွိ ကမာၻ႕အေကာင္းဆံုး ျဖစ္ေနတဲ့ ဆာလတ္န႕ဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

0-Saka-Chi
IMAGE:GOAL

⚽ ခ်ဲလ္ဆီးေနာက္ခံလူေဟာငး္ ဂၽြန္တယ္ရီက ၿပီးခဲ့တဲ့ ယူရို ၂၀၂၀ၿပိဳင္ပြဲမွာ အီတလီ၀ါရင့္ေနာက္ခံလူ ခ်ီလီနီကိုယ္တုိင္ အတင္းဆြဲခ်ခဲ့ရတဲ့အထိ ျဖစ္ခဲ့တဲ့ အာဆင္နယ္လူငယ္ၾကယ္ပြင့္ဆာကာရဲ႕ ေျခစြမ္းကိုခ်ီးက်ဴးခဲ့ပါတယ္။

4696
IMAGE:GOAL

⚽ နယူးကာဆယ္နညး္ျပသစ္ အက္ဒီ၀ုဒ္အေနနဲ႔ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားမဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း အသင္းကိုတာ၀န္ယူ ကိုင္တြယ္ႏုိင္ဖြယ္ မရွိေသးပါဘူး။ အက္ဒီ၀ုဒ္အေနနဲ႔ ၿပီးခဲ့တဲ့ တစ္ပတ္က ကိုဗစ္ကူးစက္ခံလိုက္ရၿပီး နယူးကာဆယ္ကို ကိုင္တြယ္နုိင္ျခင္း မရွိေသးတာပါ။

cp824tnmrhltatgcgqpb
IMAGE:GOAL

အာဆင္နယ္သတင္းေထာက္တစ္ဦးျဖစ္တဲ့ ခ်ားလက္စ္၀က္ကေတာ့ အရည္အေသြးျမင့္လူငယ္ၾကယ္ပြင့္ ပါတီႏိုအေနနဲ႔ ဆန္းဒါးလန္းနဲ႔ ယွဥ္ၿပိဳင္မဲ့ ကာရာေဘာင္ပြဲစဥ္မွာ စီနီယာအသင္းအတြက္ ပထမဆံုးပြဲထြက္ခြင့္ရဖြယ္ရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။ လာမဲ့ရာသီမွာ ပါတီႏိုအေနနဲ႔ ပထမအသင္းကို လံုး၀ေရာက္လာႏုိင္တယ္လို႔လည္း သူက ဆုိထားပါတယ္။

ilkaygundogan-cropped-qiabo2kyofzu1e3mb2l2j08r7
IMAGE:GOAL

⚽ ဂန္ဒိုဂန္ဟာ ကိုယ္တုိင္ေတာက္ပျခင္းမ်ိဳး မဟုတ္ဘဲ တျခားသူေတြေတာက္ပေအာင္ ျပဳလုပ္ေပးသူျဖစ္ေၾကာင္း အာဆင္နယ္နည္းျပအာတီတာရဲ႕ေျပာဆုိခ်က္ကို ဂန္ဒိုဂန္က သေဘာက်လ်က္ ရွိေနပါတယ္။ ဒီလိုစကားမ်ိဳး ၾကားရတာ သူ႔အေနနဲ႔ ႀကိဳက္ႏွစ္သက္မႈရွိေၾကာင္း၊ အသင္းေဖာ္ေတြကို ကူညီႏုိင္ဖုိ႔က အေရးပါဆံုးျဖစ္ေၾကာင္း ဂန္ဒိုဂန္က ဆုိခဲ့တာပါ။

⚽ အာဆင္နယ္ဂႏၳ၀င္ေဟာင္း အီယန္ရိုက္က အာဆင္၀င္းဂါးအေနနဲ႔ အြန္နရီနဲ႔ အနယ္လ္ကာတုိ႔ တြဲဖက္မကစားေစတဲ့ အာဆင္၀င္းဂါးရဲ႕ ဆံုးျဖတ္ခ်က္ကို စိတ္ပ်က္ရေၾကာငး္၊ အြန္နရီေရာက္လာခ်ိန္မွာ အနယ္လ္ကာကမရွိေတာ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

PRI-208965403-e1636447857773
IMAGE:GOAL

⚽ စီးရီးေအကလပ္ ဖီအိုရင္တီးနားတိုက္စစ္မဴွး ဗလာဟိုဗစ္အေနနဲ႔ အာဆင္နယ္ရဲ႕ ကမး္လွမ္းမႈကို ပယ္ခ်ခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ အာဆင္နယ္အေနနဲ႔ လြန္ခဲ့တဲ့ ႏွစ္ပတ္ခန္႔က ဗလာဟိုဗစ္ကိုခ်ဥ္းကပ္ခဲ့တာလို႔ သိရၿပီး ကစားသမားကေတာ့ အာဆင္နယ္ကို ေျပာင္းလိုျခငး္ရွိတာပါ။

Youssef-En-Nesyri-vs-Villarreal-en-la-Liga-2020-2021
IMAGE:GOAL

⚽ အာဆင္နယ္ပစ္မွတ္ထားေနတဲ့ ဆီဗီးလ္တုိက္စစ္မွဴး နက္စရီကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္ၾကတဲ့ ၀က္စ္ဟမ္းနဲ႔ မန္စီးတီးတုိ႔က ႀကိဳးပမ္းလာလ်က္ရွိေနေၾကာင္း သိရပါတယ္။ အာဆင္နယ္အေနနဲ႔လာကာဇက္ရဲ႕ ေနရာမွာ အစားထုိုးဖုိ႔အတြက ္နက္စရီကို ေခၚယူလိုေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!