25-Nov-2021 မန်ချက်စတာယူနိုက်တက်သတင်းများ

[UNICODE]

IMAGE: GOAL

⚽ မန်ယူတိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက သူ့အနေနဲ့ မန်ယူနည်းပြသစ်အဖြစ် ဇီဒန်းကိုမြင်တွေ့လိုကြောင်း၊ ဇီဒန်းဟာ ခမ်းနားတဲ့ ကစားသမားဖြစ်ရုံမက မန်ယူကို ကိုင်တွယ်ဖို့အတွက်လည်းလုံလောက်တဲ့အရည်အသွေးရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

5e4c57f4f20f48e4befc2ed98c75ebcf59805bfd
IMAGE: GOAL

⚽ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအနေနဲ့ တကယ်လို့ မန်ယူကို ကိုင်တွယ်ဖြစ်ခဲ့ရင် အက်သလက်နောက်ခံလူ ထရစ်ပီယာနဲ့ ဆီဗီးလ်နောက်ခံလူကွန်တီတို့ကို ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ပိုချက်တီနိုအနေနဲ့ စပါးမှာ လက်တွဲခဲ့တဲ့ ထရစ်ပီယာနဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်ပေါင်းစည်းလိုနေတာ ဖြစ်ပါတယ်။

2954649-60648908-2560-1440
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ယူအနေနဲ့ အမြဲတမ်းနည်းပြ မခန့်အပ်ခင် ယာယီနည်းပြတစ်ဦး ခန့်အပ်ထားလိုနေပြီး ဒေါ့မွန်နည်းပြဟောင်း ဖက်ရီနဲ့ လိုင်ယွန်နည်းပြဟောင်း ဂါစီယာတို့ကို အင်တာဗျူးပြုလုပ်ခဲ့ကြောင်းတယ်လီဂရပ်က ဖော်ပြထားပါတယ်။

4291361c-18b1-4313-b900-0f5e715540b2
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်အနေနဲ့ အသင်းကနေ ထွက်ခွာလိုလျက်ရှိနေဆဲဖြစ်ကြောင်း MailOnline က ဖော်ပြထားပါတယ်။ လင်ဂတ်အနေနဲ့ ဆိုးလ်ရှားလက်အောက်မှာ နေရာရဖို့ရုန်းကန်ခဲ့ရပြီး သူ့စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ကာ ဇန်နဝါရီမှာအသင်းပြောင်းဖို့ စီစဉ်နေတာပါ။

1576071656-346280-1576074323-noticia-normal-recorte1
IMAGE: GOAL

ကစားသမားဟောင်းတွေ ပြန်လည် ခေါ်ယူတတ်တဲ့ မန်ချက်စတာတို့ ခေါ်သင့်တဲ့ ကစားသမားဟောင်းမှာ ဆိုးလ်ရှား၊ ကာရစ်တို့မဟုတ်ဘဲ ဗန်ဒါးဆားသာဖြစ်ကြောင်း၊ မန်ယူ ကစားသမားဟောင်းတွေကိုနည်းပြနေရာအတွက် မလိုအပ်ကြောင်း၊ မန်ယူအနေနဲ့ စီအီးအိုနေရာအတွက် အက်ဝုဒ်ဝက်နေရာမှာ ဗန်ဒါးဆားရဲ့ အစားထိုးသင့်ကြောင်း Daily Mail က ဆောင်းပါးရှင်တစ်ဦးက မှတ်ချက်ပြုထားပါတယ်။

Getty-Images-1355153598
IMAGE: GOAL

⚽ မန်ယူအသင်းခေါင်းဆောင် မက်ဂွဲရားက အသင်းအတွက် ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ဆန်ချိုနဲ့ ပတ်သက်ပြီး ဝမ်းမြောက်လျက်ရှိနေကာ ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ မက်ဂွဲရားအနေနဲ့ Instagram Story မှာ ဆန်ချိုဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ပုံရိပ်နဲ့အတူ အစခြေလှမ်း ဆိုတဲ့ Caption ကို ရေးသားထားခဲ့တာပါ။

Getty-Images-1355155831-1
IMAGE: GOAL

⚽ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ဗီလာရီးရဲကို အနိုင်ယူကာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရောက်သွားပြီးနောက် ထူးခြားတဲ့ခံစားချက်တွေရှိနေတဲ့ စပိန်မှာ ဂိုးသွင်းရတာ ကျေနပ်စရာဖြစ်ကြောင်း၊ သူတို့ဟာ မန်ယူအသင်းဖြစ်ပြီး တိုက်ပွဲဝင်လိုစိတ် ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ကြောင်း၊ နိုင်ပွဲအတွက် အသင်းသားတွေကို ဂုဏ်ပြုလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

လက်စတာနည်းပြ ရော်ဂျာက သူ့အနေနဲ့ မန်ယူအသင်းကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်းတွေကို ထပ်မံငြင်းဆန်သွားခဲ့ပြီး ဒါတွေက ကောလာဟလတွေသာဖြစ်ကြောင်း၊ မန်ယူအနေနဲ့ အမြဲတမ်းနည်းပြမထွက်ခင်အထိ ကောလာဟလတွေ ထွက်နေမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1233047024
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL





အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!