25-Nov-2021 ပြဲႀကိဳသံုးသပ္ခ်က္ႏွင့္ နံနက္ခင္း သတင္းမ်ား

[UNICODE] လက်စတာ – ဝါဆော (ည ၂:၃၀)

01fn9gmxsq61pj5y16zh
IMAGE: GOAL

နာပိုလီနဲ့ စပါးတပ်တို့ ထိပ်တိုက် တွေ့ဆုံနေချိန် လက်စတာအနေနဲ့ နောက်တစ်ဆင့်အတွက် ဒီပွဲကို မဖြစ်မနေ အနိုင်ကစားရမှာဖြစ်ပါတယ်။ လက်ရှိမှာ ဝါဆောရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက အားရစရာ မရှိဘဲ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက် ရှုံးနိမ့်ထားပြီး ၁၁ ဂိုးအထိ ခွင့်ပြုပေးထားရပါတယ်။ ကင်းပါဝါမှာ မြေခွေးတွေရဲ့ပေါက်ကွဲအားကို မြင်တွေ့ရမဲ့ပွဲပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: လက်စတာ ၃-၀ ဝါဆော

မူရာ – စပါး (ည ၁၂:၁၅)

2047b-16377206909444-1920
IMAGE: GOAL

ယူရိုကွန်ဖရင့်လိဂ်မှာတောင် အခုအချိန်အထိ နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်နေရတာ စပါးအတွက် ရုပ်ပေါက်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာတော့ ကွန်တီက အဓိက ကစားသမားတွေနဲ့ အသုံးပြုခဲ့လို့ ဒီပွဲမှာလည်း အဓိက ကစားသမားတွေကို အသုံးပြုဖွယ် ရှိနေပါတယ်။ မူရာနဲ့ စပါးအကြား အဆင့်အတန်း ကွာဟချက်ကြီးမားလို့ စပါးနဲ့သာရပ်တည်ချင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: မူရာ ဝ-၃ စပါး

ရက်ပစ်ဝီယင် – ဝက်စ်ဟမ်း (ည ၁၂:၁၅)

ELRapid-Vienna-West-Ham21
IMAGE: GOAL

-နောက်တစ်ဆင့်တက်သွားပြီဖြစ်တဲ့ ဝက်စ်ဟမ်းအနေနဲ့ ဒီပွဲမှာ အာရုံစိုက်မှု လျော့နည်းနေနိုင်ပါတယ်။ ရက်ပစ်ဝီယင်က မျှော်လင့်ချက် မရှိတော့ပေမဲ့ ဖွင့်ကစားတတ်တဲ့အသင်းဖြစ်ပြီး ခံစစ်ကလည်း အားနည်းချက်ရှိတဲ့အသင်းပါ။ ဒါကြောင့် ဒီပွဲမှာ ဂိုးအများကို ပိုသဘေကျမိပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဝီယင်၂-၂ ဝက်စ်ဟမ်း

b0bb4228aa1ff35e8d7c05bc75d19ff463824bd6
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် အစားထိုး ခေါ်ယူဖွယ်ရှိနေကြောင်း Guardian က ဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ လက်ရှိမှာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် အပူတပြင်း ရှာဖွေလျက်ရှိနေတာပါ။

cf10a1a0b894799f54dc990fa3feebb78c1b64ce
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ ကွင်းလယ်ကြယ်ပွင့် ဂါဗီကို စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ ၁၇နှစ်အရွယ်ကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာက လစာတိုးပေးပြီး သူ့ကို နှစ်ရှည်ဆက်ထိန်းလိုနေတာ ဖြစ်ပါတယ်။

comp-1637758368
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က အာဆင်ဝင်းဂါးအနေနဲ့ အွန်နရီနဲ့ အနယ်လ်ကာတို့ တွဲဖက်မကစားစေတဲ့ အာဆင်ဝင်းဂါးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ရကြောင်း၊ အွန်နရီရောက်လာချိန်မှာ အနယ်လ်ကာက မရှိတော့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1351702388-1
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကင်မစ်ချ်အနေနဲ့ ကိုဗစ်ကူးစက်ခံလိုက်ရကြောင်း ဗုဒ္ဓဟူးနေ့က အသင်းက အတည်ပြု ထုတ်ပြန်ခဲ့တာပါ။ ကင်မစ်ချ်အနေနဲ့ အရင်ကကာကွယ်ဆေးထိုးခွင့်ရခဲ့သေးပေမဲ့ ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။

Getty-Images-1355170176
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးကတော့ သူတို့ရဲ့ နောက်ခံလူ ဘင်ချီလ်ဝဲအနေနဲ့ ဂျူဗင်တပ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာ ပြင်းထန်ပြီး ရာသီကုန်အထိ အနားယူရမှာကို စိုးရိမ်လျက် ရှိနေပါတယ်။ ချီဝဲလ်ရဲ့ ဒဏ်ရာဟာ အခြေအနေ ဆိုးခဲ့ရင် ၆ လကနေ ၉ လအထိ နားရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

[ZAWGYI] လက္စတာ – ၀ါေဆာ (ည ၂:၃၀)

01fn9gmxsq61pj5y16zh
IMAGE: GOAL

နာပိုလီနဲ႔ စပါးတပ္တုိ႔ ထိပ္တုိက္ ေတြ႕ဆံုေနခ်ိန္ လက္စတာအေနနဲ႔ ေနာက္တစ္ဆင့္အတြက္ ဒီပြဲကို မျဖစ္မေန အႏုိင္ကစားရမွာျဖစ္ပါတယ္။ လက္ရွိမွာ ၀ါေဆာရဲ႕ ေျခစြမ္းနဲ႔ ရလဒ္ပိုင္းက အားရစရာ မရွိဘဲ ေနာက္ဆံုး ကစားခဲ့တဲ့ ၄ ပြဲဆက္ ရႈံးနိမ့္ထားၿပီး ၁၁ ဂိုးအထိ ခြင့္ျပဳေပးထားရပါတယ္။ ကင္းပါ၀ါမွာ ေျမေခြးေတြရဲ ႕ေပါက္ကြဲအားကို ျမင္ေတြ႕ရမဲ့ပြဲပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: လက္စတာ ၃-၀ ၀ါေဆာ

မူရာ – စပါး (ည ၁၂:၁၅)

2047b-16377206909444-1920
IMAGE: GOAL

ယူရုိကြန္ဖရင့္လိဂ္မွာေတာင္ အခုအခ်ိန္အထိ ေနာက္တစ္ဆင့္တက္ဖုိ႔ ရုန္းကန္ေနရတာ စပါးအတြက္ ရုပ္ေပါက္ပါတယ္။ ၿပီးခဲ့တဲ့ပြဲမွာေတာ့ ကြန္တီက အဓိက ကစားသမားေတြနဲ႔ အသံုးျပဳခဲ့လုိ႔ ဒီပြဲမွာလည္း အဓိက ကစားသမားေတြကို အသံုးျပဳဖြယ္ ရွိေနပါတယ္။ မူရာနဲ႔ စပါးအၾကား အဆင့္အတန္း ကြာဟခ်က္ႀကီးမားလို႔ စပါးနဲ႔သာရပ္တည္ခ်င္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: မူရာ ၀-၃ စပါး

ရက္ပစ္၀ီယင္ – ၀က္စ္ဟမ္း (ည ၁၂:၁၅)

ELRapid-Vienna-West-Ham21
IMAGE: GOAL

-ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္တဲ့ ၀က္စ္ဟမး္အေနနဲ႔ ဒီပြဲမွာ အာရုံစိုက္မႈ ေလ်ာ့နည္းေနႏုိင္ပါတယ္။ ရက္ပစ္၀ီယင္က ေမွ်ာ္လင့္ခ်က္ မရွိေတာ့ေပမဲ့ ဖြင့္ကစားတတ္တဲ့အသင္းျဖစ္ၿပီး ခံစစ္ကလည္း အားနည္းခ်က္ရွိတဲ့အသင္းပါ။ ဒါေၾကာင့္ ဒီပြဲမွာ ဂိုးအမ်ားကို ပိုသေဘက်မိပါတယ္။ ျဖစ္ႏိုင္ဖြယ္ရလဒ္: ၀ီယင္၂-၂ ၀က္စ္ဟမ္း

b0bb4228aa1ff35e8d7c05bc75d19ff463824bd6
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဘာစီလိုနာနည္းျပေဟာငး္ ဗယ္လ္ဗာဒီကို ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ အစားထိုး ေခၚယူဖြယ္ရွိေနေၾကာင္း Guardian က ေဖာ္ျပထားပါတယ္။ မန္ယူအေနနဲ႔ လက္ရွိမွာ ဆုိးလ္ရွားကို ထုတ္ပယ္ၿပီးေနာက္ နည္းျပသစ္ အပူတျပင္း ရွာေဖြလ်က္ရွိေနတာပါ။

cf10a1a0b894799f54dc990fa3feebb78c1b64ce
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာအေနနဲ႔ ကြင္းလယ္ၾကယ္ပြင့္ ဂါဗီကို စာခ်ဳပ္သက္တမး္ တုိးျမွင့္ခ်ဳပ္ဆုိႏုိင္ဖုိ႔ ျပင္ဆင္လ်က္ ရွိေနပါတယ္။ ၁၇ႏွစ္အရြယ္ၾကယ္ပြင့္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွာကုန္ဆံုးမွာျဖစ္ၿပီး ဘာစီလိုနာက လစာတိုးေပးၿပီး သူ႔ကို ႏွစ္ရွည္ဆက္ထိန္းလိုေနတာ ျဖစ္ပါတယ္။

comp-1637758368
IMAGE: GOAL

⚽ အာဆင္နယ္ဂႏၳ၀င္ေဟာင္း အီယန္ရိုက္က အာဆင္၀င္းဂါးအေနနဲ႔ အြန္နရီနဲ႔ အနယ္လ္ကာတုိ႔ တြဲဖက္မကစားေစတဲ့ အာဆင္၀င္းဂါးရဲ႕ ဆံုးျဖတ္ခ်က္ကို စိတ္ပ်က္ရေၾကာငး္၊ အြန္နရီေရာက္လာခ်ိန္မွာ အနယ္လ္ကာက မရွိေတာ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1351702388-1
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါထိပ္သီးကလပ္ ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ ကင္မစ္ခ်္အေနနဲ႔ ကိုဗစ္ကူးစက္ခံလိုက္ရေၾကာင္း ဗုဒၶဟူးေန႔က အသင္းက အတည္ျပဳ ထုတ္ျပန္ခဲ့တာပါ။ ကင္မစ္ခ်္အေနနဲ႔ အရင္ကကာကြယ္ေဆးထုိးခြင့္ရခဲ့ေသးေပမဲ့ ျငင္းဆန္ခဲ့တယ္လုိ႔လညး္ သိရပါတယ္။

Getty-Images-1355170176
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ခ်ဲလ္ဆီးကေတာ့ သူတုိ႔ရဲ႕ ေနာက္ခံလူ ဘင္ခ်ီလ္၀ဲအေနနဲ႔ ဂ်ဴဗင္တပ္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာ ျပငး္ထန္ၿပီး ရာသီကုန္အထိ အနားယူရမွာကို စိုးရိမ္လ်က္ ရွိေနပါတယ္။ ခ်ီ၀ဲလ္ရဲ႕ ဒဏ္ရာဟာ အေျခအေန ဆုိးခဲ့ရင္ ၆ လကေန ၉ လအထိ နားရဖြယ္ရွိေနတာလည္း ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!