24-Nov-2021 ခ်ဲလ္ဆီး သတင္းမ်ား
[UNICODE]
FE6-KXIm-XMAYDd-OO
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွင်းမှာ အင်္ဂလန် ကစားသမား ၃ ဦး တစ်ပြိုင်နက်တည်း ဂိုးသွင်းနိုင်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ချာလိုဘတ်ချ်၊ ရီစီဂျိမ်းစ်နဲ့ အိုဒွိုင်းအစရှိတဲ့ အင်္ဂလန် ကစားသမားတွေက ဂိုးသွင်းနိုင်ခဲ့တာပါ။
Getty-Images-1234464702
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးတိုက်စစ်အတွဲအဖြစ်တဲ့ တီမိုဝါနာနဲ့ ဇီးယက်ချ်တို့ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဘာစီလိုနာအနေနဲ့ သူတို့နှစ်ယောက်ကိုဆောင်းရာသီဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်လျက် ရှိနေတာပါ။
Getty-Images-1348939886
IMAGE: GOAL
⚽ ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်က အင်္ဂလန်နဲ့အတူ ရရှိခဲ့တဲ့ ယူရိုဒဏ်ရာကြောင့် ပြီးခဲ့တဲ့ နွေရာသီဟာ စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲခဲ့ကြောင်း၊ ပြိုင်ပွဲပြီးသွားတာတောင် ရက်တော်တော်ကြာတဲ့အထိ အဲဒီရှုံးပွဲကိုတွေးနေမိကြောင်း၊ ဒီနှစ်အတွင်း သူ့အနေနဲ့ များစွာတိုးတက်မှုရှိလာကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
Getty-Images-1354427139
IMAGE: GOAL
⚽ ချဲလ်ဆီးဂိုးသမားဟောင်း ကာဘယ်ရိုင်လိုက သူ့အသင်းဖော်ဟောင်းမန်ဒီဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်ကနဲ့ လက်ရှိအချိန်အထိ မန်ဒီက အကောင်းဆုံးဖြစ်ကြောင်း၊ချဲလ်ဆီးလေ့ကျင့်ရေးကွင်းမှာ မန်ဒီရဲ့ စွမ်းရည်အပေါ် အံ့အားသင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
Leonardo-Bonucci-1
IMAGE: GOAL
⚽ ဂျူဗင်တပ်နောက်ခံလူ ဘိုနုချီက ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအနေနဲ့ သူတို့ကို ပြဿနာများစွာ ဖန်တီးနိုင်ခဲ့ကြောင်း၊ ချဲလ်ဆီးကို ဘယ်လိုမှ ယှဉ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ဒီလိုအသင်းမျိုးနဲ့ပွဲမှာ ကိုယ့်ရဲ့ အင်အားကိုေ ချွတာလို့ မရကြောင်း၊ ဒီပွဲစဉ်ကနေတစ်ဆင့် သင်ခန်းယူရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
SPORT-PREVIEW-Kante-Chilwell-780x470
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်ကတော့ ဂျူဗင်တပ်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ရီစီဂျိမ်းစ်နဲ့ ကန်တီတို့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး “ချီဝဲလ်ဟာ ဒူးခေါင်းနာကျင်မှုကို ခံစားခဲ့ရပါတယ်။ ကန်တီကလည်းကံမကောင်းစွာနဲ့ ဒူးခေါက်သွားခဲ့ပါတယ်။ မနက်ဖြန်ကျရင်တော့ သူတို့ရဲ့ အခြေအနေကိုပိုပြီး ပြောနိုင်မှာပါ”လို့ ဆိုခဲ့ပါတယ်။
⚽ ဂျူဗင်တပ်နဲ့ပွဲဟာ ချဲလ်ဆီးနည်းပြတူချယ်အတွက်တော့ ချဲလ်ဆီးနည်းပြဘ၀ ပြိုင်ပွဲစုံ ပွဲ ၅၀ ပြည့်မြောက်တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီပွဲ ၅၀ မှာ တူချယ်အနေနဲ့ ခံစစ်က ပေးဂိုး ၂၄ ဂိုးသာ ပေးခဲ့ရပါတယ်။ ဒါကြောင့်တူချယ်ဟာ ၂၀၀၄ ခုနှစ်က မော်ရင်ဟိုရဲ့ ပေးဂိုး ၂၇ ဂိုးစံချိန်ကိုကျော်ဖြတ်ကာ အင်္ဂလန်မှာ ပထမကိုင်တွယ်တဲ့ ပွဲ ၅၀ အတွင်း ပေးဂိုးအနည်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
[ZAWGYI]
FE6-KXIm-XMAYDd-OO
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
Leonardo-Bonucci-1
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!