25-Oct-2021 ညပိုင်း သတင်းများ

[UNICODE]

IMAGE: GOAL

⚽ လက်စတာကွင်းလယ်လူ မက်ဒီဆန်က လက်ရှိအချိန်ဟာ သူ့ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးကာလတွေဖြစ်ကြောင်း၊ သူ့အနေနဲ့ နည်းပြရော်ဂျာနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းနေခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

dani-ceballos-arsenal-2019-20-1rce90yx9ocvv1v1zx8r5m9zh1
IMAGE: GOAL

⚽ စီးရီးအေကလပ် ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ရီးရဲကွင်းဘယ်လူ စီဘယ်လော့ကို ခေါ်ယူလိုနေကြောင်း El Nacional က ဖော်ပြထားပါတယ်။ ရီးရဲကတော့ သူတို့ရဲ့ကွင်းလယ်လူအတွက် ယူရိုသန်း ၂၀ အလိုရှိနေကြေငာ်း သိရပါတယ်။

fa171
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အနေနဲ့ လိုက်ပဇစ်နောက်ခံလူ မူခီလီကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက ်ရှိနေပါတယ်။ မူခီလီဟာ လိုက်ပဇစ်နဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့သက်တမ်းတိုးမြှင့်လိုခြင်း မရှိတာပါ။

Getty-Images-1235491033-1
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်က နောက်ခံလူ ရူဒီဂါအနေနဲ့ ဘိုင်ယန်ကိုပြောင်းရွှေ့သွားမှာ စိုးရိမ်မှု ရှိသလားလို့ အေးမခံခဲ့ရာမှာတော့ သူ့အနေနဲ့ ရူဒီဂါနဲ့ပတ်သက်ပြီး စိုးရိမ်မှု မရျှိကြောင်း၊ ရူဒီဂါအနေနဲ့ သူမှန်တယ်တင်တာကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

https-s3-images-sportbible-com-s3-content-49b466b761756d34be5f1ec5fb5525da
IMAGE: GOAL

⚽ မန်ယူမှာ ၁နှစ်ခွဲ ကစားခဲ့ဖူးတဲ့ ဂျာမနီကစားသမားဟောင်း ရှဝိုင်းစတိုင်ဂါက မန်ယူကို ရောက်တုန်းက ဂိုးသမား ဒီဂီယာက နူအာနဲ့ သူ့အကြား ဘယ်သူက ပိုကောင်းသလဲလို့ မေးခဲ့ကြောင်း၊ ဒီအခါ နူအာက ပိုကောင်းတယ်လို့ ပြောလိုက်တဲ့အခါ ဒီဂီယာအနေနဲ့ ဒေါသထွက်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Ivan-Perisic-3-scaled-e1629742753789
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့ဟာ အင်တာမီလန်ကွင်းလယ်လူ ပါရီဆစ်ကိုခေါ်ယူဖို့အပြိုင်ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ပါရီဆစ်အနေနဲ့ အင်တာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့ပြီး ဇန်နဝါရီမှာ အသင်းပြောင်းဖွယ် ရှိနေတာပါ။

ogj4ogbafufpupxir32w
IMAGE: GOAL

⚽ အာဆင်နယ်ဂိုးသမား ရမ်ဒေးလ်က သူ့အနေနဲ့ အင်္ဂလန်အသင်းရဲ့ နံပါတ်တစ် ဦးစားပေး ဂိုးသမားဖြစ်လာဖို့ ပစ်မှတ်ထားလျက် ရှိနေကြောင်း၊ သူ့အနေနဲ့ကစားသမားဘဝရဲ့ အကောင်းဆုံး အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားလျက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။

skysports-mohamed-mo-salah-5555663
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးတိုက်စစ်မှူးဆာလတ်အနေနဲ့ စာချုပ်သစ်အတွက ်တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းအထိ အလိုရှိနေကြောင်း Football Insider က ဖော်ပြထားပါတယ်။ ဆာလတ်ရဲ့ စာချုပ်ဟာ ၂၀၂၃ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နည်းပြကလော့ကတော့ ဆာလတ်ကို အမြန်ဆုံး သက်တမ်းတိုးဖို့ အသင်းထံ ဖိအားပေးထားပါတယ်။

[ZAWGYI]

236c2cd9f125a51c646786bd07e22e07b17fb7cb
IMAGE: GOAL


IMAGE: GOAL


fa171
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!