25-Oct-2021 ခ်ဲလ္ဆီး သတင္းမ်ား
[UNICODE]
16195470290355
IMAGE: GOAL
⚽ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျ်တို့ကို ကိုင်တွယ်ရတာခြင်း ကွဲပြားပုံကို နည်းပြတူချယ်က နှိုှုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ဟာ ပုံစံအားဖြင့် လုံးဝကွဲပြားကြတဲ့အသင်းတွေဖြစ်ကြောင်း၊ သူ့အနေနဲ့ပီအက်စ်ဂျီမာတုန်းက အားကစားဝန်ကြီးနဲ့တောင်တူကြောင်း၊ စူပါစတားတွေရဲ့ မိသားစုအရေးကိစ္စတွေအစ ကိုင်တွယ်ရကြောင်း တူချယ်က ဆိုခဲ့ပါတယ်။
Antonio-Rudiger-Man-City-Tottenham-1510237
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို မန်စီးတီး၊ စပါးနဲ့ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်တို့က လာမဲ့နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ရူဒီဂါအနေနဲ့ချဲလ်ဆီးမှာ ဆက်နေဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။
Bournemouth-v-Chelsea-Pre-Season-Friendly-b738d279979c3f48e2465dcfdf9dbc8a
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်က တောင်ပံကစားသမား အိုဒွိုင်းကို Wingback အဖြစ်အသုံးပြုနေမှုအပေါ်မကြာခဏ မေးခွန်းထုတ်နေခြင်းမှာ မမျှတကြောင်း၊ ဒါက အိုဒွိုင်းအတွက် လိုအပ်ပြီး သူ့ကို ကူညီပေးနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
Eu-TUVc3-XMAEt8-AF
IMAGE: GOAL
⚽ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အနေနဲ့ ချဲလ်ဆီးဂိုးသမား ကီပါကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေတာပါ။ ဂျူဗင်တပ်အနေန့ဆက်ဇီနီရဲ့နေရာမှာ အစားထိုးဖို့ ကီပါကို ပစ်မှတ်ထားနေတာပါ။ ဂျူဗီနည်းပြ အယ်လီဂရီအနေနဲ့ ချဲလ်ဆီးဂိုးသမား ကီပါရဲ့လက်စွမ်းကို သဘောကျလျက် ရှိနေတာပါ။
Getty-Images-1235615130-1
IMAGE: GOAL
⚽ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က သူတို့အနေနဲ့ ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကြယ်ပွင့် ဒီလန်ရိုက်ကို ပေါင်သန်း ၁၀၀ ရမှရောင်းထုတ်သွားမှာဖြစ်ကြောင်း၊ ဒီလန်ရိုက်နဲ့ ပတ်သက်ပြီး ဘယ်လိုဈေးဆစ်မှုမျိုးမှ လက်ခံသွားမှာ မဟုတ်ကြောင်း၊ ဒီလန်ရိုက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
Trevoh-Chalobah
IMAGE: GOAL
⚽ ချဲလ်ဆီးနောက်ခံလူငယ်ကြယ်ပွင့် ချာလိုဘတ်ချ်အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်တော့မှာဖြစ်ကြောင်း Football.London က ဖော်ပြထားပါတယ်။ ချာလိုဘတ်ချ်ဟာ တူချယ်လက်အောက်မှာ နေရာရလာပြီး ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေတာပါ။
⚽ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဆပ်တန်က ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ဂိုးသမားမန်ဒီကို ခေါ်ယူပြီးနောက်ပိုင်း နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားပြီဖြစ်ကြောင်း၊ မန်ဒီရဲ့ ကာကွယ်မှုတချို့ အလွန်အံ့အားသင့်ဖွယ်ကောင်းကြောင်း ဆိုခဲ့ပါတယ်။
[ZAWGYI]
16195470290355
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
Eu-TUVc3-XMAEt8-AF
IMAGE: GOAL
IMAGE: GOAL
Trevoh-Chalobah
IMAGE: GOAL
⚽ ချဲလ်ဆီးနောက်ခံလူငယ်ကြယ်ပွင့် ချာလိုဘတ်ခ်ျအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်တော့မှာဖြစ်ကြောင်း Football.London က ဖော်ပြထားပါတယ်။ ချာလိုဘတ်ခ်ျဟာ တူချယ်လက်အောက်မှာ နေရာရလာပြီး ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေတာပါ။
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!