25-Oct-2021 မန်ချက်စတာယူနိုက်တက် သတင်းများ

[UNICODE]

0-Wenger-PNG
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင်နည်းပြ အာဆင်ဝင်းဂါးက မန်ယူအနေနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို ပြန်ခေါ်တာက ပြဿနာ မဟုတ်ကြောင်း၊ စီရော်နယ်ဒိုလို ကစားသမားမျိုးဟာ ဂိုးတွေသွင်းနိုင်ပြီး ထိပ်တန်းခြေစွမ်းပြနိုင်သူဖြစ်ကြောင်း၊ ဒါပေမဲ့ စီရော်နယ်ဒိုလို ကစားသမားမျိုးကို ခေါ်ရင်တော့ ဟန်ချက်ညီအောင် ဖန်တီးနိုင်ရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

3201241-65580088-2560-1440
IMAGE: GOAL

⚽ မန်ယူကစားသမားဟောင်း ပေါစခိုးလ်က လီဗာပူးနဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဝေဖန်ခဲ့ပြီး သူ့အနေနဲ့ မန်ယူမှာ ပေါ့ဂ်ဘာကို ထပ်ပြီး မြင်တွေ့လိုခြင်း မရှိတော့ကြောင်း၊ ပေါ့ဂ်ဘာရဲ့ ဖြတ်ထုတ်မှုဟာ နည်းပြနဲ့ အသင်းဖော်တွေအပေါ် လေးစားမရှိကြောင်း ဆိုခဲ့ပါတယ်။

Gary-Neville-and-Antonio-Conte-25ce
IMAGE: GOAL

⚽ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ မန်ယူအနေနဲ့ အင်တာနည်းပြဟောင်း ကွန်တီကို မခန့်အပ်ဘဲ ဆိုးလ်ရှားကိုသာ ရာသီကုန်အထိ ယုံကြည်မှုထားသင့်ကြောင်း၊ ဆိုးလ်ရှားအနေနဲ့ ဒီရာသီမှာ ဆုဖလားတစ်လုံး ရယူနိုင်မယ်လို့ ထင်မြင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Getty-Images-1348581610
IMAGE: GOAL

⚽ မန်ယူဂိုးသမာ ဒီဂီယာက လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲစဉ်က အသင်းရဲ့ ခံစစ်ကြောင်းကို ဝေဖန်ခဲ့ပြီး သူတို့အသင်းအနေနဲ့ ကလေးအသင်းလို ဖြစ်နေခဲ့ကြောင်း၊ ဒီရှုံးနိမ့်မှုက အလွန်နာကျင်ရပြီး ပရိသတ်တွေကို တောင်းပန်ပါကြောင်း ဖွင့်ဟခဲ့ပါတယ်။

https-specials-images-forbesimg-com-imageserve-612d1843f402ab124bba78d8-0x0
IMAGE: GOAL

⚽ မန်ယူနည်းပြဆိုးလ်ရှားက သူ့အနေနဲ့ တိုက်စစ်ကစားသမား ဆန်ချိုရဲ့ အရည်အချင်းကို အပြည့်အ၀ ယုံကြည်ကြောင်း၊ ဆန်ချိုအနေနဲ့ ဒေါ့မွန်မှာ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ကြောင်း၊ လာမဲ့နှစ်အတွင်း ဆန်ချိုအနေနဲ့ ကစားခွင့်များစွာ ရရှိမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Luke-Shaw-on-Manchester-United-defeat-to-Liverpool-ce19
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုရှောခ်က လီဗာပူးကို အရှက်တကွဲ အရေးနိမ့်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ခြင်း မရှိကြောင်း၊ သူ့အနေနဲ့ ဒီထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ လီဗာပူးကို ဝ-၅ ဂိုးနဲ့ အရေးနိမ့်ခဲ့ကာ ဒါဟာ သမိုင်းတစ်လျှောက် လီဗာပူးကို အိမ်ကွင်းမှာ ဂိုးအပြတ်ဆုံးရှုံ့းပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၅၊ ဖေဖော်ဝါရီနောက်ပိုင်း မန်စီးတီးကို ဝ-၅ ဂိုးနဲ့ ရှုံးပြီးနောက် အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ဝ-၅ ဂိုးနဲ့ ပြန်ရှုံးနိမ့်ခဲ့ခြင်းပါ။

PRI-206655765
IMAGE: GOAL

⚽ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက တိုက်စစ်မှူး စီရော်နယ်ဒိုဟာ တစ်ရာသီ ၂၅ ဂိုးလောက်သွင်းနိုင်သူဖြစ်ပေမဲ့ မန်ယူကို ပရီးမီးယားလိဂ် ဆုဖလားအောင်မြင်မှုရစေမဲ့ ကစားသမားမျိုး မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

[UNICODE]

0-Wenger-PNG
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL



PRI-206655765
IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!