25-Oct-2021 အာဆင္နယ ္သတင္းမ်ား

[UNICODE]

0-Getty-Images-1342882955
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရို့စ်က သူ့အနေနဲ့ အာဆင်နယ်မှာပဲ ထာဝရ ကစားသွားလိုကြောင်း၊ အသင်းတစ်သင်းတည်းမှာပဲ ထာဝရ ကစားဖို့ဆိုတာခက်ခဲပေမဲ့ အဲဒီလိုဖြစ်လာဖို့မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

1-gettyimages-1232647625-594x594
IMAGE: GOAL

⚽ အာဆင်နယ် ကစားသမားဟောင်းဖြစ်တဲ့ အေဂျက်ဇ် အားကစားဒါရိုက်တာ အိုဗားမားစ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်နဲ့ ချိတ်ဆက်လျက် ရှိနေပါတယ်။ အိုဗားမားစ်အနေနဲ့ အီဒူးရဲ့နေရာကို အစားထိုးဝင်ရောက်မယ်လို့လည်း သတင်းတွေ ထွက်နေတာပါ။

1006648736-1024x683
IMAGE: GOAL

⚽ မာဆေးမှာ အငှားကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒိုဇီအနေနဲ့ ရာသီကုန်ရင ်အာဆင်နယ်ကို မသေချာဖြစ်နေပါတယ်။ ဂွမ်ဒိုဇီအနေနဲ့ မာဆေးမှာ အံ့ဝင်လျက်ရှိနေပြီး အပြီးသတ်ပြောင်းရွှေ့ဖို့ များနေပါတယ်။

Agent-of-Paul-Onuachu-in-England-amid-West-Ham-links-650x450-1
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေနဲ့ ဂျန့်တိုက်စစ်မူှး အိုနူချူကို ခေါ်ယူဖို့ ချိတ်ဆက်လျက ်ရှိနေပါတယ်။ အဆိုပါတိုက်စစ်မူှးဟာ ပြီးခဲ့တဲ့ရာသီက ၃၈ ပွဲကစားခဲ့ရာမှာ ၃၃ ဂိုးသွင်းယူထားသူဖြစ်ပြီး သူ့ကို စပါး၊အက်သလက်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

Getty-Images-1235520424-f057
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ လက်ရှိအသင်းရဲ့ ပုံစံနဲ့ ပတ်သက်ပြီး အားရကျေနပ်မိကြောင်း၊ ပဲလေ့စ်နဲ့ပွဲအပြီးမှာ ကစားသမားတွေအနေနဲ့ နိုင်ပွဲဆာလောင်စိတ် ပြင်းပြခဲ့ပြီး အကောင်းဆုံးတုံ့ပြန်ချင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Manchester-City-v-Arsenal-Premier-League-a8be22a270d5f26fb307a51cdfab8beb
IMAGE: GOAL

⚽ အာဆင်နယ် ကစားသမားဟောင်း ဝင်တာဘန်းက အာဆင်နယ်အနေနဲ့ တိုက်စစ်မူှး လာကာဇက်ကို လက်လွှတ်လိုက်ရရင် နောင်တရနေမှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ လာကာဇက်အနေနဲ့ အသင်းမှာ လုံလောက်စွာ ကစားချိန် မရကြောင်း ဆိုခဲ့ပါတယ်။

PRI-201699597
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာ သူ့အနေနဲ့ ဂိုးသမားဟောင်း မာတီနက်ဇ်ကို ရောင်းချခဲ့ခြင်းပတ်သက်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ မာတီနက်ဇ်ကို ကိုင်တွယ်ရတာနှစ်သက်ကြောင်း၊ အဲဒီတုန်းက မာတီနက်ဇ်အနေနဲ့ ပွဲကစားခွင့် ရလိုနေကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1342882955
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္လူငယ္ၾကယ္ပြင့္ စမစ္ရို႕စ္က သူ႔အေနနဲ႔ အာဆင္နယ္မွာပဲ ထာ၀ရ ကစားသြားလိုေၾကာင္း၊ အသင္းတစ္သင္းတည္းမွာပဲ ထာ၀ရ ကစားဖို႔ဆုိတာခက္ခဲေပမဲ့ အဲဒီလုိျဖစ္လာဖုိ႔ေမွ်ာ္လင့္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

1-gettyimages-1232647625-594x594
IMAGE: GOAL

⚽ အာဆင္နယ္ ကစားသမားေဟာင္းျဖစ္တဲ့ ေအဂ်က္ဇ္ အားကစားဒါရိုက္တာ အုိဗားမားစ္အေနနဲ႔ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္နဲ႔ ခ်ိတ္ဆက္လ်က္ ရွိေနပါတယ္။ အိုဗားမားစ္အေနနဲ႔ အီဒူးရဲ႕ေနရာကို အစားထုိး၀င္ေရာက္မယ္လို႔လည္း သတင္းေတြ ထြက္ေနတာပါ။

1006648736-1024x683
IMAGE: GOAL

⚽ မာေဆးမွာ အငွားကစားေနတဲ့ အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒုိဇီအေနနဲ႔ ရာသီကုန္ရင ္အာဆင္နယ္ကို မေသခ်ာျဖစ္ေနပါတယ္။ ဂြမ္ဒိုဇီအေနနဲ႔ မာေဆးမွာ အံ့၀င္လ်က္ရွိေနၿပီး အၿပီးသတ္ေျပာင္းေရႊ႕ဖုိ႔ မ်ားေနပါတယ္။

Agent-of-Paul-Onuachu-in-England-amid-West-Ham-links-650x450-1
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အေနနဲ႔ ဂ်န္႔တုိက္စစ္မဴွး အိုႏူခ်ဴကို ေခၚယူဖုိ႔ ခ်ိတ္ဆက္လ်က ္ရွိေနပါတယ္။ အဆုိပါတိုက္စစ္မဴွးဟာ ၿပီးခဲ့တဲ့ရာသီက ၃၈ ပြဲကစားခဲ့ရာမွာ ၃၃ ဂိုးသြင္းယူထားသူျဖစ္ၿပီး သူ႔ကို စပါး၊အက္သလက္တုိ႔ကလည္း စိတ္၀င္စားေနပါတယ္။

Getty-Images-1235520424-f057
IMAGE: GOAL

⚽ အာဆင္နယ္နည္းျပ အာတီတာက သူ႔အေနနဲ႔ လက္ရွိအသင္းရဲ႕ ပံုစံနဲ႔ ပတ္သက္ၿပီး အားရေက်နပ္မိေၾကာင္း၊ ပဲေလ့စ္နဲ႔ပြဲအၿပီးမွာ ကစားသမားေတြအေနနဲ႔ ႏုိင္ပြဲဆာေလာင္စိတ္ ျပင္းျပခဲ့ၿပီး အေကာင္းဆံုးတုံ႔ျပန္ခ်င္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Manchester-City-v-Arsenal-Premier-League-a8be22a270d5f26fb307a51cdfab8beb
IMAGE: GOAL

⚽ အာဆင္နယ္ ကစားသမားေဟာင္း ၀င္တာဘန္းက အာဆင္နယ္အေနနဲ႔ တုိက္စစ္မဴွး လာကာဇက္ကို လက္လႊတ္လိုက္ရရင္ ေနာင္တရေနမွာျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္မွာ လာကာဇက္အေနနဲ႔ အသင္းမွာ လံုေလာက္စြာ ကစားခ်ိန္ မရေၾကာင္း ဆုိခဲ့ပါတယ္။

PRI-201699597
IMAGE: GOAL

⚽ အာဆင္နယ္နညး္ျပ အာတီတာ သူ႔အေနနဲ႔ ဂိုးသမားေဟာင္း မာတီနက္ဇ္ကို ေရာင္းခ်ခဲ့ျခင္းပတ္သက္ၿပီး အေကာင္းဆံုး ဆံုးျဖတ္ခ်က္ကို ခ်ခဲ့တာျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔ မာတီနက္ဇ္ကို ကိုင္တြယ္ရတာႏွစ္သက္ေၾကာင္း၊ အဲဒီတုန္းက မာတီနက္ဇ္အေနနဲ႔ ပြဲကစားခြင့္ ရလိုေနေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!