25-Oct-2021 Tea Break သတင္းမ်ား
[UNICODE]
000-CWWRFWY2-ET1-M4-C122-F4
IMAGE: GOAL
⚽ FourFourTwo က မှတ်တမ်းပြုစုတဲ့ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မူှး လီဝန်ဒေါစကီးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့တတိယနေရာမှာ ပီအက်စ်ဂျီတိုက်စစ်မူှး အမ်ဘာပေက ရပ်တည်နိုင်ခဲ့ပါတယ်။
Paul-Pogba-SENT-less-than-20-minutes-after-filling-in
IMAGE: GOAL
⚽ မန်ယူကစားသမားဟောင်း ပေါစခိုးလ်က လီဗာပူးနဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဝေဖန်ခဲ့ပြီး သူ့အနေနဲ့ မန်ယူမှာ ပေါ့ဂ်ဘာကို ထပ်ပြီး မြင်တွေ့လိုခြင်း မရှိတော့ကြောင်း၊ ပေါ့ဂ်ဘာရဲ့ ဖြတ်ထုတ်မှုဟာ နည်းပြနဲ့ အသင်းဖော်တွေအပေါ် လေးစားမရှိကြောင်း ဆိုခဲ့ပါတယ်။
0-Getty-Images-1235977215
IMAGE: GOAL
⚽ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျ်တို့ကို ကိုင်တွယ်ရတာခြင်း ကွဲပြားပုံကို နည်းပြတူချယ်က နှိုှုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ဟာ ပုံစံအားဖြင့် လုံးဝကွဲပြားကြတဲ့အသင်းတွေဖြစ်ကြောင်း၊ သူ့အနေနဲ့ပီအက်စ်ဂျီမာတုန်းက အားကစားဝန်ကြီးနဲ့တောင်တူကြောင်း၊ စူပါစတားတွေရဲ့ မိသားစုအရေးကိစ္စတွေအစ ကိုင်တွယ်ရကြောင်း တူချယ်က ဆိုခဲ့ပါတယ်။
2G1FPRJ
IMAGE: GOAL
⚽ ဆောဘတ်ကြယ်ပွင့်တိုက်စစ်မူှး အဒီယာမီကို ခေါ်ယူလိုတဲ့အသင်းတွေထဲ စီးရီးအေထိပ်သီးကလပ် အင်တာမီလန် ပါဝင်လာခဲ့ပါပြီ။ အဆိုပါ အရည်အသွေးမြင့် ၁၉ နှစ်အရွယ်ကြယ်ပွင့်ကို ဥရောပထိပ်သီးအသင်းတွေကဝိုင်းဝိုင်းလည်နေတာပါ။
5beb259e-38b4-433e-a40e-c6f2a5d60d55
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ ရီးရဲမက်ဒရစ်ကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ကွင်းပြင်အထွက်မှာ ဘာစီဖန်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒေါသထွက်နေတဲ့ ဘာစီဖန်တွေဟာ ကိုးမန်းရဲ့ကားကို ဝိုင်းခဲ့ပြီး အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာပါ။
1347790124-0
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ နောက်ခံလူ ဆာဂျီနိုဒက်စ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း El Nacional က ဖော်ပြထားပါတယ်။ ဘာစီလိုနာဘုတ်အဖွဲ့အနေနဲ့ အမေရိကန်ကြယ်ပွင့်ရဲ့ ခြေစွမ်းကိုကြိုက်နှစ်သက်ခြင်း မရှိဘူးလို့ သိရပါတယ်။
mikel-arteta-west-ham-v-arsenal-premier-league-03212021-1n1ek8y0iywl91jhfstwh52ipr
IMAGE: GOAL
⚽ လီဗာပူး ကစားသမားဟောင်း ကာရေဂါကတော့ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ နိုင်ပွဲမရမှာ စိုးရိမ်ခဲ့မိကြောင်း၊ တကယ်လို့ ဗီလာနဲ့ပွဲမှာသာ နိုင်ပွဲမရရင် အာတီတာကို အာဆင်နယ်ပရိသတ်တွေအလိုရှိကြတော့မှာ မဟုတ်ဘဲ သူ့အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလွန်နီးစပ်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
TALKSPORT-WEST-HAM-V-SPURS-FT
IMAGE: GOAL
⚽ စပါးနဲ့ ဝက်စ်ဟမ်းတို့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်း သွင်းယူသွားတဲ့ အနိုင်ဂိုးနဲ့ ပတ်သက်ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဝေဖန်ခံနေရလျက် ရှိနေပါတယ်။ ဟယ်ရီကိန်းအနေနဲ့ အန်တိုနီယိုကို လူကပ်ကစားပုံအားနည်းခဲ့တာ ဖြစ်ပါတယ်။
[ZAWGYI]
000-CWWRFWY2-ET1-M4-C122-F4
IMAGE: GOAL
⚽ FourFourTwo က မှတ်တမ်းပြုစုတဲ့ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့တတိယနေရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ရပ်တည်နိုင်ခဲ့ပါတယ်။
IMAGE: GOAL
IMAGE: GOAL
2G1FPRJ
IMAGE: GOAL
IMAGE: GOAL
1347790124-0
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!