14-Oct-2021 ညပိုင္း သတင္းမ်ား

[UNICODE]

0-Screen-Shot-2021-10-07-at-101925
IMAGE: GOAL

⚽ အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းလျက်ရှိနေတဲ့ ကွင်းလယ်လူ ဝီလ်ရှိုင်းယားက သူ့အနေနဲ့ အာဆင်နယ်ကိုပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ သူ့ကို လေ့ကျင့်ခွင့်ပေးခဲ့တဲ့ အာဆင်နယ်ကိုကျေးဇူးတင်ကြောင်း၊ သူ့အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ကြံ့ခိုင်မှုပိုင်း အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

05e1207ec5aa129c09df907a106b12fd06287706
IMAGE: GOAL

⚽ သြစတြီးယားနဲ့ ပူးပေါင်းနေစဉ် ဒဏ်ရာရရှိခဲ့တဲ့ ရီးရဲမက်ဒရစ် နောက်ခံလူ အလာဘာအနေနဲ့ ဘာစီလိုနာနဲ့ အယ်ဂလက်စီကိုပွဲစဉ်အပါအဝင် လာလီဂါပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေပါတယ်။ဒါကြောင့် အလာဘာအနေနဲ့ ရှက်တာဒိုးနက်နဲ့ ချန်ပီယံလိဂ်ပွဲကိုလည်း လွဲဖို့ ရှိနေပါတယ်။

38e98908bd9f4c285a4f49d32453fa74
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာဟာ ကြယ်ပွင့်တိုက်စစ်ကစားသမား ဖာတီကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေပါတယ်။ ဘာစီလိုနာအနေနဲ့ လာမဲ့ရက်ပိုင်းအတွင်း ဖာတီကို စာချုပ်သစ် ချုပ်ဆိုနိုင်ကြောင်း ကြေညာနိုင်ဖို့ မျှော်လင့်နေပါတယ်။

1235696914-0
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအနေနဲ့ သူရဲ့တိုက်စစ်မူှး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ဖြစ်နိုင်တယ်လို့ ပြောခဲ့ကြောင်း Bild က ဖော်ပြထားပါတယ်။ လီဝန်ဒေါစကီးရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

1552049079
IMAGE: GOAL

⚽ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာာဘားက ၂၀၁၄ ခုနှစ်အတွင်းက ရာသီပိတ်ခါနီးယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ လီဗာပူးရဲ့ ချန်ပီယံအိပ်မက်ကို ဖျက်ဆီးပစ်တဲ့အပေါ် ချဲလ်ဆီးကစားသမားတွေအနေနဲ့ ပျော်ရွှင်ခြင်းမရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဆိုပါပွဲမှာ ချဲလ်ဆီးက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂျရတ်ခြေချော်လဲတဲ့ဖြစ်ရပ်က ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်ဖြစ်ရပ်ဖြစ်ခဲ့တာပါ။

cou-newcastle-ficha
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအနေနဲ့ သူတို့ရဲ့ကွင်းလယ်လူဟောင်း ကော်တင်ဟိုကိုပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလျက ်ရှိနေပါတယ်။ ကော်တင်ဟိုအနေနဲ့ လာလီဂါကလပ်မှာရုန်းကန်နေရပြီး ဘာစီလိုနာက သူ့ကိုပြန်လည်ရောင်းထုတ်လိုနေတာပါ။

ea164d060db57e643539acfbd4fb556eed1c9c86
IMAGE: GOAL

⚽ လိဂ်ချန်ပီယံရှစ်ကလပ် ဘုန်းမောက်ကွင်းလယ်လူ ဒေးဗစ်ဘရုစ်အနေနဲ့ ကင်ဆာဝေဒနာခံစားနေရကြောင်း ဘုန်းမောက်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာ၂၄ နှစ်အရွယ်ဘရုစ်အနနေဲ့ ကုသမှု ခံယူနေပြီး မကြာခင် ကွင်းအတွင်း ပြန်ခြေချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

Getty-Images-1345896509
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ဒီတစ်ပတ်ပွဲစဉ်တွေမှာ တောင်အမေရိကကစားသမားတွေကို ထည့်သွင်းအသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်။ တောင်အမေရိက အသင်းတွေရဲ့ ခြေစစ်ပွဲတွေကို သောကြာနေ့နံနက်မှာ ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကစားရမဲ့အချိန်နဲ့ အလွန်နီးစပ်လျက် ရှိနေတာပါ။ မန်ယူအနေနဲ့ ကာဗာနီကို လက်စတာနဲ့ပွဲမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။

[ZAWGYI]

0-Screen-Shot-2021-10-07-at-101925
IMAGE: GOAL

⚽ အာဆင္နယ္အသင္းမွာ ေလ့က်င့္ခန္း ျပန္ဆင္းလ်က္ရွိေနတဲ့ ကြင္းလယ္လူ ၀ီလ္ရိႈငး္ယားက သူ႔အေနနဲ႔ အာဆင္နယ္ကိုေျပာင္းေရႊ႕ဖုိ႔ဆုိတာ မျဖစ္ႏုိင္ေၾကာင္း၊ သူ႔ကို ေလ့က်င့္ခြင့္ေပးခဲ့တဲ့ အာဆင္နယ္ကိုေက်းဇူးတင္ေၾကာင္း၊ သူ႔အေနနဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕က်ရင္ ႀကံ႕ခိုင္မႈပိုင္း အဆင္သင့္ျဖစ္ေအာင္ျပင္ဆင္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

05e1207ec5aa129c09df907a106b12fd06287706
IMAGE: GOAL

⚽ ၾသစႀတီးယားနဲ႔ ပူးေပါင္းေနစဥ္ ဒဏ္ရာရရွိခဲ့တဲ့ ရီးရဲမက္ဒရစ္ ေနာက္ခံလူ အလာဘာအေနနဲ႔ ဘာစီလိုနာနဲ႔ အယ္ဂလက္စီကိုပြဲစဥ္အပါအ၀င္ လာလီဂါပြဲစဥ္ေတြကို လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္။ဒါေၾကာင့္ အလာဘာအေနနဲ႔ ရွက္တာဒိုးနက္နဲ႔ ခ်န္ပီယံလိဂ္ပြဲကိုလည္း လြဲဖုိ႔ ရွိေနပါတယ္။

38e98908bd9f4c285a4f49d32453fa74
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာဟာ ၾကယ္ပြင့္တုိက္စစ္ကစားသမား ဖာတီကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ႏုိင္ဖို႔ အရွိန္ျမွင့္ႀကိဳးပမး္ေနပါတယ္။ ဘာစီလုိနာအေနနဲ႔ လာမဲ့ရက္ပိုင္းအတြင္း ဖာတီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆုိႏုိင္ေၾကာင္း ေၾကညာႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။

1235696914-0
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါထိပ္သီးကလပ္ ဘုိင္ယန္ျမဴးနစ္က ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအေနနဲ႔ သူရဲ႕တုိက္စစ္မဴွး လီ၀န္ေဒါစကီးကို ေခၚယူဖုိ႔ျဖစ္ႏုိင္တယ္လုိ႔ ေျပာခဲ့ေၾကာင္း Bild က ေဖာ္ျပထားပါတယ္။ လီ၀န္ေဒါစကီးရဲ႕စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ပါတယ္။

1552049079
IMAGE: GOAL

⚽ ခ်ဲလ္ဆီးတုိက္စစ္မွဴးေဟာင္း ဒမ္ဘာာဘားက ၂၀၁၄ ခုႏွစ္အတြင္းက ရာသီပိတ္ခါနီးယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ လီဗာပူးရဲ႕ ခ်န္ပီယံအိပ္မက္ကို ဖ်က္ဆီးပစ္တဲ့အေပၚ ခ်ဲလ္ဆီးကစားသမားေတြအေနနဲ႔ ေပ်ာ္ရႊင္ျခင္းမရွိခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ အဆုိပါပြဲမွာ ခ်ဲလ္ဆီးက ၂-၀ ဂိုးနဲ႔ အႏဳိင္ရခဲ့ၿပီး ဂ်ရတ္ေျခေခ်ာ္လဲတဲ့ျဖစ္ရပ္က ပရီးမီးယားလိဂ္ရဲ႕ သမိုင္း၀င္ျဖစ္ရပ္ျဖစ္ခဲ့တာပါ။

cou-newcastle-ficha
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအေနနဲ႔ သူတုိ႔ရဲ႕ကြင္းလယ္လူေဟာင္း ေကာ္တင္ဟိုကိုျပန္လည္ေခၚယူဖို႔ စိတ္၀င္စားလ်က ္ရွိေနပါတယ္။ ေကာ္တင္ဟိုအေနနဲ႔ လာလီဂါကလပ္မွာရုနး္ကန္ေနရၿပီး ဘာစီလုိနာက သူ႔ကိုျပန္လည္ေရာင္းထုတ္လိုေနတာပါ။

ea164d060db57e643539acfbd4fb556eed1c9c86
IMAGE: GOAL

⚽ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဘုန္းေမာက္ကြင္းလယ္လူ ေဒးဗစ္ဘရုစ္အေနနဲ႔ ကင္ဆာေ၀ဒနာခံစားေနရေၾကာင္း ဘုန္းေမာက္က အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။လက္ရွိမွာ၂၄ ႏွစ္အရြယ္ဘရုစ္အနေနဲ႔ ကုသမႈ ခံယူေနၿပီး မၾကာခင္ ကြင္းအတြင္း ျပန္ေျခခ်ႏုိင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

Getty-Images-1345896509
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအေနနဲ႔ ဒီတစ္ပတ္ပြဲစဥ္ေတြမွာ ေတာင္အေမရိကကစားသမားေတြကို ထည့္သြင္းအသံုးျပဳႏုိင္ဖုိ႔ စီစဥ္ေနပါတယ္။ ေတာင္အေမရိက အသင္းေတြရဲ႕ ေျခစစ္ပြဲေတြကို ေသာၾကာေန႕နံနက္မွာ ယွဥ္ၿပိဳင္မွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ကစားရမဲ့အခ်ိန္နဲ႔ အလြန္နီးစပ္လ်က္ ရွိေနတာပါ။ မန္ယူအေနနဲ႔ ကာဗာနီကို လက္စတာနဲ႔ပြဲမွာ အသံဳးျပဳႏဳိင္ဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!