14-Oct-2021 Tea Break သတင္းမ်ား

[UNICODE]

3207251-65700288-2560-1440
IMAGE: GOAL

⚽ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနည်းပြပိုချက်တီနိုကသူတို့အနေနဲ့ အဓိကတိုက်စစ်မူှး အမ်ဘာပေကို ဆက်ထိန်းဖို့ ဆုံးဖြတ်ထားကြောင်း၊ မိမိတို့အနေနဲ့ အမ်ဘာပေရဲ့စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိနေပြီး အရာအားလုံးကို အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

1341288324-0
IMAGE: GOAL

⚽ ဒေါ့မွန်ဝါရင့်နောက်ခံလူ ဟမ်းမဲလ်က အသင်းဖော်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းအနေနဲ့ ဒေါ့မွန်မှာ ကာလရှည်ဆက်နေနိုင်ကြောင်း၊ လက်ရှိ ဒေါ့မွန်ရဲ့အခြေအနေကို ဟာလန်းအနေနဲ့ ကောင်းကောင်းသိကြောင်း ဖွင့်ဟခဲ့ပါတယ်။

1634155656-229796-1634155821-noticia-normal
IMAGE: GOAL

⚽ စီးရီးအေကလပ် အေစီမီလန်ဟာ အဓိကဂိုးသမား Maignan ဒဏ်ရာရသွားခဲ့ရလို့ အသက် ၃၈ နှစ်အရွယ်ရှိ အီတလီဂိုးသမား မီရန်တီကို အရေးပေါ် ခေါ်ယူခဲ့ရပါတယ်။ အေစီအနေနဲ့ အဆိုပါဝါရင့်ဂိုးသမားကို ရာသီကုန်အထိ သက်တမ်းတိုသာ စာချုပ်ချုပ်ဆိုခဲ့တာပါ။

ballon
IMAGE: GOAL

⚽ ပြင်သစ်နာမည်ကျော် သတင်းစာ L’Equipe ကတော့ 2021 Ballon d’Or ဆုကို ရရှိနိုင်တဲ့ ကစားသမား (၅) ဦးအဖြစ် ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီ၊ မန်ယူတိုက်စစ်မှူးစီရော်နယ်ဒို၊ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ရီးရဲတိုက်စစ်မှူးဘန်ဇီမာနဲ့ ချဲလ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုတို့ကို ရွေးချယ်ခဲ့ပါတယ်။

comp-1634118922
IMAGE: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လီဘော်က သူ့အနေနဲ့ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဝါနာ၊ ကိုင်ဟာဗက်ဇ်နဲ့ ဇီးယက်ချ်တို့ထံကနေ အခုထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို မျှော်လင့်မိကြောင်း၊ သူတု့ိတွေအနေနဲ့ ယုံကြည်ချက်ပျောက်ဆုံးနေခြင်းဖြစ်ပြီး ခြေစွမ်းကောင်းနဲ့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1235811474
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ သူ့အသင်းအနေနဲ့ ပြင်သစ်အသင်းဖော် Tchouameni ကိုခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။ Tchouameni နဲ့ တွဲကစားရတာ ကျေနပ်စရာကောင်းကြောင်း၊Tchouameni ဟာ ခွန်အားများစွာရှိပြီး ကြံ့ခိုင်မှုပိုင်း အားကောင်းသူဖြစ်ကြောင်း ပေါ့ဂ်ဘာကချီးကျူးခဲ့ပါတယ်။

Getty-Images-1339682437-caa8
IMAGE: GOAL

⚽ အာဆင်နယ်ကွင်းလယ်လူ လိုကွန်ဂါ သူ့အနေနဲ့ အသင်းမှာ လျင်လျင်မြန်မြန် အထိုင်ကျစေဖို့ မမျှော်လင့်ခဲ့ကြောင်း၊ ဒါကြောင့် လက်ရှိသူ့ရဲ့ ပုံစံမအပေါ် ကျေနပ်မိပြီး ပွဲစဉ်တွေ များများကစားနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

New-Project-2021-10-13-T150047-650
IMAGE: GOAL

⚽ မာဆေး ဂန္ထဝင်ကစားသမားတွေရဲ့ ချစ်ကြည်ရေးပွဲစဉ်တစ်ခုမှာ ဝင်ရောက်ကစားခဲ့တဲ့ ပြင်သစ်ကစားသမားဟောင်းနာဆရီရဲ့ အဝလွန်နေတဲ့ပုံရိပ်ကို မြင်တွေ့ပြီးနောက် ပရိသတ်တွေက အံ့သြသင့်ခဲ့ရပါတယ်။ အသက်၃၄ နှစ်အရွယ်ရှိ နာဆရီဟာ တလောကပဲ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာပါ။

[ZAWGYI]

3207251-65700288-2560-1440
IMAGE: GOAL

⚽ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနည်းပြပိုချက်တီနိုကသူတို့အနေနဲ့ အဓိကတိုက်စစ်မှူး အမ်ဘာပေကို ဆက်ထိန်းဖို့ ဆုံးဖြတ်ထားကြောင်း၊ မိမိတို့အနေနဲ့ အမ်ဘာပေရဲ့စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိနေပြီး အရာအားလုံးကို အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

1341288324-0
IMAGE: GOAL


IMAGE: GOAL


ballon
IMAGE: GOAL


comp-1634118922
IMAGE: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လီဘော်က သူ့အနေနဲ့ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ၀ါနာ၊ ကိုင်ဟာဗက်ဇ်နဲ့ ဇီးယက်ခ်ျတို့ထံကနေ အခုထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို မျှော်လင့်မိကြောင်း၊ သူတို့တွေအနေနဲ့ ယုံကြည်ချက်ပျောက်ဆုံးနေခြင်းဖြစ်ပြီး ခြေစွမ်းကောင်းနဲ့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!