14-Oct-2021 ခ်ဲလ္ဆီး သတင္းမ်ား

[UNICODE]

comp-1634142870
IMAGE: GOAL

⚽ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဂျရူးက နည်းပြတူချယ်က ချဲလ်ဆီးအသင်းထံ တည်ငြိမ်မှုနဲ့ ယုံကြည်မှုကို ပြန်လည်ယူဆောင်လာပေးသူဖြစ်ကြောင်း၊ နိုင်ပွဲတွေ ရနေတဲ့အခါ အသင်းကို ယုံကြည်မှုရှိရှိနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ရတာ လွယ်ကူကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ မလိုအပ်ကြောင်း၊ လက်ရှိချဲလ်ဆီးရဲ့လူစာရင်းကတောင့်တင်းမှုရှိကြောင်း ကစားသမားဟောင်း ဖရန့်လီဘော်က သုံးသပ်ခဲ့ပါတယ်။

Getty-Images-1235261144
IMAGE: GOAL

⚽ ဘရန်ဖို့ဒ်နည်းပြ သောမတ်ဖရန့်က ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေက တစ်ဦးဖြစ်ကြောင်း၊ သူက ကွင်းအတွင်း ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသူဖြစ်ပြီး တိုက်စစ်နဲ့ ခံစစ်ကိုလည်း လျင်မြန်စွာ ပြောင်းလဲ ကစားနိုင်သူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Getty-Images-1235364111
IMAGE: GOAL

⚽ ပိုင်ရှင်အပြောင်းအလဲပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အနေနဲ့ ချဲလ်ဆီးတိုက်စစ်မူှး တီမိုဝါနာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါပြီ။တကယ်လို့ ဝါနာသာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ရင် နယူးကာဆယ်က ခေါ်ဖို့ ကြိုးပမ်းသွားမှာပါ။

skysports-southampton-james-ward-prowse-5462992
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်ပရောက်စ်ကို ခေါ်ယူလိုလျက်ရှိနေကြောင်း သိရပါတယ်။ တူချယ်ဟာ ၂၆ နှစ်အရွယ်ကွင်းလယ်လူနဲ့ လက်တွဲလိုနေပြီး သူ့ရဲ့တန်ကြေးကတော့ ယူရိုသန်း ၅၀ ဝန်းကျင်ရှိနေပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကွင်းလယ်လူကန်တီအနေနဲ့ Pizza Express က စားပွဲထိုးကောင်လေးနဲ့ ဓာတ်ပုံတွဲအရိုက်ခံခဲ့ပါတယ်။ ဒါကြောင့် ကန်တီရဲ့ နှိမ့်ချလိုမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

tuchel-rudiger
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အနေနဲ့ လာမဲ့အပြောင်းအရွှေ့မှာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို အဓိက ပစ်မှတ်ထား ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ရူဒီဂါအနေနဲ့ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂သိန်းရယူလိုပေမဲ့ ချဲလ်ဆီးက ပေးချေလိုခြင်းမရှိတာပါ။

[ZAWGYI]

comp-1634142870
IMAGE: GOAL

⚽ ခ်ဲလ္ဆီးတုိက္စစ္မွဴးေဟာင္း ဂ်ရူးက နညး္ျပတူခ်ယ္က ခ်ဲလ္ဆီးအသင္းထံ တည္ၿငိမ္မႈနဲ႔ ယံုၾကည္မႈကို ျပန္လည္ယူေဆာင္လာေပးသူျဖစ္ေၾကာင္း၊ ႏိုင္ပြဲေတြ ရေနတဲ့အခါ အသင္းကို ယံုၾကည္မႈရွိရွိနဲ႔ တစ္ဆင့္ၿပီးတစ္ဆင့္ တည္ေဆာက္ရတာ လြယ္ကူေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ခ်ဲလ္ဆီးအေနနဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ ေခၚယူဖုိ႔ မလိုအပ္ေၾကာင္း၊ လက္ရိွခ်ဲလ္ဆီးရဲ႕လူစာရင္းကေတာင့္တင္းမႈရိွိေၾကာင္း ကစားသမားေဟာင္း ဖရန္႔လီေဘာ္က သံုးသပ္ခဲ့ပါတယ္။

Getty-Images-1235261144
IMAGE: GOAL

⚽ ဘရန္ဖို႔ဒ္နည္းျပ ေသာမတ္ဖရန္႔က ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးေနာက္ခံလူ ခရစၥတန္ဆန္ဟာ ကမာၻ႕အေကာင္းဆံုးေနာက္ခံလူေတြက တစ္ဦးျဖစ္ေၾကာင္း၊ သူက ကြင္းအတြင္း ဥာဏ္ရည္ဥာဏ္ေသြးျမင့္မားသူျဖစ္ၿပီး တုိက္စစ္နဲ႔ ခံစစ္ကိုလည္း လ်င္ျမန္စြာ ေျပာင္းလဲ ကစားႏုိင္သူျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

Getty-Images-1235364111
IMAGE: GOAL

⚽ ပိုင္ရွင္အေျပာင္းအလဲျပဳလုပ္ထားတဲ့ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္အေနနဲ႔ ခ်ဲလ္ဆီးတုိက္စစ္မဴွး တီမုိ၀ါနာကို ေခၚယူဖို႔ ပစ္မွတ္ထားလာခဲ့ပါၿပီ။တကယ္လုိ႔ ၀ါနာသာ ခ်ဲလ္ဆီးကေန ထြက္ခြာဖုိ႔ဆံုးျဖတ္ခဲ့ရင္ နယူးကာဆယ္က ေခၚဖုိ႔ ႀကိဳးပမ္းသြားမွာပါ။

skysports-southampton-james-ward-prowse-5462992
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးနညး္ျပတူခ်ယ္အေနနဲ႔ ေဆာက္သမ္တန္ကြင္းလယ္လူ ၀က္ပေရာက္စ္ကို ေခၚယူလိုလ်က္ရွိေနေၾကာင္း သိရပါတယ္။ တူခ်ယ္ဟာ ၂၆ ႏွစ္အရြယ္ကြင္းလယ္လူနဲ႔ လက္တဲြလိုေနၿပီး သူ႔ရဲ႕တန္ေၾကးကေတာ့ ယူရိုသန္း ၅၀ ၀န္းက်င္ရွိေနပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးကြင္းလယ္လူကန္တီအေနနဲ႔ Pizza Express က စားပြဲထုိးေကာင္ေလးနဲ႔ ဓာတ္ပံုတြဲအရိုက္ခံခဲ့ပါတယ္။ ဒါေၾကာင့္ ကန္တီရဲ႕ ႏွိမ့္ခ်လိုမႈနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။

tuchel-rudiger
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္အေနနဲ႔ လာမ့ဲအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါကို အဓိက ပစ္မွတ္ထား ေခၚယူသြားမွာ ျဖစ္ပါတယ္။ ရူဒီဂါအေနနဲ႔ ရာသီကုန္မွာ စာခ်ဳပ္ကုန္ဆံုးမွာျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၂သိန္းရယူလိုေပမဲ့ ခ်ဲလ္ဆီးက ေပးေခ်လိုျခင္းမရွိတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!