14-Oct-2021 မန္ခ်က္စတာယူႏိုက္တက္ သတင္းမ်ား

[UNICODE]

0-E57-Ac7o-Xs-AEBu-XF
IMAGE: GOAL

⚽ မန်ယူကြယ်ပွင့် တာဟစ်ချောင်က သူ့အနေနဲ့ ဘာမင်ဂမ်ကို အငှားနဲ့ မထွက်ခွာခင် လင်ဂတ်ဆီကအကြံဉာဏ် ရယူခဲ့ရကြောင်း၊ ဘယ်လိုအသင်းမျိုးကို အငှားပြောင်းရမလဲဆိုတာ လင်ဂတ်ကြောင့် စိတ်ကူးရခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

3201241-65580088-2560-1440
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ရီးရဲအနေနဲ့ ရာသီကုန်ကျရင် ပေါ့ဂ်ဘာကို အလွတ်နဲ့ ခေါ်ယူနိုင်မယ်လို့ယုံကြည်နေပါတယ်။

49138245-0-image-a-34-1634156962459
IMAGE: GOAL

⚽ မန်ယူနည်းပြဆိုးလ်ရှားရဲ့ သမီးဖြစ်သူ ကာနာအနေနဲ့ မန်ယူအမျိုးသမီးအသင်းအတွက် ပွဲထွက်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ လိဂ်ချန်ပီယံရှစ်ကလပ် ဒူဟမ်နဲ့ ကစားမဲ့ Continental Cup ပွဲစဉ်မှာ ကာနာအနေနဲ့ ပါဝင်ကစားသွားမှာလို့ သိရပါတယ်။

Getty-Images-1202063836
IMAGE: GOAL

⚽ မန်ယူဂိုးသမားဟောင်း ရိုမီရိုက မန်ယူမှာဖြတ်သန်းခဲ့တဲ့ သူ့ရဲ့နောက်ဆုံးရာသီက ထူးဆန်းခဲံကြောင်း၊ တချို့ရက်တွေမှာ အသင်းက ပွဲအတွက် ပြင်ဆင်နေတဲ့အတွက ်သူ့အနေနဲ့ တစ်ကိုယ်တည်းသာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1339676223-1
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူလင်ဂတ်ကို ဥရောပထိပ်သီးကလပ်တွေဖြစ်ကြတဲ့ အေစီမီလန်နဲ့ ဘာစီလိုနာတို့က အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။ လင်ဂတ်အနေနဲ့ စာချုပ်သက်တမ်းတိုးမြှင့်လိုခြင်း မရှိပါက မန်ယူက ရောင်းထုတ်သွားမှာပါ။

Getty-Images-1342442688
IMAGE: GOAL

⚽ မန်ယူနောက်ခံလူ မက်ဂွဲရားက သူ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော့်အနေနဲ့ လေ့ကျင့်မှု မပြုလုပ်နိုင်သေးပေမဲ့ တဖြည်းဖြည်း ပိုကောင်းလာပါပြီ။ ဒဏ်ရာင့် မချင့်မရဲဖြစ်မိပေမဲ့ ကွင်းအတွင်း အမြန်ဆုံးပြန်ခြေချနိုင်ဖို့ ကြိုးပမ်းသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

Getty-Images-1344015599-652f
IMAGE: GOAL

⚽ အင်္ဂလန်တိုက်စစ်မူှးဟောင်းအလန်ရှီးယားကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက်မှူး စီရော်နယ်ဒိုကို ရွေးချယ်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ဆောက်သမ်တန်ကစားသမားဟောင်း လက်တစ်ဆာ၊ တတိယနေရာမှာ ချဲလ်ဆီးကစားသမားဟောင်း ဇိုလာကို ရွေးချယ်ခဲ့ပါတယ်။

⚽ မန်ယူလူငယ်ကြယ်ပွင့် အီလန်ဂါဟာ ဆွီဒင် ယူ-၂၁ အသင်းနဲ့အီ်တလီယူ-၂၁ အသင်းတို့ရဲ့ပွဲစဉ်မှာ ပြိုင်ဘက် အီတလီကစားသမားရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆွီဒင်ဘက်ကတော့ အီလန်ဂါဘက်က အပြည့်အ၀ ရပ်တည်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။

[ZAWGYI]

0-E57-Ac7o-Xs-AEBu-XF
IMAGE: GOAL

⚽ မန္ယူၾကယ္ပြင့္ တာဟစ္ေခ်ာင္က သူ႔အေနနဲ႔ ဘာမင္ဂမ္ကို အငွားနဲ႔ မထြက္ခြာခင္ လင္ဂတ္ဆီကအႀကံဥာဏ္ ရယူခဲ့ရေၾကာင္း၊ ဘယ္လိုအသင္းမ်ိဳးကို အငွားေျပာငး္ရမလဲဆုိတာ လင္ဂတ္ေၾကာင့္ စိတ္ကူးရခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။

3201241-65580088-2560-1440
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူဖုိ႔ ႀကိဳးပမ္းေနဆဲ ျဖစ္ပါတယ္။ ရီးရဲအေနနဲ႔ ရာသီကုန္က်ရင္ ေပါ့ဂ္ဘာကို အလြတ္နဲ႔ ေခၚယူႏုိင္မယ္လို႔ယံုၾကည္ေနပါတယ္။

49138245-0-image-a-34-1634156962459
IMAGE: GOAL

⚽ မန္ယူနညး္ျပဆုိးလ္ရွားရဲ႕ သမီးျဖစ္သူ ကာနာအေနနဲ႔ မန္ယူအမ်ိဳးသမီးအသင္းအတြက္ ပြဲထြက္ကစားႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဒူဟမ္နဲ႔ ကစားမဲ့ Continental Cup ပြဲစဥ္မွာ ကာနာအေနနဲ႔ ပါ၀င္ကစားသြားမွာလို႔ သိရပါတယ္။

Getty-Images-1202063836
IMAGE: GOAL

⚽ မန္ယူဂိုးသမားေဟာငး္ ရိုမီရိုက မန္ယူမွာျဖတ္သန္းခဲ့တဲ့ သူ႔ရဲ႕ေနာက္ဆံုးရာသီက ထူးဆန္းခဲံေၾကာင္း၊ တခ်ိဳ႕ရက္ေတြမွာ အသင္းက ပြဲအတြက္ ျပင္ဆင္ေနတဲ့အတြက ္သူ႔အေနနဲ႔ တစ္ကိုယ္တည္းသာ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ရေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1339676223-1
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူလင္ဂတ္ကို ဥေရာပထိပ္သီးကလပ္ေတြျဖစ္ၾကတဲ့ ေအစီမီလန္နဲ႔ ဘာစီလိုနာတုိ႔က အၿပိဳင္စိတ္၀င္စားလ်က္ ရွိေနပါတယ္။ လင္ဂတ္အေနနဲ႔ စာခ်ဳပ္သက္တမ္းတုိးျမွင့္လိုျခင္း မရွိပါက မန္ယူက ေရာင္းထုတ္သြားမွာပါ။

Getty-Images-1342442688
IMAGE: GOAL

⚽ မန္ယူေနာက္ခံလူ မက္ဂြဲရားက သူ႔ဒဏ္ရာအေျခအေနနဲ႔ ပတ္သက္ၿပီး “ကၽြန္ေတာ့္အေနနဲ႔ ေလ့က်င့္မႈ မျပဳလုပ္ႏုိင္ေသးေပမဲ့ တျဖညး္ျဖည္း ပိုေကာင္းလာပါၿပီ။ ဒဏ္ရာင့္ မခ်င့္မရဲျဖစ္မိေပမဲ့ ကြင္းအတြင္း အျမန္ဆံုးျပန္ေျခခ်ႏုိင္ဖုိ႔ ႀကိဳးပမ္းသြားမွာပါ”လုိ႔ ဆုိခဲ့ပါတယ္။

Getty-Images-1344015599-652f
IMAGE: GOAL

⚽ အဂၤလန္တုိက္စစ္မဴွးေဟာင္းအလန္ရွီးယားကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကစားသမားအျဖစ္ မန္ခ်က္စတာယူႏုိ္က္တက္မွဴး စီေရာ္နယ္ဒိုကို ေရြးခ်ယ္ခဲ့ပါတယ္။ ဒုတိယေနရာမွာ ေဆာက္သမ္တန္ကစားသမားေဟာင္း လက္တစ္ဆာ၊ တတိယေနရာမွာ ခ်ဲလ္ဆီးကစားသမားေဟာင္း ဇိုလာကို ေရြးခ်ယ္ခဲ့ပါတယ္။

⚽ မန္ယူလူငယ္ၾကယ္ပြင့္ အီလန္ဂါဟာ ဆီြဒင္ ယူ-၂၁ အသင္းနဲ ႔အီ္တလီယူ-၂၁ အသင္းတုိ႔ရဲ႕ပြဲစဥ္မွာ ၿပိဳင္ဘက္ အီတလီကစားသမားရဲ႕ လူမ်ိဳးေရးခြဲျခားမႈကို ခံခဲ့ရေၾကာင္း သိရပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ဆီြဒင္ဘက္ကေတာ့ အီလန္ဂါဘက္က အျပည့္အ၀ ရပ္တည္သြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္ ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!