14-Oct-2021 အာဆင္နယ္သတင္းမ်ား

[UNICODE]

arsenal-fc-v-watford-fc-premier-league-1024x680
IMAGE: GOAL

⚽ တူရကီထိပ်သီးကလပ် ဖီနာဘာချီအနေနဲ့ အာဆင်နယ်နောက်ခံလူ ကိုလာစီနက်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။ ဖီနာဘာချီအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကတည်းက ကိုလာစီနက်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တာပါ။

Getty-Images-1235520946-1
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း ရေးပါလာက အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဦးမှာမဟုတ်ဘဲ အဆင့် ၅၊ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်မှာဖြစ်ကြောင်း၊ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ စပါး၊ ဝက်စ်ဟမ်း၊ အဲဗာတန်တို့နဲ့သာ အဓိကထား ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

⚽ အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူသင့်တဲ့ ကစားသမားတွေကို All Football က မှတ်ချက်ပြုဖော်ခဲ့ပါတယ်။ အဲဒီကစားသမားတွေက တိုရီနိုတိုက်စစ်မှူးဘီလော့တီ၊ အေစီကွင်းလယ်လူ ကက်ဆီ၊ ဂလာဘတ်ချ်ကွင်းလယ် ဇာကာရီယာနဲ့ အေစီမီလန်က ရိုမန်နိုလီတို့ ဖြစ်ပါတယ်။

Getty-Images-1341948730
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြအာတီတာက အာဆင်နယ်ရဲ့ ကစားကွက်မှာ သူ့အနေနဲ့ ကွင်းလယ်လူသောမတ်ပါတေးကို အဓိကအား တည်ဆောက်လိုနေကြောင်း ESPN က ဖော်ပြထားပါတယ်။ အာတီတာဟာ ပါတေးကိုအားကိုးတကြီး ခေါ်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။

Getty-Images-1342623201
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဘရန်ုဖို့ဒ်နည်းပြ သောမတ်ဖရန့်ကသူ့အနေနဲ့ အာဆင်နယ်နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ရင်ခုန်မိကြောင်း၊ ဒါပေမဲ့ လက်ရှိမှာ သူ့အနေနဲ့ ဘရန်ဖု့ိဒ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေပြီးအသင်းမှာ ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1345295457
IMAGE: GOAL

⚽ အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ကွင်းလယ်လူ ဝီလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာ သူ့အနေနဲ့ နည်းပြလက်မှတ်ရဖို့ ကြိုးပမ်းနေကြောင်း၊ အာဆင်နယ်က သူ့ကို ကူညီပေးနေသလို မိမိကလည်း လူငယ်တွေကို ပြန်ကူညီပေးနေကြောင်း၊ အနာဂတ်မှာ တစ်ခုခုလုပ်မှာဖြစ်ပေမဲ့ လက်ရှိမှာ ဘောလုံးကစားချင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

oajgbgdqqtrhcovuhkr2
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဆိုစီဒက်တိုက်စစ်မူှး အီဆစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

skysports-david-luiz-luiz-arsenal-5329503
IMAGE: GOAL

⚽ တချို့လူတွေက ပရီးမီးယားလိဂ်ဖလား မရဘူးဘဲ ပရီးမီးယားလိဂ်ဖလား ဘယ်လိုရအောင်လုပ်ရမလဲဆိုတာ ပြောနေတာ ရယ်စရာကြီးုလို့ အာဆင်နယ်နောက်ခံလူဟောင်း လူးဝစ်ရဲ့ တုံ့ပြန်စကားကိုဘယ်လိုစိတ်မျိုးမှမထားကြောင်း ကာရေဂါက တုံ့ပြန်ခဲ့ပါတယ်။ မိမိအနေနဲ့ ဒေးဗစ်လူးဝစ်ကို ဝေဖန်ခဲ့တာတွေက ပုဂ္ဂိုလ်ရေးအရမဟုတ်ဘူးလို့ကာရေဂါက ဆိုခဲ့ပါတယ်။

[ZAWGYI]

arsenal-fc-v-watford-fc-premier-league-1024x680
IMAGE: GOAL

⚽ တူရကီထိပ္သီးကလပ္ ဖီနာဘာခ်ီအေနနဲ႔ အာဆင္နယ္ေနာက္ခံလူ ကိုလာစီနက္ကို ေခၚယူဖို႔ ႀကိဳးပမ္းသြားဦးမွာ ျဖစ္ပါတယ္။ ဖီနာဘာခ်ီအေနနဲ႔ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ကတည္းက ကိုလာစီနက္ကို ေခၚယူဖုိ႔ ႀကိဳးပမး္ခဲ့ေပမဲ့ မေအာင္ျမင္ခဲ့တာပါ။

Getty-Images-1235520946-1
IMAGE: GOAL

⚽ အာဆင္နယ္ကစားသမားေဟာငး္ ေရးပါလာက အာဆင္နယ္အေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိဦးမွာမဟုတ္ဘဲ အဆင့္ ၅၊ အဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏဳိင္မွာျဖစ္ေၾကာင္း၊ အာဆင္နယ္အေနနဲ႔ ဒီရာသီမွာ စပါး၊ ၀က္စ္ဟမ္း၊ အဲဗာတန္တုိ႔နဲ႔သာ အဓိကထား ယွဥ္ၿပိဳင္ရမွာျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

⚽ အာဆင္နယ္အေနနဲ႔ လာမဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူသင့္တဲ့ ကစားသမားေတြကို All Football က မွတ္ခ်က္ျပဳေဖာ္ခဲ့ပါတယ္။ အဲဒီကစားသမားေတြက တုိရီႏိုတိုက္စစ္မွဴးဘီေလာ့တီ၊ ေအစီကြင္းလယ္လူ ကက္ဆီ၊ ဂလာဘတ္ခ်္ကြင္းလယ္ ဇာကာရီယာနဲ႔ ေအစီမီလန္က ရိုမန္ႏိုလီတို႔ ျဖစ္ပါတယ္။

Getty-Images-1341948730
IMAGE: GOAL

⚽ အာဆင္နယ္နညး္ျပအာတီတာက အာဆင္နယ္ရဲ႕ ကစားကြက္မွာ သူ႔အေနနဲ႔ ကြင္းလယ္လူေသာမတ္ပါေတးကို အဓိကအား တည္ေဆာက္လိုေနေၾကာင္း ESPN က ေဖာ္ျပထားပါတယ္။ အာတီတာဟာ ပါေတးကိုအားကိုးတႀကီး ေခၚခဲ့ေပမဲ့ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ခဲ့ရတာပါ။

Getty-Images-1342623201
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ဘရန္ုဖုိ႔ဒ္နညး္ျပ ေသာမတ္ဖရန္႔ကသူ႔အေနနဲ႔ အာဆင္နယ္နဲ႔ ထြက္ေပၚေနတဲ့ သတင္းေတြအေပၚ ရင္ခုန္မိေၾကာင္း၊ ဒါေပမဲ့ လက္ရွိမွာ သူ႔အေနနဲ႔ ဘရန္ဖု႔ိဒ္နဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနၿပီးအသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1345295457
IMAGE: GOAL

⚽ အာဆင္နယ္အသင္းမွာ ေလ့က်င့္ခန္း ျပန္ဆင္းေနတဲ့ ကြငး္လယ္လူ ၀ီလ္ရိႈင္းယားဟာ လက္ရွိအခ်ိန္မွာ သူ႔အေနနဲ႔ နည္းျပလက္မွတ္ရဖုိ႔ ႀကိဳးပမ္းေနေၾကာင္း၊ အာဆင္နယ္က သူ႔ကို ကူညီေပးေနသလို မိမိကလည္း လူငယ္ေတြကို ျပန္ကူညီေပးေနေၾကာငး္၊ အနာဂတ္မွာ တစ္ခုခုလုပ္မွာျဖစ္ေပမဲ့ လက္ရွိမွာ ေဘာလံုးကစားခ်င္ေသးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

oajgbgdqqtrhcovuhkr2
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနည္းျပ ဂြါဒီယိုလာက အာဆင္နယ္ပစ္မွတ္ထားေနတဲ့ ဆိုစီဒက္တုိက္စစ္မဴွး အီဆစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းလာခဲ့ၿပီ ျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ တုိက္စစ္မွဴးတစ္ဦးေခၚယူဖုိ႔႔ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

skysports-david-luiz-luiz-arsenal-5329503
IMAGE: GOAL

⚽ တခ်ိဳ႕လူေတြက ပရီးမီးယားလိဂ္ဖလား မရဘူးဘဲ ပရီးမီးယားလိဂ္ဖလား ဘယ္လိုရေအာင္လုပ္ရမလဲဆုိတာ ေျပာေနတာ ရယ္စရာႀကီးုလို႔ အာဆင္နယ္ေနာက္ခံလူေဟာင္း လူး၀စ္ရဲ႕ တုံ႔ျပန္စကားကိုဘယ္လိုစိတ္မ်ိဳးမွမထားေၾကာင္း ကာေရဂါက တုံ႔ျပန္ခဲ့ပါတယ္။ မိမိအေနနဲ႔ ေဒးဗစ္လူး၀စ္ကို ေ၀ဖန္ခဲ့တာေတြက ပုဂၢိဳလ္ေရးအရမဟုတ္ဘူးလို႔ကာေရဂါက ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!