14-Oct-2021 ပရီးမီးယားလိဂ္သတင္းမ်ား

[UNICODE]

2456-1637-2-59475894
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လက်စတာနည်းပြ ဘရန်ဒန်ဂျော်ရာအနေနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့နေရာကို အစားထိုးဝင်ရောက်လိုနေကြောင်း Daily Mail က ဖော်ပြထားပါတယ်။ ဂွါဒီယိုလာအနေနဲ့လက်ရှိစာချုပ်သက်တမ်းကုန်ရင် အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း ဖွင့်ဟထားခဲ့တာပါ။

3235603-66229328-2560-1440-1
IMAGE: GOAL

⚽ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက အပြောင်းအရွှေ့ သတင်းတွေနဲ့ပတ်သက်ပြီး ထိပ်တန်းအဆင့် အားကစားသမားတစ်ယောက်အနေနဲ့ ဒီလိုမျိုး ကောလဟာလတွေက ထွက်ပေါ်နေမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1345295457
IMAGE: GOAL

⚽ အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ကွင်းလယ်လူ ဝီလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာ သူ့အနေနဲ့ နည်းပြလက်မှတ်ရဖို့ ကြိုးပမ်းနေကြောင်း၊ အာဆင်နယ်က သူ့ကို ကူညီပေးနေသလို မိမိကလည်း လူငယ်တွေကို ပြန်ကူညီပေးနေကြောင်း၊ အနာဂတ်မှာ တစ်ခုခုလုပ်မှာဖြစ်ပေမဲ့ လက်ရှိမှာ ဘောလုံးကစားချင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

https-s3-images-sportbible-com-s3-content-9fa0f8106166df09395572db21b91810
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ တစ်ကမ္ဘာလုံးမှာ (၁၀) စီးသာ ထုတ်ဝေတဲ့ ယူရို (၉.၅) သန်းတန်Bugatti Centodieci ကားအသစ်ကို ဝယ်ယူလိုက်ကြောင်း သိရပါတယ်။ အဆိုပါကားဟာ ၂.၄ စက္ကန့်အတွင်း 0-100 km/h အထိ အရှိန်ပြင်းတယ်လို့ သိရပါတယ်။

https-s3-images-sportbible-com-s3-content-3381e3c261663f4ef5a54fc6c8c34e6b
IMAGE: GOAL

⚽ ဟန်ဂေရိပရိသတ်တွေအနေနဲ့ ပွဲမစခင်မိ ဒူးထောက်တဲ့ အပြုအမူကို ဆက်လက်လှောင်ပြောင်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဟန်ဂေရီတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းသားတွေအနေနဲ့ပွဲမစခင်မိ ဒူးထောက်ရာမှာ ဟန်ဂေရိပရိသတ်တချို့က အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

kante
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကွင်းလယ်လူကန်တီအနေနဲ့ Pizza Express က စားပွဲထိုးကောင်လေးနဲ့ ဓာတ်ပုံတွဲအရိုက်ခံခဲ့ပါတယ်။ ဒါကြောင့် ကန်တီရဲ့ နှိမ့်ချလိုမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

NINTCHDBPICT000559524056
IMAGE: GOAL

⚽ ဘောလုံးစီးပွားရေး ကျွမ်းကျင်းသူ ဒေါက်တာတွန်ဘက်ဆွန်က နယူးကာဆယ်အနေနဲ့ လာမဲ့ ၁၀ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ကြောင်း၊ နယူးကာဆယ်ပိုင်ရှင်သစ်ရဲ့ ချမ်းသာမှုက မန်စီးတီးပိုင်ရှင်တွေထက် (၁၀) ဆအထိ ပိုများနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

skysports-sam-johnstone-west-brom-5309776
IMAGE: GOAL

⚽ စပါးအနေနဲ့ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ၂၈ နှစ်အရွယ်ကစားသမားကို ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်းတို့ကလည်း ခေါ်ယူလိုလျက်ရှိနေပြီး သူ့ရဲ့စာချုပ်ကလာမဲ့နှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

[ZAWGYI]

2456-1637-2-59475894
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


kante
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!