14-Oct-2021 အေျပာင္းအေရႊ႕ သတင္းမ်ား

[UNICODE]

8b10aafae7c81288911dc66b333f7d3dca76eb1c
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် ဇန်နဝါရီမှာ စတင်ဆွေးနွေးသွားတော့မှာလို့ The Times က ဖော်ပြထားပါတယ်။ ၂၁ နှစ်အရွယ်တိုက်စစ်မူှးရဲ့ အေးဂျင့်ရွိုင်အိုလာဟာ မန်စီးတီးနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

2021-04-25-T133648-Z-142496889-UP1-EH4-P11-TAG4-RTRMADP-3-SOCCER-ITALY-FIO-JUV-REPORT
IMAGE: GOAL

⚽ စီးရီးအေကလပ် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းတွေထဲ ပြင်သစ်ထိပ်သီးကလပ ်ပီအက်စ်ဂျီလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၁ နှစ်အရွယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ဥရောပထိပ်သီးတော်တော်များများက ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။

3201241-65580088-2560-1440
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ရီးရဲအနေနဲ့ ရာသီကုန်ကျရင် ပေါ့ဂ်ဘာကို အလွတ်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Uc-Sampdoria-v-Ac-Milan-Genova-Italy-23-August-2021-Alessio-Romagnoli-of-Ac-Milan-looks-on-during-th
IMAGE: GOAL

⚽ အေစီမီလန် ကစားသမား ရိုမန်နိုလီဟာ အသင်းနဲ့အတူ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့အတွက ်ကြိုးပမ်းလျက် ရှိနေပါတယ်။ ၂၆ နှစ်အရွယ် ကစားသမားအနေနဲ့ လစာလျှော့ယူပြီး အသင်းမှာ ဆက်နေနိုင်ဖို့မျှော်လင့်လျက် ရှိနေတာပါ။

Franck-Kessie
IMAGE: GOAL

⚽ ဘာစီလိုနာအနေနဲ့ ပစ်မှတ်ထားနေတဲ့ အေစီမီလန်ကွင်းလယ်လူ ကက်ဆီကိုခေါ်ယူနိုင်ဖု့ိအတွက် ဝါရင့်ကွင်းလယ်လူ ဘက်စကွက်ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအနေနဲ့ လက်ရှိမှာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ကစားသမားတွေကို လစာပေးချေဖို့ရာခက်ခဲနေတာပါ။

Getty-Images-1232978259
IMAGE: GOAL

⚽ အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူသင့်တဲ့ ကစားသမားတွေကို All Football က မှတ်ချက်ပြုဖော်ခဲ့ပါတယ်။ အဲဒီကစားသမားတွေက တိုရီနိုတိုက်စစ်မှူး ဘီလော့တီ၊ အေစီကွင်းလယ်လူ ကက်ဆီ၊ ဂလာဘတ်ချ်ကွင်းလယ် ဇာကာရီယာနဲ့ အေစီမီလန်က ရိုမန်နိုလီတို့ ဖြစ်ပါတယ်။

skysports-andrea-pirlo-juventus-5397576
IMAGE: GOAL

⚽ ဂျူဗင်တပ်နည်းပြဟောင်း ပီယာလိုရဲ့အေးဂျင့်ဖြစ်သူကတော့ ပီယာလိုနဲ့ ဘာစီလိုနာတို့ရဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး လက်ရှိအချိန်မှာ ပီယာလိုအအေနေနဲ့ ဘယ်အသင်းနဲ့မှ ဆွေးနွေးတာမျိုး မရှိသေးကြောင်းဖွင့်ဟခဲ့ပါတယ်။

skysports-southampton-james-ward-prowse-5462992
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်ပရောက်စ်ကို ခေါ်ယူလိုလျက်ရှိနေကြောင်း သိရပါတယ်။ တူချယ်ဟာ ၂၆ နှစ်အရွယ်ကွင်းလယ်လူနဲ့ လက်တွဲလိုနေပြီး သူ့ရဲ့တန်ကြေးကတော့ ယူရိုသန်း ၅၀ ဝန်းကျင်ရှိနေပါတယ်။

[ZAWGYI]

8b10aafae7c81288911dc66b333f7d3dca76eb1c
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအေနနဲ႔ ေဒါ့မြန္တိုက္စစ္မွဴးဟာလနး္ကို ေခၚယူႏုိင္ဖုိ႔အတြက္ ဇန္န၀ါရီမွာ စတင္ေဆြးေႏြးသြားေတာ့မွာလုိ႔ The Times က ေဖာ္ျပထားပါတယ္။ ၂၁ ႏွစ္အရြယ္တုိက္စစ္မဴွးရဲ႕ ေအးဂ်င့္ရိြဳင္အိုလာဟာ မန္စီးတီးနဲ႔ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

2021-04-25-T133648-Z-142496889-UP1-EH4-P11-TAG4-RTRMADP-3-SOCCER-ITALY-FIO-JUV-REPORT
IMAGE: GOAL

⚽ စီးရီးေအကလပ္ ဖီအိုရင္တီးနားတိုက္စစ္မွဴး ဗလာဟိုဗစ္ကို ေခၚယူဖုိ႔ ႀကိဳးပမး္ေနတဲ့အသင္းေတြထဲ ျပင္သစ္ထိပ္သီးကလပ ္ပီအက္စ္ဂ်ီလည္း ပါ၀င္လာခဲ့ၿပီ ျဖစ္ပါတယ္။ ၂၁ ႏွစ္အရြယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ဥေရာပထိပ္သီးေတာ္ေတာ္မ်ားမ်ားက ပစ္မွတ္ထားေနၾကတာ ျဖစ္ပါတယ္။

3201241-65580088-2560-1440
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူဖုိ႔ ႀကိဳးပမ္းေနဆဲ ျဖစ္ပါတယ္။ ရီးရဲအေနနဲ႔ ရာသီကုန္က်ရင္ ေပါ့ဂ္ဘာကို အလြတ္နဲ႔ ေခၚယူႏုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

Uc-Sampdoria-v-Ac-Milan-Genova-Italy-23-August-2021-Alessio-Romagnoli-of-Ac-Milan-looks-on-during-th
IMAGE: GOAL

⚽ ေအစီမီလန္ ကစားသမား ရိုမန္ႏုိလီဟာ အသင္းနဲ႔အတူ စာခ်ဳပ္သက္တမ္း တိုးျမွင့္ႏုိ္င္ဖို႔အတြက ္ႀကိဳးပမး္လ်က္ ရွိေနပါတယ္။ ၂၆ ႏွစ္အရြယ္ ကစားသမားအေနနဲ႔ လစာေလွ်ာ့ယူၿပီး အသင္းမွာ ဆက္ေနႏုိင္ဖုိ႔ေမွ်ာ္လင့္လ်က္ ရွိေနတာပါ။

Franck-Kessie
IMAGE: GOAL

⚽ ဘာစီလိုနာအေနနဲ႔ ပစ္မွတ္ထားေနတဲ့ ေအစီမီလန္ကြင္းလယ္လူ ကက္ဆီကိုေခၚယူႏုိင္ဖု႔ိအတြက္ ၀ါရင့္ကြင္းလယ္လူ ဘက္စကြက္ကို ေရာင္းထုတ္သြားဖြယ္ ရွိေနပါတယ္။ ဘာစီလိုနာအေနနဲ႔ လက္ရွိမွာ ဘ႑ာေရး အၾကပ္အတည္းေၾကာင့္ ကစားသမားေတြကို လစာေပးေခ်ဖုိ႔ရာခက္ခဲေနတာပါ။

Getty-Images-1232978259
IMAGE: GOAL

⚽ အာဆင္နယ္အေနနဲ႔ လာမဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူသင့္တဲ့ ကစားသမားေတြကို All Football က မွတ္ခ်က္ျပဳေဖာ္ခဲ့ပါတယ္။ အဲဒီကစားသမားေတြက တုိရီႏိုတိုက္စစ္မွဴး ဘီေလာ့တီ၊ ေအစီကြင္းလယ္လူ ကက္ဆီ၊ ဂလာဘတ္ခ်္ကြင္းလယ္ ဇာကာရီယာနဲ႔ ေအစီမီလန္က ရိုမန္ႏိုလီတို႔ ျဖစ္ပါတယ္။

skysports-andrea-pirlo-juventus-5397576
IMAGE: GOAL

⚽ ဂ်ဴဗင္တပ္နညး္ျပေဟာင္း ပီယာလုိရဲ႕ေအးဂ်င့္ျဖစ္သူကေတာ့ ပီယာလိုနဲ႔ ဘာစီလိုနာတုိ႔ရဲ႕ သတင္းေတြကို ျငင္းဆန္သြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ ပီယာလိုအေအေနနဲ႔ ဘယ္အသင္းနဲ႔မွ ေဆြးေႏြးတာမ်ိဳး မရွိေသးေၾကာင္းဖြင့္ဟခဲ့ပါတယ္။

skysports-southampton-james-ward-prowse-5462992
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးနညး္ျပတူခ်ယ္အေနနဲ႔ ေဆာက္သမ္တန္ကြင္းလယ္လူ ၀က္ပေရာက္စ္ကို ေခၚယူလိုလ်က္ရွိေနေၾကာင္း သိရပါတယ္။ တူခ်ယ္ဟာ ၂၆ ႏွစ္အရြယ္ကြင္းလယ္လူနဲ႔ လက္တဲြလိုေနၿပီး သူ႔ရဲ႕တန္ေၾကးကေတာ့ ယူရိုသန္း ၅၀ ၀န္းက်င္ရွိေနပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!