14-Oct-2021 နံနက္ခင္း သတင္းမ်ား

[UNICODE]

0-Premier-League-Crystal-Palace-v-Leicester-Cityjp
IMAGE: GOAL

⚽ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာအနေနဲ့ နယူးကာဆယ်ကို ကိုင်တွယ်ဖု့ိ စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ နယူးကာဆယ်အနေနနဲ့ ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ပြီးနောက် စတိဗ်ဘရုရဲ့နေရာမှာ နည်းပြသစ်နဲ့ အစားထိုးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

06105d152943419c6a6cf1f1e9a4419e7c258496
IMAGE: GOAL

⚽ ဖီဖာမှာ တာဝန်ယူလုပ်ဆောင်နေတဲ့ အာဆင်ဝင်းဂါးက မကြာခင် ဘောလုံးပွဲတွေမှာ လူကျွံ့ဘောကို ဆုံးဖြတ်ရာမှာ နည်းစနစ်ပိုင်းကို ပိုမိုဦးစားပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိ VAR ရဲ့ ဆုံးဖြတ်ချက်ဟာ နှေးကွေးလျက်ရှိကြောင်း၊ ဒါကြောင့် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့ စီစဉ်လျက်ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

980012da25ec8222a34f09db0eba95c91214b33e
IMAGE: GOAL

⚽ မန်ယူလူငယ်ကြယ်ပွင့် အီလန်ဂါဟာ ဆွီဒင် ယူ-၂၁ အသင်းနဲ့အီ်တလီယူ-၂၁ အသင်းတို့ရဲ့ပွဲစဉ်မှာ ပြိုင်ဘက် အီတလီကစားသမားရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆွီဒင်ဘက်ကတော့ အီလန်ဂါဘက်က အပြည့်အ၀ ရပ်တည်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။

1336915647
IMAGE: GOAL

⚽ ချဲလ်ဆီးပရိသတ်တွေကတော့ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမဲ့ ဘရန်ဖု့ိဒ်နဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင် အန်ထော်နီတေလာ ကိုင်တွယ်မဲ့အသင်းကို စိုးရိမ်လျက် မြင့်မားလျက်ရှိနေပါတယ်။ အန်ထော်နီဟာ ချဲလ်ဆီးအသင်းကို ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးချမှတ်တတ်သူအဖြစ် ကျော်ကြားပြီး လီဗာပူးနဲ့ပွဲမှာလည်း ရီစီဂျိမ်းစ်ကို ထုတ်ပယ်ခဲ့ပါတယ်။

b8c60616761107aca31674ce60ffbe2798d0bd1c
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ လူငယ်ကြယ်ပွင့် ပတ်ဒရီကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ပတ်ဒရီကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀၀ ထည့်သွင်းချုပ်ဆိုသွားမှာပါ။

coutinho
IMAGE: GOAL

⚽ ဘာစီလိုနာအနေနဲ့ ကွင်းလယ်လူကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် လီဗာပူးထံ အကြွေး ယူရို ၄၂ သန်း ပေးချေဖို့ ကျန်ရှိနေသေးကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ကော်တင်ဟိုကို ယူရိုသန်း ၁၆၀ နဲ့ ခေါ်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို အပြည့်အ၀ ပေးချေနိုင်ခြင်း မရှိသေးတာပါ။

db23ff51b1efe16e451afece71c90500fbf98927
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးလူငယ်ကြယ်ပွင့်ဖိုဒန်ဟာ အသင်းနဲ့ ၆ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်တော့မှာပါ။ သူ့အနေနဲ့ မန်စီးတီးကို ငယ်ငယ်လေးကတည်းက အားပေးလာတာဖြစ်ကြောင်း၊ ကိုယ်အားပေးတဲ့အသင်းမှာ ကစားရတာ အကူအညီဖြစ်စေကြောင်း ဖိုဒန်က ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1346169374
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင် ကစားသမားဟောင်း အွန်နရီကတော့ အာဆင်နယ်အနေနဲ့ လက်ရှိမှာ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီလို့ မယုံသေးကြောင်း၊ မိမိတို့အနေနဲ့ စပါးကို အိမ်ကွင်းမှာ အမြဲတမ်း နိုင်နေကျဖြစ်ကြောင်း၊ အဝေးကွင်းမှာ အာဆင်နယ်ရဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို တွေ့မြင်လိုကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

[ZAWGYI]

0-Premier-League-Crystal-Palace-v-Leicester-Cityjp
IMAGE: GOAL

⚽ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာအေနနဲ႔ နယူးကာဆယ္ကို ကိုင္တြယ္ဖု႔ိ စိတ္္၀င္စားျခငး္ မရွိေၾကာင္း သိရပါတယ္။ နယူးကာဆယ္အေနနနဲ႔ ပိုင္ရွင္အေျပာင္းအလဲျဖစ္ေပၚၿပီးေနာက္ စတိဗ္ဘရုရဲ႕ေနရာမွာ နည္းျပသစ္နဲ႔ အစားထိုးသြားမယ္လုိ႔ သတင္းေတြ ထြက္ေပၚေနတာပါ။

06105d152943419c6a6cf1f1e9a4419e7c258496
IMAGE: GOAL

⚽ ဖီဖာမွာ တာ၀န္ယူလုပ္ေဆာင္ေနတဲ့ အာဆင္၀င္းဂါးက မၾကာခင္ ေဘာလံုးပြဲေတြမွာ လူကၽြံ႕ေဘာကို ဆံုးျဖတ္ရာမွာ နည္းစနစ္ပိုင္းကို ပိုမုိဦးစားေပးသြားမွာျဖစ္ေၾကာင္း၊ လက္ရွိ VAR ရဲ႕ ဆံုးျဖတ္ခ်က္ဟာ ေႏွးေကြးလ်က္ရွိေၾကာင္း၊ ဒါေၾကာင့္ ပိုမိုျမန္ဆန္စြာ ေဆာင္ရြက္ႏုိင္ဖုိ႔ စီစဥ္လ်က္ရွိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

980012da25ec8222a34f09db0eba95c91214b33e
IMAGE: GOAL

⚽ မန္ယူလူငယ္ၾကယ္ပြင့္ အီလန္ဂါဟာ ဆီြဒင္ ယူ-၂၁ အသင္းနဲ ႔အီ္တလီယူ-၂၁ အသင္းတုိ႔ရဲ႕ပြဲစဥ္မွာ ၿပိဳင္ဘက္ အီတလီကစားသမားရဲ႕ လူမ်ိဳးေရးခြဲျခားမႈကို ခံခဲ့ရေၾကာင္း သိရပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ဆီြဒင္ဘက္ကေတာ့ အီလန္ဂါဘက္က အျပည့္အ၀ ရပ္တည္သြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္ ။

1336915647
IMAGE: GOAL

⚽ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ ဒီတစ္ပတ္ ယွဥ္ၿပိဳင္ကစားမဲ့ ဘရန္ဖု႔ိဒ္နဲ႔ ပြဲစဥ္မွာ ကြင္းလယ္ဒိုင္ အန္ေထာ္နီေတလာ ကိုင္တြယ္မဲ့အသင္းကို စိုးရိမ္လ်က္ ျမင့္မားလ်က္ရိွေနပါတယ္။ အန္ေထာ္နီဟာ ခ်ဲလ္ဆီးအသင္းကို ျပင္းထန္တဲ့ ျပစ္ဒဏ္မ်ိဳးခ်မွတ္တတ္သူအျဖစ္ ေက်ာ္ၾကားၿပီး လီဗာပူးနဲ႔ပြဲမွာလည္း ရီစီဂ်ိမ္းစ္ကို ထုတ္ပယ္ခဲ့ပါတယ္။

b8c60616761107aca31674ce60ffbe2798d0bd1c
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာအေနနဲ႔ လူငယ္ၾကယ္ပြင့္ ပတ္ဒရီကို ၂၀၂၆ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတုိးျမွင့္ဖို႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဘာစီလုိနာအေနနဲ႔ ပတ္ဒရီကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း ၆၀၀ ထည့္သြင္းခ်ဳပ္ဆိုသြားမွာပါ။

coutinho
IMAGE: GOAL

⚽ ဘာစီလုိနာအေနနဲ႔ ကြငး္လယ္လူေကာ္တင္ဟိုကို ပရီးမီးယားလိဂ္ကလပ္ လီဗာပူးထံ အေၾကြး ယူရို ၄၂ သန္း ေပးေခ်ဖုိ႔ က်န္ရွိေနေသးေၾကာင္း သိရပါတယ္။ ဘာစီလုိနာဟာ ေကာ္တင္ဟိုကို ယူရိုသန္း ၁၆၀ နဲ႔ ေခၚခဲ့တာျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကးကို အျပည့္အ၀ ေပးေခ်ႏိုင္ျခင္း မရွိေသးတာပါ။

db23ff51b1efe16e451afece71c90500fbf98927
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ထိပ္သီးကလပ္ မန္စီးတီးလူငယ္ၾကယ္ပြင့္ဖိုဒန္ဟာ အသင္းနဲ႔ ၆ ႏွစ္သက္တမ္းရွိ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆုိႏုိင္ေတာ့မွာပါ။ သူ႔အေနနဲ႔ မန္စီးတီးကို ငယ္ငယ္ေလးကတည္းက အားေပးလာတာျဖစ္ေၾကာင္း၊ ကိုယ္အားေပးတဲ့အသင္းမွာ ကစားရတာ အကူအညီျဖစ္ေစေၾကာင္း ဖုိဒန္က ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1346169374
IMAGE: GOAL

⚽ အာဆင္နယ္ဂႏၳ၀င္ ကစားသမားေဟာင္း အြန္နရီကေတာ့ အာဆင္နယ္အေနနဲ႔ လက္ရွိမွာ လမ္းေၾကာင္းမွန္ေပၚ ေရာက္လာၿပီလုိ႔ မယံုေသးေၾကာင္း၊ မိမိတုိ႔အေနနဲ႔ စပါးကို အိမ္ကြင္းမွာ အၿမဲတမ္း ႏုိင္ေနက်ျဖစ္ေၾကာင္း၊ အေ၀းကြင္းမွာ အာဆင္နယ္ရဲ႕ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ေတြ႕ျမင္လိုေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!