14-Oct-2021 အေစာဆုံး သတင္းမ်ား

[UNICODE

3-Getty-Images-1343896608jpg-on
IMAGE: GOAL

⚽ လီဗာပူးဂန္ထဝင် ဂျွန်ဘန်းစ်ကတော့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့ မန်ယူရောက်ရင် ပုံစံတစ်မျိုးဖြစ်သွားကြောင်း၊ သူဟာ မန်ယူအသင်း ဖလားရရှိအောင်လို့ ကူညီပေးထားနိုင်ခြင်း မရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

118396
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနောက်ခံလူဟောင်း ဖရန့်လီဘော်က ချဲလ်ဆီးအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ထပ်မံဗိုလ်စွဲဖို့ မဖြစ်နိုင်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်ဖလားကို ကံကော်ငးလို့ ရခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

16341202937890
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာတိုက်စစ်မှူးသစ် အဂူရိုဟာ တတိယတန်းကလပ် ကော်နယ်လာနဲ့ တံခါးပိတ်ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ကြောင်း သိရပါတယ်။ အဂူရိုဟာ ဘာစီလိုနာကိုပြောင်းပြီးကတည်းက ဒဏ်ရာတွေကြောင့် ပွဲထွက်ကစားနိုင်ခြင်း မရှိသေးပါဘူး။

adrien-rabiot-juventus-pre-season-2021-22-19f4ji7lcaa8h1dzwphyfh33xr
IMAGE: GOAL

ပိုင်ရှင်အပြောင်းအလဲ ပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အနေနဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီအော့ဖ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဂျူဗင်တပ်နည်းပြ အမ်လီဂရီအနေနဲ့ ရာဘီအော့ဖ်ကို ကြိုက်နှစ်သက်ခြင်း မရှိဘဲ ဇန်နဝါရီမှာ့ဲ ရောင်းချလိုနေတာပါ။

c2d8bc1c77341ca0311177ec5a5af950-XL
IMAGE: GOAL

⚽ ပြင်သစ်နည်းပြ ဒမ့်ချက်စ်က တိုက်စစ်မှူးဘန်ဇီမာဟာ ရီးရဲမှာ ပြသထားတဲ့ခြေစွမ်းကို လက်ရွေးစင်အထိ သယ်ဆောင်လာနိုင်ကြောင်း၊ ဘန်ဇီမာအနေနဲ့ ဒီနှစ်အပိုင်းအခြားအတွင်း များစွာ တိုးတက်လာခဲ့ပြီး သူ့ရဲ့စွမ်းရည်အပေါ် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ginter-1-1-1024x681
IMAGE: GOAL

⚽ စီးရီးအေကလပ် အင်တာမီလန်အနေနဲ့ ဂလာဘတ်ချ်နောက်ခံလူ ဂင်တာကို ခေါ်ယူဖို့ မျက်စီကျလျက် ရှိနေပါတယ်။ ၂၃ နှစ်အရွယ် ကစားသမားကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

Noa-Lang-could-join-leeds-united-840x441
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေဲ့ ဘရုဂျက်တောင်ပံကစားသမား နိုယာလန်းကို ခေါ်ယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အာဆင်နယ်အနေနဲ့ ၂၂ နှစ်အရွယ် ကြယ်ပွင့် ကစားသမားအတွက် ပေါင် ၂၅ သန်း အသုံးပြုသွားမှာပါ။

skysports-neymar-brazil-5542626
IMAGE: GOAL

⚽ ဘရာဇီးဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကတော့ တိုက်စစ်မှူးနေမာဟာ အလွန်ထူးခြားတဲ့ ကစားသမားဖြစ်ကြောင်း၊ နေမာအနေနဲ့ သူ့ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးစေဖို့ မျှော်လင့်ကြောင်း၊ သူနဲ့ နေမာတို့ဟာ ဘရာဇီးမှာ အမှတ်တရကောင်းတွေ ပိုင်ဆိုင်ထားကြောင်း ဆိုခဲ့ပါတယ်။

[ZAWGYI]

3-Getty-Images-1343896608jpg-on
IMAGE: GOAL

⚽ လီဗာပူးဂႏၳ၀င္ ဂၽြန္ဘန္းစ္ကေတာ့ ျပင္သစ္ကြင္းလယ္လူ ေပါ့ဂ္ဘာအေနနဲ႔ မန္ယူေရာက္ရင္ ပံုစံတစ္မ်ိဳးျဖစ္သြားေၾကာင္း၊ သူဟာ မန္ယူအသင္း ဖလားရရွိေအာင္လို႔ ကူညီေပးထားႏုိင္ျခင္း မရွိေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။

118396
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဖရန္႔လီေဘာ္က ခ်ဲလ္ဆီးအေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ထပ္မံဗုိလ္စြဲဖို႔ မျဖစ္ႏုိင္ေၾကာင္း၊ ခ်ဲလ္ဆီးအေနနဲ႔ ၿပီးခဲ့တဲ့ရာသီကလညး္ ခ်န္ပီယံလိဂ္ဖလားကို ကံေကာ္ငးလို႔ ရခဲ့ျခင္းျဖစ္ေၾကာင္း ဖြင့္ဟခဲ့့ပါတယ္။

16341202937890
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာတိုက္စစ္မွဴးသစ္ အဂူရိုဟာ တတိယတန္းကလပ္ ေကာ္နယ္လာနဲ႔ တံခါးပိတ္ေျခစမ္းပြဲစဥ္မွာ ပါ၀င္ကစားခဲ့ၿပီး အသင္းအတြက္ ဂိုးသြင္းယူေပးခဲ့ေၾကာင္း သိရပါတယ္။ အဂူရိုဟာ ဘာစီလုိနာကိုေျပာင္းၿပီးကတည္းက ဒဏ္ရာေတြေၾကာင့္ ပြဲထြက္ကစားႏုိင္ျခင္း မရိွေသးပါဘူး။

adrien-rabiot-juventus-pre-season-2021-22-19f4ji7lcaa8h1dzwphyfh33xr
IMAGE: GOAL

ပိုင္ရွင္အေျပာင္းအလဲ ျပဳလုပ္ထားတဲ့ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္အေနနဲ႔ ဂ်ဴဗင္တပ္ကြင္းလယ္လူ ရာဘီေအာ့ဖ္ကို ေခၚယူဖုိ႔ စိတ္၀င္စားလ်က္ ရွိေနပါတယ္။ ဂ်ဴဗင္တပ္နည္းျပ အမ္လီဂရီအေနနဲ႔ ရာဘီေအာ့ဖ္ကို ႀကိဳက္ႏွစ္သက္ျခင္း မရွိဘဲ ဇန္န၀ါရီမွာ႔ဲ ေရာင္းခ်လိုေနတာပါ။

c2d8bc1c77341ca0311177ec5a5af950-XL
IMAGE: GOAL

⚽ ျပင္သစ္နညး္ျပ ဒမ့္ခ်က္စ္က တုိက္စစ္မွဴးဘန္ဇီမာဟာ ရီးရဲမွာ ျပသထားတဲ့ေျခစြမ္းကို လက္ေရြးစင္အထိ သယ္ေဆာင္လာႏုိင္ေၾကာင္း၊ ဘန္ဇီမာအေနနဲ႔ ဒီႏွစ္အပိုင္းအျခားအတြင္း မ်ားစြာ တုိးတက္လာခဲ့ၿပီး သူ႔ရဲ႕စြမး္ရည္အေပၚ ေပ်ာ္ရႊင္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ginter-1-1-1024x681
IMAGE: GOAL

⚽ စီးရီးေအကလပ္ အင္တာမီလန္အေနနဲ႔ ဂလာဘတ္ခ်္ေနာက္ခံလူ ဂင္တာကို ေခၚယူဖုိ႔ မ်က္စီက်လ်က္ ရွိေနပါတယ္။ ၂၃ ႏွစ္အရြယ္ ကစားသမားကို ရာသီကုန္မွာ အလြတ္နဲ႔ ေခၚယူႏုိင္မွာျဖစ္ပါတယ္။

Noa-Lang-could-join-leeds-united-840x441
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အေနဲ႔ ဘရုဂ်က္ေတာင္ပံကစားသမား ႏိုယာလန္းကို ေခၚယူဖို႔ ျပင္ဆင္မႈေတြ ျပဳလုပ္ေနပါတယ္။ အာဆင္နယ္အေနနဲ႔ ၂၂ ႏွစ္အရြယ္ ၾကယ္ပြင့္ ကစားသမားအတြက္ ေပါင္ ၂၅ သန္း အသံုးျပဳသြားမွာပါ။

skysports-neymar-brazil-5542626
IMAGE: GOAL

⚽ ဘရာဇီး၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားကေတာ့ တုိက္စစ္မွဴးေနမာဟာ အလြန္ထူးျခားတဲ့ ကစားသမားျဖစ္ေၾကာင္း၊ ေနမာအေနနဲ႔ သူ႔ရဲ႕ ေပ်ာ္ရႊင္မႈကို မဆံုးရႈံးေစဖုိ႔ ေမွ်ာ္လင့္ေၾကာင္း၊ သူနဲ႔ ေနမာတုိ႔ဟာ ဘရာဇီးမွာ အမွတ္တရေကာင္းေတြ ပိုင္ဆုိင္ထားေၾကာင္း ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!