13-Oct-2021 ခ်ဲလ္ဆီး သတင္းမ်ား

[UNICODE]

2982204-61199828-2560-1440
IMAGE: GOAL

⚽ လာလီဂါကလပ် ဆီဗီးလ်ဥက္ကဋ္ဌကက်ထရိုက ပြီးခဲ့တဲ့ နွေရာသီတုန်းက သူတို့ရဲ့ကြယ်ပွင့် ကွန်ဒီအတွက် ချဲလ်ဆီးကကမ်းလှမ်းတဲ့ ယူရိုသန်း ၅၀ ဟာ ကြွေးမြီးတွေကို ရှင်းလိုက်နိုင်တဲ့ ပမာဏဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ လူစာရင်းစုဖွဲ့မှု ပိုအားကောင်းလာဖို့ကိုပဲ ရွေးချယ်ခဲ့ကြောင်း၊ ဒါကို ရည်မှန်းချက်လို့ ခေါ်ဆိုတာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

edouard-mendy-accueille-senegal
IMAGE: GOAL

⚽ မန်ဒီအနေနဲ့ Ballon d”Or ဆု ဆန်ခါတင်စာရင်းမှာ မပါခဲ့တာကို ဝေဖန်ခဲ့တဲ့ နာပိုလီနောက်ခံလူ ကူလီဘာယီရဲ့လုပ်ရပ်ကို လီဗာပူးတိုက်စ်ကစားသမား မာနေးကလည်း ထောက်ခံခဲ့ပါတယ်။ မန်ဒီကို ဆန်ခါတင်စာရင်းမှာ ချန်ခဲ့တာ လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ကြောင်း မာနေးက ဆိုခဲ့တာပါ။

Getty-Images-1210195168
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်အနေနဲ့ တကယ်လို့ နယူးကာဆယ်ကို ကိုင်တွယ်ဖို့ အခွင့်အရေးရလာခဲ့ရင် လက်လွှတ်မခံသင့်ကြောင်း ဂျရူးက တိုက်တွန်းခဲ့ပါတယ်။ “ဒါက လမ်းပတ်အတွက် သေချာပေါက်ကောင်းမွန်တဲ့ ရွေးချယ်မှုပါ။ နယူးကာဆယ်က ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးလို့ ကျွန်တော့်အနေနဲ့ ယုံပါတယ်”လို့ ဂျရူးက ဆိုခဲ့ပါတယ်။

Getty-Images-1235825381
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတိုက်စစ်မူှး တီမိုဝါနာက သူ့အနေနဲ့ ဝေဖန်မှုတွေကို လျစ်လျူရှုပြီး အကောင်းဆုံးဖြစ်စေဖို့သာ ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ မက်ဆီဒိုးနီးယားကို နှစ်ဂိုးသွင်းယူခဲ့တဲ့ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1311398655-a759
IMAGE: GOAL

⚽ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဂျရူးက ကွင်းလယ်လူ ကန်တီမှာ ပျော်ပျော်နေတတ်ပြီး နှစ်လိုဖွယ်ကောင်းသူဖြစ်ကြောင်း၊ ကန်တီအနေနဲ့ အရာရာကို ဘယ်တော့မှ အရှုံးမပေးတတ်သူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

⚽ ဘရန်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ မတိုင်ခင် ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ကန်တီနဲ့ နောက်ခံလူ ရီစီဂျိမ်းစ်တို့အနေနဲ့ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်ဆင်းနေနိုင်ပြီဖြစ်ပါတယ်။

PRI-203527156
IMAGE: GOAL

⚽ အင်္ဂလန် ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က တကယ်လို့ ချဲလ်ဆီးအနေနဲ့ သူတို့ရဲ့တိုက်စစ်မှူေးဟောင်း အေဘရာဟမ်ချ်ကို ပြန်ခေါ်ရင်လည်း အံ့အားသင့်မိမှာ မဟုတ်ကြောင်း၊ အေဘရာဟမ်ချ်ဟာ ရိုးမားမှာ ဂိုးတွေ သွင်းနိုင်ပြီးကစားသမားဘဝကို ကျေနပ်စွာ ဖြတ်သန်းနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

[UNICODE]

2982204-61199828-2560-1440
IMAGE: GOAL

⚽ လာလီဂါကလပ္ ဆီဗီးလ္ဥကၠ႒ကက္ထရိုက ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက သူတုိ႔ရဲ႕ၾကယ္ပြင့္ ကြန္ဒီအတြက္ ခ်ဲလ္ဆီးကကမး္လွမ္းတဲ့ ယူရိုသန္း ၅၀ ဟာ ေၾကြးၿမီးေတြကို ရွင္းလိုက္ႏုိင္တဲ့ ပမာဏျဖစ္ေၾကာင္း၊ ဒါေပမဲ့ သူတုိ႔အေနနဲ႔ လူစာရင္းစုဖြဲ႕မႈ ပိုအားေကာင္းလာဖုိ႔ကိုပဲ ေရြးခ်ယ္ခဲ့ေၾကာင္း၊ ဒါကို ရည္မွန္းခ်က္လို႔ ေခၚဆုိတာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

edouard-mendy-accueille-senegal
IMAGE: GOAL

⚽ မန္ဒီအေနနဲ႔ Ballon d”Or ဆု ဆန္ခါတင္စာရင္းမွာ မပါခဲ့တာကို ေ၀ဖန္ခဲ့တဲ့ နာပိုလီေနာက္ခံလူ ကူလီဘာယီရဲ႕လုပ္ရပ္ကို လီဗာပူးတိုက္စ္ကစားသမား မာေနးကလည္း ေထာက္ခံခဲ့ပါတယ္။ မန္ဒီကို ဆန္ခါတင္စာရင္းမွာ ခ်န္ခဲ့တာ လက္မခံႏိုင္စရာလုပ္ရပ္ျဖစ္ေၾကာင္း မာေနးက ဆုိခဲ့တာပါ။

Getty-Images-1210195168
IMAGE: GOAL

⚽ ခ်ဲလ္ဆီးနည္းျပေဟာင္း လမး္ပတ္အေနနဲ႔ တကယ္လုိ႔ နယူးကာဆယ္ကို ကိုင္တြယ္ဖို႔ အခြင့္အေရးရလာခဲ့ရင္ လက္လႊတ္မခံသင့္ေၾကာင္း ဂ်ရူးက တိုက္တြန္းခဲ့ပါတယ္။ “ဒါက လမ္းပတ္အတြက္ ေသခ်ာေပါက္ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈပါ။ နယူးကာဆယ္က ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးလို႔ ကၽြန္ေတာ့္အေနနဲ႔ ယံုပါတယ္”လုိ႔ ဂ်ရူးက ဆုိခဲ့ပါတယ္။

Getty-Images-1235825381
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးတုိက္စစ္မဴွး တီမုိ၀ါနာက သူ႔အေနနဲ႔ ေ၀ဖန္မႈေတြကို လ်စ္လ်ဴရႈၿပီး အေကာင္းဆံုးျဖစ္ေစဖုိ႔သာ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာငး္၊ မက္ဆီဒိုးနီးယားကို ႏွစ္ဂိုးသြင္းယူခဲ့တဲ့ပြဲအၿပီးမွာ ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1311398655-a759
IMAGE: GOAL

⚽ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္းဂ်ရူးက ကြင္းလယ္လူ ကန္တီမွာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ႏွစ္လိုဖြယ္ေကာင္းသူျဖစ္ေၾကာင္း၊ ကန္တီအေနနဲ႔ အရာရာကို ဘယ္ေတာ့မွ အရႈံးမေပးတတ္သူျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

⚽ ဘရန္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ကစားဖို႔ မတုိင္ခင္ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ကန္တီနဲ႔ ေနာက္ခံလူ ရီစီဂ်ိမ္းစ္တုိ႔အေနနဲ႔ ေလ့က်င့္ခန္း အျပည့္အ၀ ျပန္ဆင္းေနႏုိ္င္ၿပီျဖစ္ပါတယ္။

PRI-203527156
IMAGE: GOAL

⚽ အဂၤလန္ ကစားသမားေဟာင္း ဂလင္းဂၽြန္ဆင္က တကယ္လို႔ ခ်ဲလ္ဆီးအေနနဲ႔ သူတုိ႔ရဲ႕တုိက္စစ္မွဴေးေဟာင္း ေအဘရာဟမ္ခ်္ကို ျပန္ေခၚရင္လည္း အံ့အားသင့္မိမွာ မဟုတ္ေၾကာင္း၊ ေအဘရာဟမ္ခ်္ဟာ ရိုးမားမွာ ဂိုးေတြ သြင္းႏုိ္င္ၿပီးကစားသမားဘ၀ကို ေက်နပ္စြာ ျဖတ္သန္းေနေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!