13-Oct-2021 မန္ခ်က္စတာယူႏုိက္တက္ သတင္းမ်ား

[UNICODE]

0-Getty-Images-1235429384
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ ်မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ နယူးကာဆယ်အနေနဲ့ ပိုင်ရှင်အပြောင်းအလဲပြုလုပ်ပြီးနောက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တော့မယ်ဆိုရင် မန်ယူကွင်းလယ်လူလင်ဂတ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

0-Getty-Images-1344741208
IMAGE: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ပိုယက်စ်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ကာဗာနီအနေနဲ့ စီရော်နယ်ဒိုကြောင့် အသင်းပြောင်းဖို့ စိတ်ဝင်စားနေမှာဖြစ်ကြောင်း၊ ကာဗာနီအနေနဲ့ ကံကောင်းခဲ့ခြင်း မရှိကြောင်း မှတ်ချက်ပြုသုံးသပ်ခဲ့ပါတယ်။

1-Getty-Images-1234586873
IMAGE: GOAL

⚽ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်အနေနဲ့ အသင်းမှာ အသားမကျဘဲ ခြေစွမ်းပြနိုင်ခြင်း မရှိသေးတဲ့အပေါ် မန်ယူနည်းပြအဖွဲ့ဝင်တွေက စိုးရိမ်လျက် ရှိနေကြကြောင်း Athletic က ဖော်ပြထားပါတယ်။ ဗန်ဒီဘတ်ချ်အနေနဲ့မန်ယူမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

2-Getty-Images-1344429226
IMAGE: GOAL

⚽ မန်ယူအသင်းသားတွေအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွှွတ်လိုက်ရစေမဲ့ ရှက်ဖီးလ်ကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပြီးနောက ်နည်းပြဆိုးလ်ရှားရဲ့ပုံစံကို အံ့အားသင့်ခဲ့ရကြောင်း သိရပါတယ်။ အဲဒီလိုမျိုး မဖြစ်မနေ အရေးပါတဲ့ပွဲမှာ ရှုံးခဲ့ပေမဲ့ ဆိုးလ်ရှားက ကစားသမားတွေကို ဘာမှ ဆူငေါက်ခြင်းမရှိဘဲ ဒီအတိုင်း အေးဆေးနေခဲ့တာပါ။

jules-kounde-sevilla-ktccfvz099vazp8yyjpzhch3
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ ချဲလ်ဆီး အဓိကပစ်မှတ်ထားခဲ့တဲ့ ဆီဗီးလ်နောက်ခံလူကွန်ဒီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာပါတယ်။ ချဲလ်ဆီးအနေနဲ့ ြ့ပီးခဲ့တဲ့အပြောင်းအရွှေ့မှာကွန်ဒီကို ကြိုးပမ်းခဲ့ပေမဲ့ ဆီဗီးလ်က သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၈၀ ကို တစ်ပြားမှလျှော့ခြင်း မရှိတာပါ။

man-utd-stars-harry-maguire-and-raphael-varane-2021
IMAGE: GOAL

⚽ လာမဲ့တစ်ပတ် ယှဉ်ပြိုင်ကစားရမဲ့ ပွဲစဉ်တွေမှာ မန်ယူနည်းပြဆိုးလ်ရှား ဖြေရှင်းရမဲ့ ပြဿနာ ၄ ရပ်ရှိနေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ ဗာရာနီနဲ့ မက်ဂွဲရားတို့ရဲ့ ဒဏ်ရာပြဿနာ၊ တောင်အမေရိကနိုင်ငံတွေနဲ့နိုင်ငံတကာပွဲကစားခဲ့ရတဲ့ ဖရက်နဲ့ ကာဗာနီတို့ရဲ့ အသင်းကို ပြန်ရောက်မှာနောက်ကျမှု အခြေအနေ၊ ရက်ဖို့ဒ်ရဲ့ ကြု့ခိုင်မှု အနေအထား၊ ဘစ်ဆာကာရဲ့ ပွဲပယ်ပြစ်ဒဏ်တို့ ဖြစ်ပါတယ်။

PRC-204551234
IMAGE: GOAL

⚽ မန်ယူအနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပါက အစားထိုးဖို့ ပစ်မှတ်ထားနေတဲ့ ကွန်တီနဲ့ ဇီဒန်းတို့လို ထိပ်တန်းနည်းပြတွေကို အခုအခါ နယူးကာဆယ်က ပစ်မှတ်ထားလာနိုင်ကြောင်း၊ ဒါကြောင့် မန်ယူအနေနဲ့ လာမဲ့ပွဲစဉ်တွေမှာ အနည်းငယ်လောက် ရလဒ်ဆိုးရင်ပဲ ဆိုးလ်ရှားကို ထုတ်ပယ်နိုင်ကြောင်း ပရီးမီးယားလိဂ်တိုက်စစ်မူှးဟောင်းကီဗင်ဖီးလစ်က သုံးသပ်ခဲ့ပါတယ်။

⚽ အာဆင်နယ်ကစားသမားဟောင်း ဝင်တာဘန်းက မန်ယူအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ရာ ဒီထက်ပိုပြီး ခပ်ကြမ်းကြမ်း၊ ခပ်မာမာ ကစားဖို့ လိုအပ်နေကြောင်း၊ မန်ယူအနေနဲ့ဘောလုံးဆုံးရှုံးသွားတဲ့အခါမျိုးတွေမှာ လျော့တိလျော့ရဲနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1235429384
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ ္မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ နယူးကာဆယ္အေနနဲ႔ ပိုင္ရွင္အေျပာင္းအလဲျပဳလုပ္ၿပီးေနာက္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ျပဳလုပ္ေတာ့မယ္ဆုိရင္ မန္ယူကြင္းလယ္လူလင္ဂတ္ကို ေခၚယူသင့္ေၾကာင္း တိုက္တြန္းခဲ့ပါတယ္။

0-Getty-Images-1344741208
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကစားသမားေဟာင္း ပိုယက္စ္က မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ကာဗာနီအေနနဲ႔ စီေရာ္နယ္ဒိုေၾကာင့္ အသင္းေျပာင္းဖို႔ စိတ္ဝင္စားေနမွာျဖစ္ေၾကာင္း၊ ကာဗာနီအေနနဲ႔ ကံေကာင္းခဲ့ျခင္း မရွိေၾကာင္း မွတ္ခ်က္ျပဳသုံးသပ္ခဲ့ပါတယ္။

1-Getty-Images-1234586873
IMAGE: GOAL

⚽ ကြင္းလယ္လူ ဗန္ဒီဘတ္ခ်္အေနနဲ႔ အသင္းမွာ အသားမက်ဘဲ ေျခစြမ္းျပႏိုင္ျခင္း မရွိေသးတဲ့အေပၚ မန္ယူနည္းျပအဖြဲ႕၀င္ေတြက စိိုးရိမ္လ်က္ ရွိေနၾကေၾကာင္း Athletic က ေဖာ္ျပထားပါတယ္။ ဗန္ဒီဘတ္ခ်္အေနနဲ႔မန္ယူမွာ ပြဲကစားခြင့္ရဖို႔ ရုန္းကန္ေနရဆဲ ျဖစ္ပါတယ္။

2-Getty-Images-1344429226
IMAGE: GOAL

⚽ မန္ယူအသင္းသားေတြအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လက္လႊြတ္လိုက္ရေစမဲ့ ရွက္ဖီးလ္ကို အံ့အားသင့္ဖြယ္ အေရးနိမ့္ခဲ့ၿပီးေနာက ္နည္းျပဆုိးလ္ရွားရဲ႕ပံုစံကို အံ့အားသင့္ခဲ့ရေၾကာင္း သိရပါတယ္။ အဲဒီလိုမ်ိဳး မျဖစ္မေန အေရးပါတဲ့ပြဲမွာ ရႈံးခဲ့ေပမဲ့ ဆုိးလ္ရွားက ကစားသမားေတြကို ဘာမွ ဆူေငါက္ျခင္းမရွိဘဲ ဒီအတုိင္း ေအးေဆးေနခဲ့တာပါ။

jules-kounde-sevilla-ktccfvz099vazp8yyjpzhch3
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏဳိက္တက္အေနနဲ႔ ခ်ဲလ္ဆီး အဓိကပစ္မွတ္ထားခဲ့တဲ့ ဆီဗီးလ္ေနာက္ခံလူကြန္ဒီကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြျပဳလုပ္လာပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ၿ႔ပီးခဲ့တဲ့အေျပာင္းအေရႊ႕မွာကြန္ဒီကို ႀကိဳးပမ္းခဲ့ေပမဲ့ ဆီဗီးလ္က သူ႔အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း ၈၀ ကို တစ္ျပားမွေလွ်ာ့ျခင္း မရွိတာပါ။

man-utd-stars-harry-maguire-and-raphael-varane-2021
IMAGE: GOAL

⚽ လာမဲ့တစ္ပတ္ ယွဥ္ၿပိဳင္ကစားရမဲ့ ပြဲစဥ္ေတြမွာ မန္ယူနည္းျပဆိုးလ္ရွား ေျဖရွင္းရမဲ့ ျပႆနာ ၄ ရပ္ရွိေနေၾကာင္း Metro က ေဖာ္ျပခဲ့ပါတယ္။ ဗာရာနီနဲ႔ မက္ဂြဲရားတို႔ရဲ႕ ဒဏ္ရာျပႆနာ၊ ေတာင္အေမရိကႏိုင္ငံေတြနဲ႔ႏိုင္ငံတကာပြဲကစားခဲ့ရတဲ့ ဖရက္နဲ႔ ကာဗာနီတို႔ရဲ႕ အသင္းကို ျပန္ေရာက္မွာေနာက္က်မႈ အေျခအေန၊ ရက္ဖို႔ဒ္ရဲ႕ ၾကဳ႕ခိုင္မႈ အေနအထား၊ ဘစ္ဆာကာရဲ႕ ပြဲပယ္ျပစ္ဒဏ္တို႔ ျဖစ္ပါတယ္။

PRC-204551234
IMAGE: GOAL

⚽ မန္ယူအေနနဲ႔ ဆုိးလ္ရွားကို ထုတ္ပယ္လိုက္ပါက အစားထုိးဖုိ႔ ပစ္မွတ္ထားေနတဲ့ ကြန္တီနဲ႔ ဇီဒန္းတုိ႔လို ထိပ္တန္းနည္းျပေတြကို အခုအခါ နယူးကာဆယ္က ပစ္မွတ္ထားလာႏုိင္ေၾကာငး္၊ ဒါေၾကာင့္ မန္ယူအေနနဲ႔ လာမဲ့ပြဲစဥ္ေတြမွာ အနည္းငယ္ေလာက္ ရလဒ္ဆုိးရင္ပဲ ဆုိးလ္ရွားကို ထုတ္ပယ္ႏုိင္ေၾကာင္း ပရီးမီးယားလိဂ္တုိက္စစ္မဴွးေဟာင္းကီဗင္ဖီးလစ္က သံုးသပ္ခဲ့ပါတယ္။

⚽ အာဆင္နယ္ကစားသမားေဟာင္း ဝင္တာဘန္းက မန္ယူအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ဖို႔ရာ ဒီထက္ပိုၿပီး ခပ္ၾကမ္းၾကမ္း၊ ခပ္မာမာ ကစားဖို႔ လိုအပ္ေနေၾကာင္း၊ မန္ယူအေနနဲ႔ေဘာလုံးဆုံးရႈံးသြားတဲ့အခါမ်ိဳးေတြမွာ ေလ်ာ့တိေလ်ာ့ရဲႏိုင္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!