13-Oct-2021 Tea Break သတင္းမ်ား
[UNICODE]
asl
IMAGE: GOAL
⚽ အာဆင်နယ်အသင်းရဲ့ ဘယ်ဂျီယံကြယ်ပွင့် လိုကွန်ဂါက သူ့အနေနဲ့ အာဆင်နယ်ကို မပြောင်းခင်မှာ ဘယ်ဂျီယံလက်ထောက်နည်းပြ အွန်နရီဆီကနေ အကြုံပြုချက် ရရှိခဲ့ခြင်း မရှိကြောင်း၊ လက်ရွေးစင်မှာ နှစ်ရက်ပဲ လေ့ကျင့်ခဲ့ရကြောင်း၊ ဒါပေမဲ့ အာဆင်နယ်ကိုပြောင်းလာပြီးမှာတော့ အသင်းရဲ့ပုံစံ၊ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တချို့ပေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
Er-Yu9-Bd-XIAAqil7
IMAGE: GOAL
⚽ ဘွန်ဒက်လီဂါထိပ်သီးကလပ် ဒေါ့မွန်အနေနဲ့ တကယ်လို့ တိုက်စစ်မူှးဟာလန်းသာ ထွက်သွားခဲ့ရင် အေဂျက်ဇ်တိုက်စစ်မူှး ဟယ်လာနဲ့ ပြန်လည်အစားထိုးသွားဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ အေဂျက်ဇ်နည်းပြကတော့ သူတို့ရဲ့တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး မြောက်များစွာ အလိုရှိနေတာပါ။
franck-kessie
IMAGE: GOAL
⚽ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အနေနဲ့ ကွင်းလယ်လူ ကက်ဆီကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ မျှော်လင့်ချက် မထားတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် အေစီအနေနဲ့ ကက်ဆီအနေနဲ့ ကက်ဆီကို ဇန်နဝါရီမှာပဲ ရတဲ့ဈေးတဲ့ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
gettyimages-1331909882-jpg-830604634
IMAGE: GOAL
⚽ ဂျူဗင်တပ်အနေနဲ့ ရာဘီအော့ဖ်နဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်လူ စီဘယ်လော့စ်တို့ကို အလဲအထပ်ပြုလုပ်လိုလျက် ရှိနေပါတယ်။ ဂျူဗီနည်းပြ အမ်လီဂရီအနေနဲ့ ကွင်းလယ်လူ ရာဘီအော့ဖ်ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ဇန်နဝါရီမှာ ရောင်းထုတ်လိုနေတာဖြစ်ပါတယ်။
Marcelo-Brozovic
IMAGE: GOAL
⚽ အင်တာမီလန်အနေနဲ့ တိုက်စစ်မူှးလော်တာရိုမာတီနက်ဇ်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှု ရပြီးနောက် ကွင်းလယ်လူ ဘရိုဇိုဗစ်ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ ဆွေးနွေးလျက် ရှိနေပါတယ်။
mini-1200x750-lenglet
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အနေနဲ့ ဘာစီလိုနာနောက်ခံလူ လန်လက်ချ်ကို ပစ်မှတ်ထားလာခဲ့ပါပြီ။ နယူးကာဆယ်ဟာ ပိုင်ရှင်သစ်လက်အောက်မှာ ပြုပြင်ပြောင်းလဲမှုတွေကိုပြုလုပ်သွားဖို့ စီစဉ်လျက်ရှိနေတာပါ။ ဘာစီလိုနာကလည်း လန်လက်ချ်ကို ရောင်းချဖို့ ကြိုးပမ်းနေတာပါ။
mini-Entrenament17092021-pic-2021-09-17entreno65
IMAGE: GOAL
⚽လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနောက်ခံလူ အာရူဂျိုအနေနဲ့ ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ် တံကောက်ကြော ဒဏ်ရာရရှိခဲ့ကြောင်း ဘာစီလိုနာက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
Sevilla-FC-v-Rayo-Vallecano-La-Liga-Santander-2cd3e2d15b50a5b838c5a68b89c7a346
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ ချဲလ်ဆီး အဓိကပစ်မှတ်ထားခဲ့တဲ့ ဆီဗီးလ်နောက်ခံလူကွန်ဒီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာပါတယ်။ ချဲလ်ဆီးအနေနဲ့ ြ့ပီးခဲ့တဲ့အပြောင်းအရွှေ့မှာ ကွန်ဒီကို ကြိုးပမ်းခဲ့ပေမဲ့ ဆီဗီးလ်က သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၈၀ ကို တစ်ပြားမှလျှော့ခြင်း မရှိတာပါ။
[ZAWGYI]
asl
IMAGE: GOAL
⚽ အာဆင်နယ်အသင်းရဲ့ ဘယ်ဂျီယံကြယ်ပွင့် လိုကွန်ဂါက သူ့အနေနဲ့ အာဆင်နယ်ကို မပြောင်းခင်မှာ ဘယ်ဂျီယံလက်ထောက်နည်းပြ အွန်နရီဆီကနေ အကြုံပြုချက် ရရှိခဲ့ခြင်း မရှိကြောင်း၊ လက်ရွေးစင်မှာ နှစ်ရက်ပဲ လေ့ကျင့်ခဲ့ရကြောင်း၊ ဒါပေမဲ့ အာဆင်နယ်ကိုပြောင်းလာပြီးမှာတော့ အသင်းရဲ့ပုံစံ၊ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အကြံဥာဏ်တချို့ပေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
Er-Yu9-Bd-XIAAqil7
IMAGE: GOAL
franck-kessie
IMAGE: GOAL
IMAGE: GOAL
Marcelo-Brozovic
IMAGE: GOAL
⚽ အင်တာမီလန်အနေနဲ့ တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှု ရပြီးနောက် ကွင်းလယ်လူ ဘရိုဇိုဗစ်ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ ဆွေးနွေးလျက် ရှိနေပါတယ်။
mini-1200x750-lenglet
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!