13-Oct-2021 အာဆင်နယ် သတင်းများ

[UNICODE]

IMAGE: GOAL

⚽ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျရူးကတော့ အာဆင်နယ်အနေနဲ့ အဆင့်လေးအတွင်း ဝင်ခွင့်ပြန်ရောက်မလားလို့ အမေးခံခဲ့ရာမှာတော့ “‘ဒါက မေးခွန်းကောင်းပါ။ အာတီတာအနေနဲ့ အဆင့်လေးအတွင်းပြန်ဝင်အောင် စွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

azeez-1
IMAGE: GOAL

⚽ ပို့စ်မောက်နည်းပြ ဒန်နီကော်လေကတော့ အာဆင်နယ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့်အဇီးဟာ တောက်ပလာမဲ့သူဖြစ်ကြောင်း၊ အဇီးအနေနဲ့ တာထွက်မလှပေမဲ့ ကစားသမားတွေရဲ့ဘဝဟာ အမြဲတမ်းလွယ်ကူခြင်းမရှိကြောင်း ဆိုခဲ့ပါတယ်။

balogun-4
IMAGE: GOAL

⚽ အာဆင်နယ်သတင်းထောက် ချာလက်ဝက်စ်ကတော့ အာဆင်နယ်အနေနဲ့ လူငယ်တိုက်စစ်မှူး ဘာလိုဂန်ကို ဇန်နဝါရီမှာ အငှားစေလွှတ်သင့်ကြောင်း၊ ဘာလိုဂန်အနေနဲ့ လက်ရှိအချိန်မှာ စီနီယာအဆင့်မှာ ကစားသင့်ပြီဖြစ်ကြောင်း၊ ဘာလိုဂန်ဟာ အငှားထွက်စားရင် စွမ်းဆောင်ရည်ကောင်းကို ပြနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Philippe-Clement-Club-Brugge-KV
IMAGE: GOAL

⚽ ဘရိုက်တန်ကစားသမားဖြစ်တဲ့ ထရိုဆော့က သူ့ရဲ့ဘရုဂျက်နည်းပြဟောင်းဖြစ်တဲ့ ကလီမန့်အနေနဲ့ အာဆင်နယ်လို အသင်းမျိုးကို ပြောင်းရွေ့ခြင်း မပြုသင့်သေးကြောင်း၊ ကလီမန့်အနေနဲ့ ပရီးမီးယားလိဂ်ကနုလာဖို့ဆိုရင် အရင်ဆုံး နော့ဝှစ်ခ်ျ၊ ဘန်လေတို့ကို စတင်ကိုင်တွယ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

Sambi
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် ကွင်းလယ်လူ လိုကွန်ဂါက သူ့အနေနဲ့ နံပါတ် ၆ နေရာထက်စာရင် နံပါတ် ၈ နေရာမှာ ပိုမိုကစားလိုကြောင်း၊ သူ့အနေနဲ့ တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါလှုပ်ရှားနိုင်တဲ့ပုံစံကို ပိုမိုနှစ်သက်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

skysports-mohamed-elneny-arsenal-5503792
IMAGE: GOAL

⚽ တူရကီထိပ်သီးကလပ် ဂါလာတာစာရေးနည်းပြအနေိဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်ကွင်းလယ်လူ အယ်လ်နီနီကိုညအရခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ အယ်လ်နီနီအနေနဲ့ အာဆင်နယ်မှာ နေရာမရတဲ့အတွက် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတာပါ။

Youssef-En-Nesyri-1
IMAGE: GOAL

⚽ အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းလဲလ်က အာတီတာအနေနဲ့ လာလီဂါကလပ်ဆီဗီးလ်တိုက်စစ်မှူးနက်စရီကို ခေါ်ယူသင့်ကြောင်း အကြံပြုတိုက်တွန်းခဲ့ပါတယ်။ နက်စရီဟာ ကစားသမားကောင်းဖြစ်ကာ လျင်မြန်သူဖြစ်ကြောင်း၊ ဂိုးဧရိယာအတွင်း ခြိမ်းခြောက်နိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

⚽ လာမဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာ နယူးကာဆယ်အနေနဲ့ အာဆင်နယ် ကစားသမား ၃ ဦးကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ နယူးကာဆယ်အနေနဲ့ တိုက်စစ်မှူး လာကာဇက်၊ မာတင်နယ်လီနဲ့ နောက်ခံလူ ဟိုလ်ဒင်းတို့ကို ပစ်မှတ်ထားနေတာပါ။

[ZAWGYI]

0-Getty-Images-993753892
IMAGE: GOAL


azeez-1
IMAGE: GOAL


balogun-4
IMAGE: GOAL


IMAGE: GOAL


Sambi
IMAGE: GOAL


IMAGE: GOAL


Youssef-En-Nesyri-1
IMAGE: GOAL





အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!