13-Oct-2021 အပြောင်းအရွှေ့ သတင်းများ
[UNICODE]
IMAGE: GOAL
⚽ အက်သလက်တီကိုနည်းပြ ဆီမြွှန်နီက သူ့အနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက မက်ဆီကို တိုက်ရိုက်မဆက်သွယ်ခဲ့ပေမဲ့ ဆွာရက်ဇ်ကနေတစ်ဆင့် မက်ဆီရဲ့ အခြေအနေကို မေးမြန်းခိုင်းခဲ့ကြောင်း၊ အဲဒီနောက် မက်ဆီကိုေ ခါ်ယူဖို့ အခွင့်အရေးအလွန်နည်းပါးတယ်ဆိုတာ သိရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
2920581-60005588-2560-1440
IMAGE: GOAL
⚽ ရီးရဲမက်ဒရစ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ဂျိုဗစ်တို့ကို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်က စောင့်ကြည့်လျက်ရှိနေကြောင်း Fichajes က ဖော်ပြထားတာပါ။ ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက ် နယူးကာဆယ်နဲ့ နာမည်ကျော် ကစားသမားတွေရဲ့သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာပါတယ်။
2982204-61199828-2560-1440
IMAGE: GOAL
⚽ လာလီဂါကလပ် ဆီဗီးလ်ဥက္ကဋ္ဌကက်ထရိုက ပြီးခဲ့တဲ့ နွေရာသီတုန်းက သူတို့ရဲ့ကြယ်ပွင့် ကွန်ဒီအတွက် ချဲလ်ဆီးကကမ်းလှမ်းတဲ့ ယူရိုသန်း ၅၀ ဟာ ကြွေးမြီးတွေကို ရှင်းလိုက်နိုင်တဲ့ ပမာဏဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ လူစာရင်းစုဖွဲ့မှု ပိုအားကောင်းလာဖို့ကိုပဲ ရွေးချယ်ခဲ့ကြောင်း၊ ဒါကို ရည်မှန်းချက်လို့ ခေါ်ဆိုတာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
adama-traore-wolves
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအနေနဲ့ ဝုဖ်တောင်ပံကစားသမား ထရာအိုရေးကို အရှိန်မြှင့် ကြိုးပမ်းလျက် ရှိနေပါတယ်။ လီဗာပူးဟာ ထရာအိုရေးကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေကတည်းက ခေါ်ယူဖို့ ကြိုးပမ်းနေပေမဲ့ မအောင်မြင်ဖြစ်နေတာပါ။
dani-ceballos-imago-730x430
IMAGE: GOAL
⚽ ရီးရဲမက်ဒရစ်ကွင်းလယ်ကြယ်ပွင့်စီဘယ်လော့အနေနဲ့ အသင်းဟောင်း ဘက်တစ်ကို ပြန်လည်ပြေပာင်းရွှေ့ဖို့ နီးစပ်လျက် ရှိနေပါတယ်။ စီဘယ်လော့အနေနဲ့ အာဆင်နယ်ကနေ ပြန်သွားပြီးနောက် ရီးရဲမှာ နေရာရဖို့ ရုန်းကန်နေရတာပါ။
franck-kessie
IMAGE: GOAL
⚽ ဘာစီလိုနာအနေနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ အေစီမီလန်ကွင်းလယ်လူ ကက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါပြီ။ အေစီအနေနဲ့ ကက်ဆီကို စာချုပ်သက်တမ်းတိုးမြှင့်လိုပေမဲ့ တောင်းဆိုတဲ့ လစာပမာဏကို ပေးချေလိုခြင်း မရှိတာပါ။
Getty-Images-1343153368
IMAGE: GOAL
⚽ ဘက်တစ်မှာ အငှားကစားနေတဲ့ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်က သူ့အနေနဲ့ လာမဲ့နှစ်မှာ အာဆင်နယ်ကို ပြန်လာဖွယ်မရှိကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ ဘယ်လာရင်ဟာ အာဆင်နယ်မှာ နေရာရခဲ့ခြင်း မရှိဘဲ ရုန်းကန်ခဲ့ရတာပါ။
SSC-Napoli-v-SS-Lazio-Serie-A-fb4ce16cbb7a59e6ad83392203e837d0
IMAGE: GOAL
⚽ နာပိုလီတိုက်စစ်မူှး အင်ဆစ်ဂ်နီကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ၃၀ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး နာပိုလီနဲ့ စာချုပ်သက်တမ်းတိုးခြင်း မရှိကာ အသင်းပြောင်းဖို့ နီးစပ်နေတာပါ။
[ZAWGYI]
3e70ce62ed8e41685126f8c4bfe7e475b33498f5
IMAGE: GOAL
⚽ အက်သလက်တီကိုနည်းပြ ဆီမြွှန်နီက သူ့အနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက မက်ဆီကို တိုက်ရိုက်မဆက်သွယ်ခဲ့ပေမဲ့ ဆွာရက်ဇ်ကနေတစ်ဆင့် မက်ဆီရဲ့ အခြေအနေကို မေးမြန်းခိုင်းခဲ့ကြောင်း၊ အဲဒီနောက် မက်ဆီကိုေ ခ်ါယူဖို့ အခွင့်အရေးအလွန်နည်းပါးတယ်ဆိုတာ သိရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
IMAGE: GOAL
IMAGE: GOAL
adama-traore-wolves
IMAGE: GOAL
IMAGE: GOAL
franck-kessie
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!