13-Oct-2021 ပြဲၿပီးသံုးသပ္ခ်က္ႏွင့္ နံနက္ခင္း သတင္းမ်ား

[ေUNICODE] ပါ်တူဂီ ၅-၀ လတ်ဇင်းဘတ်

33713ec9a763cce3b8cf73bc5ef6f070-XL
IMAGE: GOAL

ပေါ်တူဂီကတော့ စီရော်နယ်ဒိုအပါအဝင် အဓိကကစားသမားတွေကို အစုံအလင်ထည့်သွင်းပြီး လတ်ဇင်းဘတ်ကို ဂိုးမိုးရွာခဲ့ပါတယ်။ လတ်ဇင်းဘတ်အနေနဲ့ ပေါ်တူဂီကို အကောင်းဆုံးတုံ့ပြန်ဖု့ိ ကြိုးပမ်းခဲ့ပေမဲ့ အင်အားချင်းကွာခြားလွန်းခဲ့ပါတယ်။ ပေါ်တူဂီကပဲ ပွဲအစကတည်းက ဖိအားပေးခဲ့ပြီး ဂိုးတွေကို စီရော်နယ်ဒိုက ဟက်ထရစ်၊ ဖာနန်ဒက်စ်နဲ့ ပေါ်လင်ဟာတို့က သွင်းပေးခဲ့ပါတယ်။ ဒါဟာ စီရော်နယ်ဒိုအတွက်တော့ ကစားသမားဘ၀ ၅၈ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး ပေါ်တူဂီအတွက်တော့ ၁၀ ကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။

အင်္ဂလန် ၁-၁ ဟန်ဂေရီ

16340595725556
IMAGE: GOAL

အင်္ဂလန်ကတော့ ကိန်း၊ ဂရီးလစ်ရှ်၊ စတာလင်တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ထည့်သွင်းကစားခဲ့ပေမဲ့ ဟန်ဂေရီရဲ့ မာကျောမှုကို ယှဉ်နိုင်ခြင်း မရှိဘဲ နိုင်ပွဲပျောက်ခဲ့ပါတယ်။ ၂၄ မိနစ်မှာကတည်းက ဟန်ဂေရီက ပင်နယ်တီကနေ ဦးဆောင်ဂိုးရခဲ့ပြီး အင်္ဂလန်အတွက် ၃၇ မိနစ်မုှာ ဂျွန်စတုန်းက ပြန်ချေပပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အင်္ဂလန်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးနိုင်ခဲေ့ပမဲ့ ဟန်ဂေရီနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းတော့ မရှိပါဘူး။

5f894
IMAGE: GOAL

⚽ လာလီဂါကလပ် ဘတ်တစ်အနေနဲ့ ကွင်းလယ်လူဖီကာကို စာချုပ်ဖျက်သိမ်းကြေးရဲ့ တစ်ဝက်လောက်ရရင်ပဲ လက်လွှတ်သွားတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ဖီကာကတော့ ဘက်တစ်မှာပျော်ရွှင်နေပြီး အသင်းပြောင်းလိုခြင်း မရှိပါဘူး။

1200-L-arsenal-le-discours-plein-d-optimisme-d-arteta
IMAGE: GOAL

⚽ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျရူးကတော့ အာဆင်နယ်အနေနဲ့ အဆင့်လေးအတွင်း ဝင်ခွင့်ပြန်ရောက်မလားလို့ အမေးခံခဲ့ရာမှာတော့ “‘ဒါက မေးခွန်းကောင်းပါ။ အာတီတာအနေနဲ့ အဆင့်လေးအတွင်း ပြန်ဝင်အောင် စွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

4898
IMAGE: GOAL

⚽ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂) နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ချင်နေတဲ့ အာဆင်ဝင်းဂါးရဲ့ အစီအစဉ်က အဓိပ္ပာယ်မရှိကြောင်း၊ ဒါဟာ ကစားသမားတွေအတွက် နွေရာသီ အားလပ်ရက် နည်းပါးသွားနည်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

31986dce0e15da897fabc8e1e223fb8c
IMAGE: GOAL

⚽ ဘရန်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ မတိုင်ခင် ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ကန်တီနဲ့ နောက်ခံလူ ရီစီဂျိမ်းစ်တို့အနေနဲ့ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်ဆင်းနေနိုင်ပြီဖြစ်ပါတယ်။

16340345359040
IMAGE: GOAL

⚽ အီတလီနဲ့ပွဲမှာ အေစီပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရတဲ့ ဂိုးသမား ဒွန်နာရမ်မာက လက်မှာအေစီမီလန်ပုံကို တက်တူးထိုးပြီး သူ့နှလုံးသားကို သက်သေပြခဲ့ပါတယ်။ လှောင်ပြောင်မှုတွေက သူ့အတွက်တော့ စိတ်ပျက်စေကြောင်း၊ သူ့အနေနဲ့ အေစီမီလန်ကို အလွန်ချစ်ခင်ပြီး နှလုံးသားထဲမှာ အမြဲရှိကြောင်း ဒွန်နာရမ်မာက ဖွင့်ဟခဲ့ပါတယ်။

fbl-esp-liga-barcelona-real-madrid-6-1-1-scaled
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ပတ်ဒရီနဲ့ဖာတီတို့ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်မယ်လို့ ယုံကြည်ချက် အပြည့်အ၀ ရှိနေပါတယ်။ ဘာစီလိုနာအနေနဲ့ သူတို့အတွ့် မက်မောဖွယ်ရာ စာချုပ်သက်တမ်းမျိုးနဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

[ေZAWGYI] ပၚတူဂီ ၅-၀ လတ္ဇင္းဘတ္

33713ec9a763cce3b8cf73bc5ef6f070-XL
IMAGE: GOAL

ေပၚတူဂီကေတာ့ စီေရာ္နယ္ဒိုအပါအ၀င္ အဓိကကစားသမားေတြကို အစံုအလင္ထည့္သြင္းၿပီး လတ္ဇင္းဘတ္ကို ဂိုးမိုးရြာခဲ့ပါတယ္။ လတ္ဇင္းဘတ္အေနနဲ႔ ေပၚတူဂီကို အေကာင္းဆံုးတုံ႔ျပန္ဖု႔ိ ႀကိဳးပမ္းခဲ့ေပမဲ့ အင္အားခ်င္းကြာျခားလြန္းခဲ့ပါတယ္။ ေပၚတူဂီကပဲ ပြဲအစကတည္းက ဖိအားေပးခဲ့ၿပီး ဂိုးေတြကို စီေရာ္နယ္ဒိုက ဟက္ထရစ္၊ ဖာနန္ဒက္စ္နဲ႔ ေပၚလင္ဟာတုိ႔က သြင္းေပးခဲ့ပါတယ္။ ဒါဟာ စီေရာ္နယ္ဒိုအတြက္ေတာ့ ကစားသမားဘ၀ ၅၈ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္ခဲ့ၿပီး ေပၚတူဂီအတြက္ေတာ့ ၁၀ ႀကိမ္ေျမာက္ျဖစ္ခဲ့ပါတယ္။

အဂၤလန္ ၁-၁ ဟန္ေဂရီ

16340595725556
IMAGE: GOAL

အဂၤလန္ကေတာ့ ကိန္း၊ ဂရီးလစ္ရွ္၊ စတာလင္တို႔လို အဓိက ကစားသမား အစံုအလင္နဲ႔ ထည့္သြင္းကစားခဲ့ေပမဲ့ ဟန္ေဂရီရဲ႕ မာေက်ာမႈကို ယွဥ္ႏိုင္ျခင္း မရွိဘဲ ႏုိင္ပြဲေပ်ာက္ခ့ဲပါတယ္။ ၂၄ မိနစ္မွာကတည္းက ဟန္ေဂရီက ပင္နယ္တီကေန ဦးေဆာင္ဂိုးရခဲ့ၿပီး အဂၤလန္အတြက္ ၃၇ မိနစ္မုွာ ဂၽြန္စတုန္းက ျပန္ေခ်ပေပးခဲ့ပါတယ္။ ဒုတိယပိုင္းမွာ အဂၤလန္တုိ႔ ေဘာလံုးပိုင္ဆုိင္မႈအသာနဲ႔ ဖိအားေပးႏိုင္ခဲေ့ပမဲ့ ဟန္ေဂရီေနာက္တန္းကို ေက်ာ္ျဖတ္ႏုိင္ျခင္းေတာ့ မရွိပါဘူး။

5f894
IMAGE: GOAL

⚽ လာလီဂါကလပ္ ဘတ္တစ္အေနနဲ႔ ကြင္းလယ္လူဖီကာကို စာခ်ဳပ္ဖ်က္သိမး္ေၾကးရဲ႕ တစ္၀က္ေလာက္ရရင္ပဲ လက္လႊတ္သြားေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ ဒါေပမဲ့ ဖီကာကေတာ့ ဘက္တစ္မွာေပ်ာ္ရႊင္ေနၿပီး အသင္းေျပာင္းလိုျခင္း မရွိပါဘူး။

1200-L-arsenal-le-discours-plein-d-optimisme-d-arteta
IMAGE: GOAL

⚽ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း ဂ်ရူးကေတာ့ အာဆင္နယ္အေနနဲ႔ အဆင့္ေလးအတြင္း ၀င္ခြင့္ျပန္ေရာက္မလားလို႔ အေမးခံခဲ့ရာမွာေတာ့ “‘ဒါက ေမးခြန္းေကာင္းပါ။ အာတီတာအေနနဲ႔ အဆင့္ေလးအတြင္း ျပန္၀င္ေအာင္ စြမ္းေဆာင္ႏုိင္မယ္လုိ႔ ထင္ပါတယ္”လို႔ ဖြင့္ဟခဲ့့ပါတယ္။

4898
IMAGE: GOAL

⚽ အဂၤလန္နည္းျပ ေဆာက္ဂိတ္ကေတာ့ ကမာၻ႕ဖလားၿပိဳင္ပြဲကို (၂) ႏွစ္တစ္ႀကိမ္ က်င္းပျပဳလုပ္ခ်င္ေနတဲ့ အာဆင္၀င္းဂါးရဲ႕ အစီအစဥ္က အဓိပၸာယ္မရွိေၾကာင္း၊ ဒါဟာ ကစားသမားေတြအတြက္ ေႏြရာသီ အားလပ္ရက္ နည္းပါးသြားနည္းေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

31986dce0e15da897fabc8e1e223fb8c
IMAGE: GOAL

⚽ ဘရန္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ကစားဖို႔ မတုိင္ခင္ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ကန္တီနဲ႔ ေနာက္ခံလူ ရီစီဂ်ိမ္းစ္တုိ႔အေနနဲ႔ ေလ့က်င့္ခန္း အျပည့္အ၀ ျပန္ဆင္းေနႏုိ္င္ၿပီျဖစ္ပါတယ္။

16340345359040
IMAGE: GOAL

⚽ အီတလီနဲ႔ပြဲမွာ ေအစီပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကိုခံခဲ့ရတဲ့ ဂိုးသမား ဒြန္နာရမ္မာက လက္မွာေအစီမီလန္ပံဳကို တက္တူးထိုးၿပီး သူ႔ႏွလံုးသားကို သက္ေသျပခဲ့ပါတယ္။ ေလွာင္ေျပာင္မႈေတြက သူ႔အတြက္ေတာ့ စိတ္ပ်က္ေစေၾကာင္း၊ သူ႔အေနနဲ႔ ေအစီမီလန္ကို အလြန္ခ်စ္ခင္ၿပီး ႏွလံုးသားထဲမွာ အၿမဲရွိေၾကာင္း ဒြန္နာရမ္မာက ဖြင့္ဟခဲ့ပါတယ္။

fbl-esp-liga-barcelona-real-madrid-6-1-1-scaled
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာအေနနဲ႔ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ပတ္ဒရီနဲ႔ဖာတီတုိ႔ကို စာခ်ဳပ္သက္တမး္ တုိးျမွင့္ႏိုင္မယ္လုိ႔ ယံုၾကည္ခ်က္ အျပည့္အ၀ ရွိေနပါတယ္။ ဘာစီလိုနာအေနနဲ႔ သူတုိ႔အတြ႕္ မက္ေမာဖြယ္ရာ စာခ်ဳပ္သက္တမ္းမ်ိဳးနဲ႔ ကမ္းလွမ္းထားတာ ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!