13-Oct-2021 အေစာဆုံး သတင္းမ်ား
[ZAWGYI]
3122065-63997028-2560-1440
IMAGE: GOAL
⚽ ပြင်သစ်နည်းပြ ဒမ့်ချက်စ်က တိုက်စစ်မှူးဘန်ဇီမာဟာ ရီးရဲမှာ ပြသထားတဲ့ခြေစွမ်းကို လက်ရွေးစင်အထိ သယ်ဆောင်လာနိုင်ကြောင်း၊ ဘန်ဇီမာအနေနဲ့ ဒီနှစ်အပိုင်းအခြားအတွင်း များစွာ တိုးတက်လာခဲ့ပြီး သူ့ရဲ့စွမ်းရည်အပေါ် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
1233654301-0
IMAGE: GOAL
⚽ စီးရီးအေကလပ် အင်တာမီလန်အနေနဲ့ ဂလာဘတ်ချ်နောက်ခံလူ ဂင်တာကို ခေါ်ယူဖို့ မျက်စီကျလျက် ရှိနေပါတယ်။ ၂၃ နှစ်အရွယ် ကစားသမားကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
Bt0-Qbz7-CQAAv-Ex5
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဒါရိုက်တာဟောာင်းတစ်ဦးဖြစ်သူ နယူတန်က လူကာကူအနေနဲ့ သူ့ရဲ့ ပထမအကြိမ် ချဲလ်ဆီးကစားသမားဘဝမှာ အဆင့်သင့်မဖြစ်ခဲ့ကြောင်း၊ သူက နံပါတ် ၉ နေရာအတွက် အဆင်သင့်မဖြစ်ခဲ့ဘဲ ဒရော့ဂ်ဘာလို ကစားသမားမျိုး မဟုတ်ခဲ့ကြောင်း၊ နောက်ပြီး လူကာကူအနေနဲ့ ဒရော့ဂ်ဘာနဲ့ ခိုင်နှိုင်းခံခဲ့ရတာလည်း မမျှတကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
dusan-vlahovic-1wsw8yw9xr12r1hmubmjdmnf6s
IMAGE: GOAL
⚽ စီးရီးအေကလပ် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ရီးရဲမက်ဒရစ်လည်း ပါဝင်လာခဲ့ပါပြီ။ ဗလာဟိုဗစ်အနေနဲ့ ဖီအိုရင်တီးနားရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားပြီး သူ့ကို ဥရောပထိပ်သီးတေ်ာတော်များများက ပစ်မှတ်ထားလျက် ရှိနေပါတယ်။
Luis-Maximiano
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ ဂိုးသမားသစ်တစ်ဦး ခေါ်ယူလိုလျက် ရှိနေပါတယ်။ ဘာစီလိုနာအနေနဲ့ တာစတီဂျန်ရဲ့ နေရာကို ရေရှည်အစားထိုးဖို့ ဂိုးသမားရှာဖွေနေတာဖြစ်ပြီး ဂရန်နာဒါရဲ့ ၂၂နှစ်အရွယ် ဂိုးသမား မက်ဆီမီယာနိုကို ပစ်မှတ်ထားနေပါတယ်။
new-File-4
IMAGE: GOAL
⚽ ပီအက်စ်ဂျီမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဝီနယ်ဒမ်က သူ့အနေနဲ့ အပြည့်အ၀ ပျော်ရွှင်ခြင်း မရှိသေးကြောင်း၊ လက်ရှိအခြေအနေဟာ သူလိုချင်တဲ့ ပုံစံမျိုး မဟုတ်သေးကြောင်း၊ ဘောလုံးက ဒီလိုပဲဖြစ်ပြီး သူ့အနေနဲ့သင်ယူမှုတွေ ပြုလုပ်ဖို့လိုအပ်လျက် ရှိနေကြောင်း ဆိုခဲ့ပါတယ်
skysports-arsene-wenger-football-4488366
IMAGE: GOAL
⚽ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးအနေနဲ့ အာဆင်နယ်ကနေ ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နည်းပြလောကထဲကို ပြန်ဝင်မှာပါ။ ဒါကတော့ လာမဲ့နှစ်အတွင်း ပီအက်စ်ဂျီနဲ့ ဆော်ဒီကလပ်တို့ရဲ့ချစ်ကြည်ရေးပွဲစဉ်အဖြစ် ကစားမဲ့ 2022 Riyadh Season Cup မှာ အာဆင်ဝင်းဂါးက ဆော်ဒီကလပ်ဘက်ကနေ ဝင်ရောက်ကိုင်တွယ်ပေးသွားမှာ ဖြစ်ပါတယ်။
skysports-raphael-varane-france-5542393
IMAGE: GOAL
⚽ စပိန်နဲ့ ကစားခဲ့တဲ့ ယူရိုနေးရှင်းလိဂ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နောက်ခံလူ ဗာရာနီအနေနဲ့ ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရမှာဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ဗာရာနီအနေနဲ့မန်ယူရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပြီး ဒါက အသင်းအတွက် ထိုးနှက်ချက်တစ်ခုပါပဲ။
[ZAWGYI]
3122065-63997028-2560-1440
IMAGE: GOAL
1233654301-0
IMAGE: GOAL
Bt0-Qbz7-CQAAv-Ex5
IMAGE: GOAL
IMAGE: GOAL
Luis-Maximiano
IMAGE: GOAL
new-File-4
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!