28-Sep-2021 အေစာဆံုး သတင္းမ်ား

[UNICODE]

0-Getty-Images-1317474821
IMAGE : GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှ မန်ယူဝါရင့်တိုက်စစ်မှူး ကာဗာနီကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ စီရော်နယ်ဒိုရောက်လာပြီးနောက် ကာဗာနီဟာ မန်ယူမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ ကာဗာနီရဲ့တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းခွဲက ဘာစီအတွက် အခက်တွေ့ဖွယ် ရှိနေပါတယ်။

3000
IMAGE : GOAL

⚽ ဆမ်ဒိုးရီးယားကွင်းလယ်လူ ဒမ်းစ်ဂတ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းတွေထဲ ဂျူဗင်တပ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားကို ပရီးမီးယားလိဂ်ကလပ် စပါးက ပစ်မှတ်ထားနေပါတယ်။ ဒမ်းစ်ဂတ်ဟာ ဆမ်ဒိုးရီးယားနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး လာမဲ့နှစ်ကျရင် သူ့ကိုပေါင် ၁၈ သန်းတည်းနဲ့ ခေါ်နိုင်မယ်လို့ သိရပါတယ်။

3223879-65994848-2560-1440
IMAGE : GOAL

⚽ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်လူငယ်ကြယ်ပွင့်ဆာကာက သူတို့အနေနဲ့ ဒီရာသီမှာ ဆုဖလားအောင်မြင်မှု ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း၊ စပါးနဲ့ ပွဲတုန်းကလိုမျိုးသာ ကစားရင် အောင်မြင်မှုရဖို့အခွင့်အလမ်းများမှာဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

alexander-arnold-alisson-robertson-liverpool-2021-1b71g8fsh2fks165xkqhgs02io
IMAGE : GOAL

⚽ လီဗာပူနးည်းပြက ကလော့ကတော့ နောက်ခံလူအာနုးိလ်နဲ့ ရော်ဘတ်ဆန်၊ ဂိုးသမား အယ်လစ်ဆန်တို့ဟာလည်း အသင်းခေါင်းဆောင် အုပ်စုထဲမှာပါဝင်ကြောင်း၊ ဒဏ်ရာပြဿနာတွေကြောင့် အခုလို အသင်းခေါင်းဆောင် အရေအတွက်ကို တိုမြှင့်ရခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

donnarumma-2026
IMAGE : GOAL

⚽ စူပါအေးဂျင့်ရွိုင်အိုလာက သူရဲ့ကစားသမား ဒွန်နာရမ်မာဟာ အသင်းတွေ ထွက်ပေါ်နေသလိုမျိုး ပီအက်စ်ဂျီမှာ ပျော်ရွှင်ခြင်းမရှိဘူးဆိုတာ မဟုတ်ကြောင်း၊ ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်လာမယ်ဆိုတ သံသယမရှိကြောင်း ဆိုခဲ့ပါတယ်။

Getty-Images-1334298298
IMAGE : GOAL

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက သူဟာ ဆာရီကြောင့်သာ ချဲလ်ဆီးကို ရောက်လာတာဆိုတဲ့ ပြောဆိုချက်တွေကို အနှောင့်အယှက်ဖြစ်ရကြောင်း၊ သူဟာ ချဲလ်ဆီးကို ရော်ကလာဖို့ ထိုက်တန်မှုမရှိဘူးဆိုတဲ့ စကားတွေက မမှန်ကန်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

skysports-lionel-messi-psg-5523917
IMAGE : GOAL

မန်စီးတီးနည်ပြ ဂွါဒီယိုလာက ဘာစီလိုနာကနေ မက်ဆီထွက်ခွာသွားတာ အံ့အားသင့်မိကြောင်း၊ အရင်တုန်းက ဒီလိုကိစ္စမျိုး ဘယ်တုန်းကမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ အခုတော့လက်တွေ့ဖြစ်လာခဲ့ကြောင်း၊ မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ ပျော်နေမယ်ဆိုတာ ပြောနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Toni-Kroos
IMAGE : GOAL

⚽ ရီးရဲမက်ဒရစ် ဝါရင့်ကွင်းလယ်လူ တိုနီခရူးစ်အနေနဲပ သူ့အနေနဲ့ ပြန်ကစားနိုင်တော့မဲ့အပေါ် ပျော်ရွှင်မိကြောင်း၊ သူ့အနေနဲ့ ၆ လလောက် ဒဏ်ရာနဲ့ ကစားခဲ့ရပြီး နာကျင်လွန်းခဲ့ကြောင်း၊ ဒါကြောင့် အခုအချိန်မှာ ခံစားချက်က ကောင်းမွန်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1317474821
IMAGE : GOAL


3000
IMAGE : GOAL


IMAGE : GOAL


IMAGE : GOAL

⚽ လီဗာပူနးည်းပြက ကလော့ကတော့ နောက်ခံလူအာနိုးလ်နဲ့ ရော်ဘတ်ဆန်၊ ဂိုးသမား အယ်လစ်ဆန်တို့ဟာလည်း အသင်းခေါင်းဆောင် အုပ်စုထဲမှာပါဝင်ကြောင်း၊ ဒဏ်ရာပြဿနာတွေကြောင့် အခုလို အသင်းခေါင်းဆောင် အရေအတွက်ကို တိုမြှင့်ရခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

donnarumma-2026
IMAGE : GOAL


IMAGE : GOAL


IMAGE : GOAL


Toni-Kroos
IMAGE : GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!