5-May-2021 အပြောင်းအရွှေ့ သတင်းများ
[UNICODE]
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးနည်းပြ တူချယ်ကတော့ လတ်တလောမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးရန် မလိုအပ်သေးကြောင် ဖွင့်ဟခဲ့ပါတယ်။ တူချယ်ဟာ ချဲလ်ဆီးနဲ့ ၁၈ လသာ စာချုပ်သက်တမ်းချုပ်ဆိုထားတာဖြစ်ပြီး လတ်တလော စွမ်းဆောင်ရည်ကောင်းကြောင့် ချဲလ်ဆီးက သက်တမ်းတိုးဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။
David-Luiz
IMAGE: GOAL
⚽ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ်အနေနဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် မေဂျာလိဂ်ကလပ်တွေကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လူးဝစ်ဟာ ဒီရာသီအကုန်မှာအာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လစာကမေဂျာလိဂ်အသင်းတွေအတွက် အခက်အခဲ ဖြစ်ဖွယ်ရှိနေပါတယ်။
https-thetopflight-com-wp-content-uploads-getty-images-2018-08-1232525402-850x560
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ဟာ မန်စီးတီးတိုက်စစ်မူှး စတာလင်ကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိနေပါတယ်။ မန်စီးတီးဟာ လာမဲ့နွေရာသီမှာ စတာလင်ကို ထုတ်ရောင်းဖွယ် ရှိနေပြီး ရီးရဲက သူ့ကိုကြိုးပမ်းသွားမှာပါ။
Lionel-Messi-5
IMAGE: GOAL
⚽ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အသင်းနဲ့ ၂ နှစ်စာချုပ် တိုးမြှင့်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ESPN Argentina က ဖော်ပြထားပါတယ်။ မက်ဆီရဲ့ စာချုပ်ဟာ လာမဲ့နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီးဘာစီလိုနာမှာပဲ သစ္စာရှိရှိ ဆက်နေဖို့ ရှိနေပါတယ်။
matic
IMAGE: GOAL
⚽ မော်ရင်ဟိုအနေနဲ့ ရိုးမားနည်းပြသစ်ဖြစ်လာပြီးခဲ့ပြီး ရိုးမားအသင်းကို သူခေါ်ဆောင်နိုင်တဲ့ တပည့်ဟောင်း ၅ ဦးကို All Football က ဖော်ပြခဲ့ပါတယ်။ သူတို့ကတော့ မန်ယူက မာတစ်၊ မာတာ၊ အေစီက ဒါလော့၊ စပါးက ဟော့ဘတ်ချ်နဲ့ ဒိုင်ယာတို့ပဲ ဖြစ်ပါတယ်။
newFile
IMAGE: GOAL
⚽ အဲဗာတန်နည်းပြ အန်ဆယ်လော့တီဟာ စပါးမှာ အငှားကစားနေတဲ့ ရီးရဲတောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့မျက်စီကျလျက် ရှိနေပါတယ်။ အန်ဆယ်လော့တီဟာ ဘေးလ်ကို ခေါ်ယူနိုင်ရေးနဲ့ ပတ်သက်ပြီးအသင်းထံ မေးမြန်းထားတယ်လို့ သိရပါတယ်။
skysports-harry-kane-tottenham-5336973
IMAGE: GOAL
⚽ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းကတော့ မန်ယူအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်ဖို့ လိုအပ်နေကြောင်း၊ မန်ယူအနေနဲ့ ဟယ်ရီကိန်းနဲ့ ဂရီးလစ်ရှ်တို့ကိုခေါ်ယူသင့်ကြောင်း အကြံပြုတိုက်တွန်းခဲ့ပါတယ်။
Xavi-Hernandez-III
IMAGE: GOAL
⚽ အနာဂတ် မရေမရာဖြစ်နေတဲ့ ဘာစီလိုနာ ဂန္ထဝင်ဟောင်း ဇာဗီဟာ နောက်ဆုံးမှာတော့ ကာတာကလပ် အယ်ဆတ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။ အယ်ဆတ်ဟာ ဇာဗီကို နောက်ထပ် ၂ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး ဘာစီလိုနာနဲ့ သတင်းတွေကို အဆုံးသတ်စေခဲ့ပါတယ်။
[ZAWGYI]
chelsea-boss-thomas-tuchel-1pm299sxzsa33zsxs6s07lkjf
IMAGE: GOAL
David-Luiz
IMAGE: GOAL
IMAGE: GOAL
Lionel-Messi-5
IMAGE: GOAL
matic
IMAGE: GOAL
newFile
IMAGE: GOAL
IMAGE: GOAL
Xavi-Hernandez-III
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!