5-May-2021 ခ်န္ပီယံလိဂ္ပြဲႀကိဳႏွင့္ သတင္းမ်ား

[UNICODE] ချဲလ်ဆီး – ရီးရဲ (မြန်မာစံတော်ချိန်ည ၁:၃၀)

w644
IMAGE: GOAL

လက်ရှိမှာ ချဲလ်ဆီးရဲ့ခြေစွမ်းက တည်ငြိမ်မှုရှိနေပြီး အားရစရာ ကောင်းနေပါတယ်။ ချဲလ်ဆီးတိုက်စစ်ပိုင်းက လိုအပ်ချက်တွေ ရှိနေဆဲဆိုပေမဲ့ ကွင်းလယ်နဲ့ ခံစစ်ကကျစ်လျစ်ပြီးရလဒ်ကောင်းတွေ ရယူထားနိုင်ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးနည်းပြတူချယ်ဟာ ပွဲကြီးတွေမှာ ဗျူဟာမြောက်စွာနဲ့ ရလဒ်ကောင်းတွေ ရယူထားနိုင်ခဲ့တာ တွေ့ရပါတယ်။

3126122-64078168-2560-1440
IMAGE: GOAL

တူချယ်လက်ထက် ချဲလ်ဆီးဟာ မန်စီးတီး၊ အက်သလက်၊ စပါး၊ လီဗာပူးတု့ိကို အနိုင်ကစားထားနိုင်ခဲ့ပါတယ်။ ရီးရဲကတော့ လက်ရှိမှာ ချဲလ်ဆီးနဲ့ယှဉ်မယ်ဆိုရင် ခြေစွမ်းပိုင်းနိမ့်ကျနေတာ အမှန်ပါ။ ဒါပေမဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာတော့ ရီးရဲတို့သမ္ဘာနဲ့ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ပါတယ်။

1315670109-0
IMAGE: GOAL

ဒီပွဲစဉ်မှာ ရီးရဲဘက်မှာ ဒဏ်ရာရနေတဲ့ အဓိက ကစားသမားတချို့ ပြန်လည်ပါဝင်လာနိုင်လို့ အားကောင်းဖွယ် ရှိနေပါတယ်။ တစ်ခုသတိထားရမှာက ရီးရဲရဲ့ချန်ပီယံလိဂ် အဝေးကွင်းခြေစွမ်းက အားရစရာ မကောင်းဘဲ အားနည်းချက်တွေ ရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာပိုပြီးမာကျောတဲ့ ချဲလ်ဆီးကိုပဲ အကြိုက်တွေ့မိပါတယ်။ ချဲလ်ဆီးတို့ All English Final ကို ဖန်တီးနိုင်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: ချဲလ်ဆီး ၁-၀ ရီးရဲ

Getty-Images-1308614586
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဂိုးသမား ဒီဂီယာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ဒီဂီယာဟာ ပွဲထွက်ခွင့်ပျောက်ဆုံးနေမှုပေါ် စိတ်ပျက်နေပြီး လာမဲ့နွေမှာ အသင်းပြောင်းဖို့ စီစဉ်နေတာပါ။

real-madrid-karim-benzema-champions-league-2020-21-1mo7pnosfwewm16iplq5fhzkbu
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်ကစားသမာဟောင်း ဆာဟင်ကတော့ ရီးရဲဟာ ချန်ပီယံလိဂ်ဒုတိယအကျော့မှာ ချဲလ်ဆီးကို ကျော်ဖြတ်နိုင်မှာဖြစ်ကြောင်း၊ ရီးရဲနဲ့ ဇီဒန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ Boss တွေဖြစ်ကြောင်း၊ ချဲလ်ဆီးဟာလည်းတောင့်တင်းတဲ့အသင်းဖြစ်လို့ ဒီပွဲစဉ်က ကြည့်ကောင်းမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Rio-Ferdinand-BT-Sport-4e34
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်းဖာဒီနန်ကတော့ ချဲလ်ဆီးအနေနဲ့ ရီးရဲကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ။် လီဗာပူးနဲ့ပွဲက ရီးရဲရဲ့ ကစားပုံက လိုအပ်ချက်တွေ ရှိနေခဲ့ကြောင်း၊ ချဲလ်ဆီးရဲ့ ကစားပုံကို ရီးရဲအနေနဲ့ယှဉ်နိုင်မှာမဟုတ်ကြောင်း ဖာဒီနန်က ဆိုခဲ့ပါတယ်။

T0-FLMTIx-MTQ3-NDQ4
IMAGE: GOAL

⚽ စပါးကစားသမားဟောင်း ဒန်နီဖာမီကတော့ စပါးအနေနဲ့ မော်ရင်ဟိုရဲ့နေရာမှာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်သင့်ကြောင်း၊ ပေါ်တာရဲ့တည်ဆောက်ပုံက စပါးကိုပိုချက်တီနိုတည်ဆောက်ခဲ့ပုံနဲ့ ဆင်တူကြောင်း၊ မိမိအနေနဲ့ စပါးနည်းပြသစ်အဖြစ် ပေါ်တာကို ဖြစ်စေချင်ကြောင်း ဆိုခဲ့ပါတယ်။

Thomas-Partey-arsenal-signing-mistake-Atletico-Madrid
IMAGE: GOAL

⚽ Football Insider ရဲ့ ဘောလုံးဝေဖန်သူ ကီရန်မက်ဂွဲရားကတော့ ငွေကြေးသုံးစွဲခဲ့ပေမဲ့ ထိုက်တန်တဲ့အောင်မြင်မှု မရခဲ့တဲ့ အာဆင်နယ်ရဲ့လူခေါ်မှုကို ဝေဖန်ခဲ့ပါတယ်။ အာဆင်နယ်ဟာ နောက်ပိုင်းနှစ်တွေမှာငွေကြေးတွေ သုံးစွဲခဲ့ကြောင်း၊ အာဆင်နယ်ရဲ့ပြဿနာက သုံးစွဲတဲ့ ပမာဏမဟုတ်ဘဲ သူတို့ခေါ်ထားတဲ့ ကစားသမားတွေက ခြေစွမ်းပြနိုင်ခြင်း မရှိတာက ပြဿနာဖြစ်ကြောင်း၊ အာဆင်နယ်ရဲ့ ကင်းထောက်စနစ်ကလိုအပ်ချက်တွေရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

[ZAWGYI] ခ်ဲလ္ဆီး – ရီးရဲ (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

w644
IMAGE: GOAL

လက္ရွိမွာ ခ်ဲလ္ဆီးရဲ႕ေျခစြမ္းက တည္ၿငိမ္မႈရွိေနၿပီး အားရစရာ ေကာငး္ေနပါတယ္။ ခ်ဲလ္ဆီးတုိက္စစ္ပိုင္းက လိုအပ္ခ်က္ေတြ ရွိေနဆဲဆုိေပမဲ့ ကြင္းလယ္နဲ႔ ခံစစ္ကက်စ္လ်စ္ၿပီးရလဒ္ေကာင္းေတြ ရယူထားႏိုင္ပါတယ္။ အထူးသျဖင့္ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ဟာ ပြဲႀကီးေတြမွာ ဗ်ဴဟာေျမာက္စြာနဲ႔ ရလဒ္ေကာင္းေတြ ရယူထားႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

3126122-64078168-2560-1440
IMAGE: GOAL

တူခ်ယ္လက္ထက္ ခ်ဲလ္ဆီးဟာ မန္စီးတီး၊ အက္သလက္၊ စပါး၊ လီဗာပူးတု႔ိကို အႏုိင္ကစားထားႏုိင္ခဲ့ပါတယ္။ ရီးရဲကေတာ့ လက္ရွိမွာ ခ်ဲလ္ဆီးနဲ႔ယွဥ္မယ္ဆုိရင္ ေျခစြမ္းပိုင္းနိမ့္က်ေနတာ အမွန္ပါ။ ဒါေပမဲ့ ဒီရာသီ ခ်န္ပီယံလိဂ္မွာေတာ့ ရီးရဲတုိ႔သမာၻနဲ႔ ရလဒ္ေကာင္းေတြ ရွာေဖြထားႏုိင္ပါတယ္။

1315670109-0
IMAGE: GOAL

ဒီပြဲစဥ္မွာ ရီးရဲဘက္မွာ ဒဏ္ရာရေနတဲ့ အဓိက ကစားသမားတခ်ိဳ႕ ျပန္လည္ပါ၀င္လာႏိုင္လုိ႔ အားေကာင္းဖြယ္ ရွိေနပါတယ္။ တစ္ခုသတိထားရမွာက ရီးရဲရဲ႕ခ်န္ပီယံလိဂ္ အေ၀းကြင္းေျခစြမ္းက အားရစရာ မေကာငး္ဘဲ အားနည္းခ်က္ေတြ ရွိေနပါတယ္။ ဒါေၾကာင့္ လက္ရွိမွာပိုၿပီးမာေက်ာတဲ့ ခ်ဲလ္ဆီးကိုပဲ အႀကိဳက္ေတြ႕မိပါတယ္။ ခ်ဲလ္ဆီးတုိ႔ All English Final ကုိ ဖန္တီးႏုိင္မွာပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ခ်ဲလ္ဆီး ၁-၀ ရီးရဲ

Getty-Images-1308614586
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္ဟာ ဂိုးသမား ဒီဂီယာရဲ႕ ေနရာမွာ အစားထုိးဖုိ႔အတြက္ ၀က္စ္ဘရြန္းဂိုးသမား ဆမ္ဂၽြန္စတုန္းကို ပစ္မွတ္ထားလ်က္ ရွိေနပါတယ္။ ဒီဂီယာဟာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနမႈေပၚ စိတ္ပ်က္ေနၿပီး လာမဲ့ေႏြမွာ အသင္းေျပာင္းဖုိ႔ စီစဥ္ေနတာပါ။

real-madrid-karim-benzema-champions-league-2020-21-1mo7pnosfwewm16iplq5fhzkbu
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္ကစားသမာေဟာင္း ဆာဟင္ကေတာ့ ရီးရဲဟာ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့မွာ ခ်ဲလ္ဆီးကို ေက်ာ္ျဖတ္ႏုိင္မွာျဖစ္ေၾကာင္း၊ ရီးရဲနဲ႔ ဇီဒန္းဟာ ခ်န္ပီယံလိဂ္ၿပိ္ဳင္ပြဲရဲ႕ Boss ေတြျဖစ္ေၾကာင္း၊ ခ်ဲလ္ဆီးဟာလည္းေတာင့္တင္းတဲ့အသင္းျဖစ္လုိ႔ ဒီပြဲစဥ္က ၾကည့္ေကာင္းမွာျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Rio-Ferdinand-BT-Sport-4e34
IMAGE: GOAL

⚽ မန္ယူေနာက္ခံလူေဟာင္းဖာဒီနန္ကေတာ့ ခ်ဲလ္ဆီးအေနနဲ႔ ရီးရဲကို ေက်ာ္ျဖတ္ႏုိင္လိမ့္မယ္လို႔ ခန္႔မွန္းခဲ့ပါတယ။္ လီဗာပူးနဲ႔ပဲြက ရီးရဲရဲ႕ ကစားပံုက လုိအပ္ခ်က္ေတြ ရိွေနခဲ့ေၾကာငး္၊ ခ်ဲလ္ဆီးရဲ႕ ကစားပံုကို ရီးရဲအေနနဲ႔ယွဥ္ႏုိင္မွာမဟုတ္ေၾကာင္း ဖာဒီနန္က ဆုိခဲ့ပါတယ္။

T0-FLMTIx-MTQ3-NDQ4
IMAGE: GOAL

⚽ စပါးကစားသမားေဟာင္း ဒန္နီဖာမီကေတာ့ စပါးအေနနဲ႔ ေမာ္ရင္ဟိုရဲ႕ေနရာမွာ ဘရိုက္တန္နည္းျပ ဂေရဟမ္ေပၚတာကို အစားထိုးခန္႔အပ္သင့္ေၾကာင္း၊ ေပၚတာရဲ႕တည္ေဆာက္ပံုက စပါးကိုပိုခ်က္တီႏိုတည္ေဆာက္ခဲ့ပံုနဲ႔ ဆင္တူေၾကာင္း၊ မိမိအေနနဲ႔ စပါးနည္းျပသစ္အျဖစ္ ေပၚတာကို ျဖစ္ေစခ်င္ေၾကာင္း ဆုိခဲ့ပါတယ္။

Thomas-Partey-arsenal-signing-mistake-Atletico-Madrid
IMAGE: GOAL

⚽ Football Insider ရဲ႕ ေဘာလံုးေ၀ဖန္သူ ကီရန္မက္ဂြဲရားကေတာ့ ေငြေၾကးသံုးစြဲခဲ့ေပမဲ့ ထုိက္တန္တ့ဲေအာင္ျမင္မႈ မရခဲ့တဲ့ အာဆင္နယ္ရဲ႕လူေခၚမႈကုိ ေ၀ဖန္ခဲ့ပါတယ္။ အာဆင္နယ္ဟာ ေနာက္ပိုင္းႏွစ္ေတြမွာေငြေၾကးေတြ သံုးစြဲခဲ့ေၾကာင္း၊ အာဆင္နယ္ရဲ႕ျပႆနာက သံုးစြဲတဲ့ ပမာဏမဟုတ္ဘဲ သူတုိ႔ေခၚထားတဲ့ ကစားသမားေတြက ေျခစြမ္းျပႏုိင္ျခင္း မရိွတာက ျပႆနာျဖစ္ေၾကာငး္၊ အာဆင္နယ္ရဲ႕ ကင္းေထာက္စနစ္ကလိုအပ္ခ်က္ေတြရွိေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!