5-May-2021 နံနက္ခင္း သတင္းမ်ား

[UNICODE]

1232607375-0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်ကတော့ မိမိတို့အနေနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲကို အနိုင်ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ပထမအကျော့ရလဒ်ကို မေ့ထားပြီး ဝ-၀ ဂိုးရလဒ်ကနေ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

ansu-fati-barcelona-202021-11f43zfm5jc4q12okxvi948b0k
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာလူငယ်ကြယ်ပွင့်ဖာတီဟာ သူ့ရဲ့ဒူးဒဏ်ရာကို ဒုတိယမြောက် ခွဲစိတ်မှု ခံယူရမှာဖြစ်လို့ ယူရို ၂၀၂၀ ပြိုင်ပွဲကို လွဲချော်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဖာတီဟာ မေလ ၁၃ရက်နေ့မှာ ခွဲစိတ်ဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

maxresdefault
IMAGE: GOAL

⚽ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်ကတော့ လူငယ်တိုက်စစ်မှူး မာတင်နယ်လီအပေါ် ချီးကျူးခဲ့ပါတယ်။ နယူးနဲ့ပွဲတုန်းက မာတင်နယ်လီရဲ့ ဖန်တီးပေးမှုက အလွန်ကောင်းမွန်ကြောင်း၊ မာတင်နယ်လီဟာ အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း အူဘာက ဆိုခဲ့တာပါ။

memphis-depay-barcelona-2020-m0qnyffjfv8g1r2l11yxu8xll
IMAGE: GOAL

⚽ ပြင်သစ်ပထမတန်းကလပ် လိုင်ယွန်တိုက်စစ်မှူး ဒီပေးဟာ ဘာစီလိုနာမြို့အတွင်း အိမ်ရှာဖွေနေပြီလို့ Mundo Deportivo က ဖော်ပြထားပါတယ်။ ဒါကြောင့် လာမဲ့နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ဒီပေးအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Paris-Saint-Germain-v-FC-Bayern-Munich-UEFA-Cha-342c243c34cc82db0329d13971c39e5c
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြုးနစ်ကတော့ ကွင်းလယ်လူ မာတီနက်ဇ်အနေနဲ့ လာမဲ့ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဘိုင်ယန်မိသားစုရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရတာဂုဏ်ယူမိကြောင်း၊ ဘိုင်ယန်မှာဖြတ်သန်းခဲ့တဲ့ ၉ နှစ်တာကာလကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း မာတီနက်ဇ်က ဖွင့်ဟခဲ့ပါတယ်။

pogba-4133
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ မန်ယူအသင်းဖော် ရက်ဖို့ဒ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေတို့မှာ အနာဂတ် ဘောလုံးလောကရဲ့ ကြယ်ပွင့်တွေဖြစ်ကြောင်း၊သူတို့ဟာ အရည်အချင်းများစွာ ရှိသူတွေဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ပဲ အောင်မြင်မှုများစွာ ရယူထားနိုင်သူတွေဖြစ်ကြကြောင်း ဆိုခဲ့ပါတယ်။

ronaldinho-neymar-kaka-1l32owvm7b1yt1hlk3dlcogje3
IMAGE: GOAL

⚽ နေမာရဲ့ ဆန်းတို့စ်အသင်းဖော်ဟောင်း လီယိုက နေမာဟာ လက်ရှိအချိန်မှာ ရော်နယ်ဒင်ဟို၊ ကာကာတို့ရဲ့ အဆင့်အတန်းမျိုးမရောက်သေးပေမဲ့ အနာဂတ်မှာတော့ သူတို့နှစ်ယောက်ထက် ပိုကောင်းတဲ့ကစားသမားဖြစ်လာမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

skysports-jose-mourinho-roma-5369805
IMAGE: GOAL

⚽ မကြာသေးမီကမှ စပါးကနေ ထုတ်ပယ်ထားရတဲ့ နည်းပြမော်ရင်ဟိုဟာ နည်းပြလောကထဲကို အံ့အားသင့်ဖွယ် ရုတ်တရက်ပြန်လည်ဝင်ရောက်လာပါတယ်။ စီးရီးအေကလပ် ရိုးမားဟာ ဖွန်ဆီကာကိုထုတ်ပယ်ပြီးပြီးချင်းမာ်ရင်ဟိုနဲ့ အစားထိုးအပ်ခန့်ခဲ့ပါတယ်။ ရိုးမားဟာ မော်ရင်ဟိုကို ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ မော်ရင်ဟိုကတော့ ရိုးမားရဲ့ ရည်မှန်းချက်ဟာ သူ့ရည်မှန်းချက်နဲ့ ထပ်တူကျလို့ လက်ခံခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

1232607375-0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးနညး္ျပတူခ်ယ္ကေတာ့ မိမိတုိ႔အေနနဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္ပြဲစဥ္မွာ ရီးရဲကို အႏုိင္ရရွိေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာငး္၊ ပထမအေက်ာ့ရလဒ္ကို ေမ့ထားၿပီး ၀-၀ ဂိုးရလဒ္ကေန စတင္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း ႀကံဳး၀ါးခဲ့ပါတယ္။

ansu-fati-barcelona-202021-11f43zfm5jc4q12okxvi948b0k
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာလူငယ္ၾကယ္ပြင့္ဖာတီဟာ သူ႔ရဲ႕ဒူးဒဏ္ရာကို ဒုတိယေျမာက္ ခြဲစိတ္မႈ ခံယူရမွာျဖစ္လုိ႔ ယူရို ၂၀၂၀ ၿပိဳင္ပြဲကို လြဲေခ်ာ္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ ဖာတီဟာ ေမလ ၁၃ရက္ေန႔မွာ ခြဲစိတ္ဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။

maxresdefault
IMAGE: GOAL

⚽ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္ကေတာ့ လူငယ္တုိက္စစ္မွဴး မာတင္နယ္လီအေပၚ ခ်ီးက်ဴးခဲ့ပါတယ္။ နယူးနဲ႔ပြဲတုန္းက မာတင္နယ္လီရဲ႕ ဖန္တီးေပးမႈက အလြန္ေကာင္းမြန္ေၾကာင္း၊ မာတင္နယ္လီဟာ အလားအလာေကာင္းမ်ားစြာ ပိုင္ဆုိင္ထားသူျဖစ္ေၾကာင္း အူဘာက ဆုိခဲ့တာပါ။

memphis-depay-barcelona-2020-m0qnyffjfv8g1r2l11yxu8xll
IMAGE: GOAL

⚽ ျပင္သစ္ပထမတန္းကလပ္ လိုင္ယြန္တုိက္စစ္မွဴး ဒီေပးဟာ ဘာစီလိုနာၿမိဳ႕အတြင္း အိမ္ရွာေဖြေနၿပီလုိ႔ Mundo Deportivo က ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ လာမဲ့ေႏြမွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးေတာ့မဲ့ ဒီေပးအေနနဲ႔ ဘာစီိလုိနာကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

Paris-Saint-Germain-v-FC-Bayern-Munich-UEFA-Cha-342c243c34cc82db0329d13971c39e5c
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဳးနစ္ကေတာ့ ကြငး္လယ္လူ မာတီနက္ဇ္အေနနဲ႔ လာမဲ့ရာသီအကုန္မွာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ဘိုင္ယန္မိသားစုရဲ႕ အစိတ္အပိုင္းျဖစ္ခြင့္ရတာဂုဏ္ယူမိေၾကာင္း၊ ဘိုင္ယန္မွာျဖတ္သန္းခဲ့တဲ့ ၉ ႏွစ္တာကာလကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ေၾကာင္း မာတီနက္ဇ္က ဖြင့္ဟခဲ့ပါတယ္။

pogba-4133
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကေတာ့ မန္ယူအသင္းေဖာ္ ရက္ဖို႔ဒ္နဲ႔ ပီအက္စ္ဂ်ီတုိက္စစ္မွဴးအမ္ဘာေပတုိ႔မွာ အနာဂတ္ ေဘာလံုးေလာကရဲ႕ ၾကယ္ပြင့္ေတြျဖစ္ေၾကာင္း၊သူတုိ႔ဟာ အရည္အခ်င္းမ်ားစြာ ရွိသူေတြျဖစ္ၿပီး အသက္ငယ္ငယ္ေလးနဲ႔ပဲ ေအာင္ျမင္မႈမ်ားစြာ ရယူထားႏုိင္သူေတြျဖစ္ၾကေၾကာင္း ဆုိခဲ့ပါတယ္။

ronaldinho-neymar-kaka-1l32owvm7b1yt1hlk3dlcogje3
IMAGE: GOAL

⚽ ေနမာရဲ႕ ဆန္းတုိ႔စ္အသင္းေဖာ္ေဟာင္း လီယိုက ေနမာဟာ လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒင္ဟို၊ ကာကာတုိ႔ရဲ႕ အဆင့္အတန္းမ်ိဳးမေရာက္ေသးေပမဲ့ အနာဂတ္မွာေတာ့ သူတုိ႔ႏွစ္ေယာက္ထက္ ပိုေကာင္းတဲ့ကစားသမားျဖစ္လာမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

skysports-jose-mourinho-roma-5369805
IMAGE: GOAL

⚽ မၾကာေသးမီကမွ စပါးကေန ထုတ္ပယ္ထားရတဲ့ နည္းျပေမာ္ရင္ဟိုဟာ နညး္ျပေလာကထဲကို အံ့အားသင့္ဖြယ္ ရုတ္တရက္ျပန္လည္၀င္ေရာက္လာပါတယ္။ စီးရီးေအကလပ္ ရိုးမားဟာ ဖြန္ဆီကာကိုထုတ္ပယ္ၿပီးၿပီးခ်င္းမာ္ရင္ဟိုနဲ႔ အစားထုိးအပ္ခန္႔ခဲ့ပါတယ္။ ရိုးမားဟာ ေမာ္ရင္ဟိုကို ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တာပါ။ ေမာ္ရင္ဟိုကေတာ့ ရိုးမားရဲ႕ ရည္မွန္းခ်က္ဟာ သူ႔ရည္မွန္းခ်က္နဲ႔ ထပ္တူက်လို႔ လက္ခံခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!