5-May-2021 အေစာဆံုး သတင္းမ်ား

[UNICODE]

960x0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ တိုက်စစ်မှူး ဖာရန်တောရက်စ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “ဖာရန်က ဂိုးတွေအများကြီး သွင်းနိုင်ပါတယ။် သူက အသင်းကိုစရောက်လာတော့ ချာတိတ်လေးသာသာဖြစ်ပြိး အခုတော့ လူကြီးဖြစ်နေပါပြီ”လို့ တောရက်စ်က ဆိုခဲ့ပါတယ်။

2854755-58841108-2560-1440
IMAGE: GOAL

⚽ စီးရီးအေကလပ် ရိုးမားအသင်းဟာ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်နည်းပြဟောင်း ဆာရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ Sky Sport ရဲ့ ဖော်ပြချက်အရ ရိုးမားဟာ လက်ရှိနည်းပြကို သက်တမ်းတိုးဖို့ ပြောဆိုထားခြင်းမရှိဘဲ နည်းပြ သစ်ရှာဖွေနေတယ်လို့ သိရပါတယ်။

24789452-0-image-a-59-1581807648396
IMAGE: GOAL

၏⚽ မန်ယူနဲ့ လီဗာပူးတို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကလည်း စိတ်ဝင်စားလာခဲ့ပြီလို့ သိရပါတယ်။ ချဲလ်ဆီးဟ လာမဲ့ရာသီမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်သွားမှာဖြစ်ပြီး ပေါင်သန်း ၇၀ ကျော်နဲ့သာ ခေါ်နိုင်မဲ့ ဆန်ချိုကို စိတ်ဝင်စားလာတပါ။

1315916081-0
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကတော့ မိမိတို့အနေနဲ့ လက်ကျန် ၄ပွဲစလုံးကို အနိုင်ကစားပြီး လာလီဂါ ချန်ပီယံဆုကို အရယူမယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

1582767176-681539-1582767269-noticia-normal-recorte1
IMAGE: GOAL

⚽ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီအနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ တစ်ရာသီဆက်နေဖို့ ဆုံးဖြတ်ပြီးနောက် ဘိုကာဂျူနီယာအသင်းဟာ ကိုလံဘီယာတိုက်စစ်မှူး ရိုဂါမာတီနက်ဇ်ကို အစားထိုး ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ မာတီနက်ဇ်ကို ကန်ဒေါ်လာ ၁၀ သန်းနဲ့ ခေါ်ယူနိုင်မှာလို့ သိရပါတယ်။

arsenal-gabriel-martinelli-kieran-tierney
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာကတော့ မာတင်နယ်လီအနေနဲ့ ဒီရာသီမှာ ပွဲများများ မကစားရခြင်းရဲ့ အကြောင်းတစ်ခုက ဘယ်ခြမ်းမှာ တီယာနေးနဲ့ ချိတ်ဆက်မှု အားနည်းလို့ဖြစ်ကြောင်း၊ ဘယ်နောက်ခံလူ ဂျာကာ ကစားတဲ့အခါမှ မာတင်နယ်လီအတွက် ပိုပြီး သက်သောင့်သက်သာရှိကြောင်း၊ မာတင်နယ်လီအနေနဲ့ တီယာနေးနဲ့ ချိတ်ဆက်မှုပိုမိုကောင်းအောင် ပြုလုပ်ရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

europa-league-2021-bruno-fernandes-19s7gl46d08sx17qjlq8ja9ivj
IMAGE: GOAL

⚽ ပိုလန်မှာ ကစားမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပရိသတ်တွေကို ကွင်းအတွင်း ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်ကြောင်း ယူအီးအက်ဖ်အေက ပိုလန်အစိုးရနဲ့ သဘောတူညီမှု ရရှိပြီးနောက် အတည်ပြုခဲ့ပါတယ်။ အဆိုဗိုလ်လုပွဲကို ပရိသတ် ၉၅၀၀ ဝင်ရောက်ခွင့် ပြုမှာဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်မဲ့ အသင်းနှစ်သင်းက ပရိသတ် ၂၀၀၀ စီ ကြည့်ခွင့်ရမှာပါ။ မန်ယူက ဗိုလ်လုပွဲကို တက်ရောက်ဖို့ အလားအလာအကောင်းဆုံး ဖြစ်နေပါတယ်။

https-reddevilarmada-com-wp-content-uploads-getty-images-2017-07-1230383669-850x560
IMAGE: GOAL

⚽ မန်ယူအနေနဲ့ ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်ကို မလိုအပ်ဘူးဆိုတဲ့ ကာရေဂါရဲ့ မှတ်ချက်စကားကို ရွိုင်ကိန်းကတော့ လက်မခံခဲ့ပါဘူး။ သူ့အနေနဲ့ ဂရီးလစ်ရှ်နဲ့ ပေါ့ဂ်ဘာကို မနက်ဖြန်တောင် လဲလို့ရင်ချက်ချင်းလဲလိုက်ချင်ကြောင်း၊ ဂရီး လစ်ရှ်ဟာ ထူးခြားတဲ့ ကစားသမားဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ကို နှစ်သက်ကြမှာဖြစ်ကြောင်း ရွိုင်ကိန်းက ဆိုခဲ့ပါတယ်။

[ZAWGYI]

960x0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနညး္ျပ ဂြါဒီယိုလာကေတာ့ တုိက္စစ္မွဴး ဖာရန္ေတာရက္စ္ကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ “ဖာရန္က ဂိုးေတြအမ်ားႀကီး သြင္းႏုိင္ပါတယ။္ သူက အသင္းကိုစေရာက္လာေတာ့ ခ်ာတိတ္ေလးသာသာျဖစ္ၿပိး အခုေတာ့ လူႀကီးျဖစ္ေနပါၿပီ”လို႔ ေတာရက္စ္က ဆုိခဲ့ပါတယ္။

2854755-58841108-2560-1440
IMAGE: GOAL

⚽ စီးရီးေအကလပ္ ရိုးမားအသင္းဟာ ခ်ဲလ္ဆီးနဲ႔ ဂ်ဴဗင္တပ္နည္းျပေဟာင္း ဆာရီကို ေခၚယူဖုိ႔ စိတ္၀င္စားေနဆဲ ျဖစ္ပါတယ္။ Sky Sport ရဲ႕ ေဖာ္ျပခ်က္အရ ရိုးမားဟာ လက္ရွိနည္းျပကို သက္တမ္းတုိးဖုိ႔ ေျပာဆုိထားျခင္းမရွိဘဲ နည္းျပ သစ္ရွာေဖြေနတယ္လုိ႔ သိရပါတယ္။

24789452-0-image-a-59-1581807648396
IMAGE: GOAL

၏⚽ မန္ယူနဲ႔ လီဗာပူးတို႔ ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္တုိက္စစ္မွဴး ဆန္ခ်ိဳကို ေခၚယူဖုိ႔ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးကလည္း စိတ္၀င္စားလာခဲ့ၿပီလုိ႔ သိရပါတယ္။ ခ်ဲလ္ဆီးဟ လာမဲ့ရာသီမွာ တုိက္စစ္ပိုင္းကို အင္အားျဖည့္သြားမွာျဖစ္ၿပီး ေပါင္သန္း ၇၀ ေက်ာ္နဲ႔သာ ေခၚႏိုင္မဲ့ ဆန္ခ်ိဳကို စိတ္၀င္စားလာတပါ။

1315916081-0
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာဥကၠ႒ လာေပၚတာကေတာ့ မိမိတို႔အေနနဲ႔ လက္က်န္ ၄ပြဲစလံုးကို အႏုိင္ကစားၿပီး လာလီဂါ ခ်န္ပီယံဆုကို အရယူမယ္လို႔ ယံုၾကည္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

1582767176-681539-1582767269-noticia-normal-recorte1
IMAGE: GOAL

⚽ ဥရုေဂြးတုိက္စစ္မွဴး ကာဗာနီအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္မွာ တစ္ရာသီဆက္ေနဖုိ႔ ဆံုးျဖတ္ၿပီးေနာက္ ဘိုကာဂ်ဴနီယာအသင္းဟာ ကိုလံဘီယာတုိက္စစ္မွဴး ရိုဂါမာတီနက္ဇ္ကို အစားထိုး ေခၚယူသြားမွာျဖစ္တယ္လုိ႔သိရပါတယ္။ မာတီနက္ဇ္ကို ကန္ေဒၚလာ ၁၀ သန္းနဲ႔ ေခၚယူႏုိင္မွာလို႔ သိရပါတယ္။

arsenal-gabriel-martinelli-kieran-tierney
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နညး္ျပ အာတီတာကေတာ့ မာတင္နယ္လီအေနနဲ႔ ဒီရာသီမွာ ပြဲမ်ားမ်ား မကစားရျခင္းရဲ႕ အေၾကာင္းတစ္ခုက ဘယ္ျခမ္းမွာ တီယာေနးနဲ႔ ခ်ိတ္ဆက္မႈ အားနည္းလို႔ျဖစ္ေၾကာင္း၊ ဘယ္ေနာက္ခံလူ ဂ်ာကာ ကစားတဲ့အခါမွ မာတင္နယ္လီအတြက္ ပိုၿပီး သက္ေသာင့္သက္သာရွိေၾကာင္း၊ မာတင္နယ္လီအေနနဲ႔ တီယာေနးနဲ႔ ခ်ိတ္ဆက္မႈပိုမိုေကာင္းေအာင္ ျပဳလုပ္ရမွာျဖစ္ေၾကာင္း တုိက္တြန္းခဲ့ပါတယ္။

europa-league-2021-bruno-fernandes-19s7gl46d08sx17qjlq8ja9ivj
IMAGE: GOAL

⚽ ပိုလန္မွာ ကစားမဲ့ ယူရုိပါလိဂ္ ဗုိလ္လုပြဲမွာ ပရိသတ္ေတြကို ကြင္းအတြင္း ၀င္ေရာက္ခြင့္ျပဳသြားမွာျဖစ္ေၾကာင္း ယူအီးအက္ဖ္ေအက ပိုလန္အစိုးရနဲ႔ သေဘာတူညီမႈ ရရွိၿပီးေနာက္ အတည္ျပဳခဲ့ပါတယ္။ အဆုိဗိုလ္လုပြဲကို ပရိသတ္ ၉၅၀၀ ၀င္ေရာက္ခြင့္ ျပဳမွာျဖစ္ၿပီး ဗိုလ္လုပြဲတက္ေရာက္မဲ့ အသင္းႏွစ္သင္းက ပရိသတ္ ၂၀၀၀ စီ ၾကည့္ခြင့္ရမွာပါ။ မန္ယူက ဗိုလ္လုပြဲကို တက္ေရာက္ဖို႔ အလားအလာအေကာင္းဆံုး ျဖစ္ေနပါတယ္။

https-reddevilarmada-com-wp-content-uploads-getty-images-2017-07-1230383669-850x560
IMAGE: GOAL

⚽ မန္ယူအေနနဲ႔ ဗီလာကြင္းလယ္လူ ဂရီးလစ္ရွ္ကို မလိုအပ္ဘူးဆိုတဲ့ ကာေရဂါရဲ႕ မွတ္ခ်က္စကားကို ရိြဳင္ကိန္းကေတာ့ လက္မခံခဲ့ပါဘူး။ သူ႔အေနနဲ႔ ဂရီးလစ္ရွ္နဲ႔ ေပါ့ဂ္ဘာကို မနက္ျဖန္ေတာင္ လဲလို႔ရင္ခ်က္ခ်င္းလဲလိုက္ခ်င္ေၾကာငး္၊ ဂရီး လစ္ရွ္ဟာ ထူးျခားတဲ့ ကစားသမားျဖစ္ၿပီး ပရိသတ္ေတြကလည္း သူ႔ကို ႏွစ္သက္ၾကမွာျဖစ္ေၾကာင္း ရိြဳင္ကိန္းက ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!