4-May-2021 Evening News မ်ား

[UNICODE]

methode-times-prod-web-bin-016bb2a4-63eb-11eb-ab68-123bacbc1c7b
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီးထက် လက်ဦးမှုရယူကာ ဗီလာကြယ်ပွင့် ချူုကွီမီကာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူကို လီဗာပူးနဲ့မန်စီးတီးတို့ကလည်း ကြိုးပမ်းနေပြီး ဗီလာက သူ့ကို အသင်းမှာ ရေရှည်ဆက်ထိန်းလိုနေတာပါ။

1412593
IMAGE: GOAL

⚽ စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ရီးရဲမက်ဒရစ်တောင်ပံကစားသမား ဗက်ကွက်ဇ်ဟာ အဓိကပြိုင်ဘက် အက်သလက်ရဲ့ကမ်းလှမ်းကို ငြင်းပယ်ခဲ့ပြီး အေစီမီလန်ကို ပြောင်းရွှေ့ဖို့ကြိုးပမ်းနေတယ်လို သိရပါတယ်။ ဗက်ကွက်ဇ်ဟာ လာမဲ့နွေမှာ ရီးရဲကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။

1431267
IMAGE: GOAL

⚽ ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဆန္ဒပြနေပေမဲ့ ဂလေဇာမိသားစုကတော့ မန်ယူအသင်းကို ရောင်းထုတ်သွားဖို့ အစီအစဉ် လုံးဝမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဂလေဇာမိသားစုကို မန်ယူကို လာမဲ့နှစ်တွေအတွင်းမှာ လက်ရှိတန်ဖိုး ပေါင် ၃ ဘီလီယံကနေ ၇ ဘီလီယံအထိ မြင့်တက်အောင် ပြုလုပ်သွားဖို့ ကြိုးပမ်းသွားမှာပါ။

3125519-64066108-2560-1440
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဆန်ချိုကို ထုတ်ရောင်းတော့မှာလို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ဒေါ့မွန်ဟာ ဆန်ချိုအတွက်ယူရိုသန်း ၁၂၀ အောက်သာ တောင်းဆိုသွားတော့မှာပါ။ ဒါပေမဲ့ ဈေးကွက်ပိတ်ခါနီးကျရင်တော့ ရောင်းထုတ်သွားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

1570639867-480120-1570639914-noticia-normal-recorte1
IMAGE: GOAL

⚽ ရိန်းဂျားစ်နည်းပြ စတီဗင်ဂျရတ်ကတော့ သူ့အနေနဲ့ ရိန်းဂျားစ်နည်းပြအဖြစ် မဆောင်ရွက်ခင် ဆရာဟောင်း ကလော့ဆီက အကြံဉာဏ်တောင်းခံခဲ့ကြောင်း၊ ကလော့က အမြဲတမ်း ကြိုးစားပြီး တတ်နိုင်သမျှ မျှမျှတတဖြစ်အောင်လုပ်ဖို့ ပြောဆိုခဲ့ကြောင်း၊ အခုတော့ ကလော့ပြောတာကို သေချာသိပြီဖြစ်ကြောင်း၊ ဒီခရီးလမ်းက သူ့အတွက် အလွန်အံ့အားသင့်ဖွယ်ကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

16164088752992
IMAGE: GOAL

⚽ ဘာစီလိုနာနောက်ခံလူ ဆာဂျီရော်ဘတ်တိုဟာ အသင်းရဲ့ စာချုပ်သက်တမ်း ကမ်းလှမ်းမှုကို စိတ်တိုင်းမကျဖြစ်နေပါတယ်။ ဘာစီလိုနာ ၂၀၂၂ ခုနှစ်မှာ စာချုပ်ကုန်ဆုံးတော့မဲ့ ၂၉ နှစ်အရွယ် နောက်ခံလူကို တစ်နှစ်စာချုပ် ကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့ ရော်ဘတ်တိုကတော့ နှစ်ရှည်စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ အလိုရှိ နေတာပါ။

guardiola-rose-1200-600x347
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ သူ့အတွေ့အကြုံအရ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ဟာ အခက်ခဲဆုံးပွဲစဉ်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲကတော့ အနည်းငယ်ကွဲပြားကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်အတွေ့အကြုံအရ ဆီမီးဖိုင်နယ်က အခက်ခဲဆုံးပါ။ အဲဒီမှာမှ ဒုတိယအကျော့က ပိုခက်ပါတယ်။ ဗိုလ်လုပွဲက လွယ်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ အနည်းငယ်ကွဲပြားပါတယ်”လို့ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကနေ ၅ ကြိမ်အထိ ပြုတ်ထားပါတယ်။

kai-havertz-timo-werner-1x5ycaa5igzh01jz7jz5gpmbsp
IMAGE: GOAL

⚽ ချဲလ်ဆီးဂိုးသမား မန်ဒီကတော့ လာမဲ့ရာသီမှာ ကိုင်ဟာဗက်ဇ်နဲ့ တီမိုဝါနာတို့ရဲ့ အကောင်းဆုံးပုံစံကို တွေ့မြင်ရမယ်လို့ ဆိုခဲ့ပါတယ်။ “သူတို့က အလွန်ကောင်းတဲ့ ကစားသမားတွေပါ။ သူတို့က တခြားနိုင်ငံတစ်နိုင်ငံကိုပြောင်းဖူးတာ ဒါ ပထမဆုံးပါ။ လာမဲ့ရာသီမှာ ရာနှုန်းပြည့်သူတို့ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရမှာပါ”လို့ မန်ဒီက ဆိုခဲ့ပါတယ်။

lukaku-conte-serie-a-inter-de-milao-2020-21-s0pmb63des9s1uaoffzi0pe9s
IMAGE: GOAL

⚽ စီးရီးအေကလပ် အင်တာမီလန်တိုက်စစ်မှူး လူကာကူကတော့ သူ့အနေနဲ့ နည်းပြကွန်တီအနေနဲ့ သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြောင်း၊ လေ့ကျင့်ကွင်းမှာ မကြိုးစားရင် ပွဲထွက်ခွင့်ရမှာမဟုတ်ဘူးဆိုပြီး ကွန်တီကပွင့်ပွင့်လင်းလင်းပြောခဲ့ကြောင်း၊ ဒါက သူ့အတွက်တော့ အရေးပါတဲ့အရာဖြစ်ကြောင်း၊ အမှန်တရားကိုပြောပြီး ကိုယ့်ကိုကူညီနိုင်မဲ့သူမျိုးကို တွေ့နိုင်ဖို့ အရေးကြီးကြောင်း ဖွင့်ဟခဲ့ပါတယ်။

sport-preview-Yves-Bissouma
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင်ဘက် စပါးကို အလဲထိုးကာ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ ဘစ်ဆိုမာကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။

[ZAWGYI]

methode-times-prod-web-bin-016bb2a4-63eb-11eb-ab68-123bacbc1c7b
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္ဟာ မန္စီးတီးထက္ လက္ဦးမႈရယူကာ ဗီလာၾကယ္ပြင့္ ခ်ဴဳကီြမီကာကို ေခၚယူႏုိင္ဖို႔ ႀကိဳးပမ္းေနပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ ကြင္းလယ္လူကို လီဗာပူးနဲ႔မန္စီးတီးတုိ႔ကလည္း ႀကိဳးပမ္းေနၿပီး ဗီလာက သူ႔ကို အသင္းမွာ ေရရွည္ဆက္ထိန္းလိုေနတာပါ။

1412593
IMAGE: GOAL

⚽ စပိန္သတင္းစာ AS ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲမက္ဒရစ္ေတာင္ပံကစားသမား ဗက္ကြက္ဇ္ဟာ အဓိကၿပိဳင္ဘက္ အက္သလက္ရဲ႕ကမ္းလွမ္းကို ျငင္းပယ္ခဲ့ၿပီး ေအစီမီလန္ကို ေျပာင္းေရႊ႕ဖုိ႔ႀကိဳးပမ္းေနတယ္လုိ သိရပါတယ္။ ဗက္ကြက္ဇ္ဟာ လာမဲ့ေႏြမွာ ရီးရဲကေန ထြက္ခြာဖုိ႔ ျပင္ဆင္ေနတာပါ။

1431267
IMAGE: GOAL

⚽ ပရိသတ္ေတြက ျပင္းျပင္းထန္ထန္ ဆႏၵျပေနေပမဲ့ ဂေလဇာမိသားစုကေတာ့ မန္ယူအသင္းကို ေရာင္းထုတ္သြားဖုိ႔ အစီအစဥ္ လံုး၀မရွိဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ ဂေလဇာမိသားစုကို မန္ယူကို လာမဲ့ႏွစ္ေတြအတြင္းမွာ လက္ရွိတန္ဖိုး ေပါင္ ၃ ဘီလီယံကေန ၇ ဘီလီယံအထိ ျမင့္တက္ေအာင္ ျပဳလုပ္သြားဖို႔ ႀကိဳးပမ္းသြားမွာပါ။

3125519-64066108-2560-1440
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္ဟာ လာမဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ တိုက္စစ္မွဴး ဆန္ခ်ိဳကို ထုတ္ေရာင္းေတာ့မွာလုိ႔ နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယိုက ေဖာ္ျပထားပါတယ္။ ေဒါ့မြန္ဟာ ဆန္ခ်ိဳအတြက္ယူရိုသန္း ၁၂၀ ေအာက္သာ ေတာင္းဆုိသြားေတာ့မွာပါ။ ဒါေပမဲ့ ေစ်းကြက္ပိတ္ခါနီးက်ရင္ေတာ့ ေရာင္းထုတ္သြားေတာ့မွာ မဟုတ္ဘူးလုိ႔ သိရပါတယ္။

1570639867-480120-1570639914-noticia-normal-recorte1
IMAGE: GOAL

⚽ ရိန္းဂ်ားစ္နည္းျပ စတီဗင္ဂ်ရတ္ကေတာ့ သူ႔အေနနဲ႔ ရိန္းဂ်ားစ္နည္းျပအျဖစ္ မေဆာင္ရြက္ခင္ ဆရာေဟာင္း ကေလာ့ဆီက အႀကံဥာဏ္ေတာင္းခံခဲ့ေၾကာငး္၊ ကေလာ့က အၿမဲတမ္း ႀကိဳးစားၿပီး တတ္ႏုိင္သမွ် မွ်မွ်တတျဖစ္ေအာင္လုပ္ဖို႔ ေျပာဆုိခဲ့ေၾကာင္း၊ အခုေတာ့ ကေလာ့ေျပာတာကို ေသခ်ာသိၿပီျဖစ္ေၾကာင္း၊ ဒီခရီးလမ္းက သူ႔အတြက္ အလြန္အံ့အားသင့္ဖြယ္ေကာင္းေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

16164088752992
IMAGE: GOAL

⚽ ဘာစီလိုနာေနာက္ခံလူ ဆာဂ်ီေရာ္ဘတ္တိုဟာ အသင္းရဲ႕ စာခ်ဳပ္သက္တမ္း ကမ္းလွမ္းမႈကို စိတ္တုိင္းမက်ျဖစ္ေနပါတယ္။ ဘာစီလိုနာ ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္ကုန္ဆံုးေတာ့မဲ့ ၂၉ ႏွစ္အရြယ္ ေနာက္ခံလူကို တစ္နွစ္စာခ်ဳပ္ ကမ္းလွမ္းထားပါတယ္။ ဒါေပမဲ့ ေရာ္ဘတ္တိုကေတာ့ ႏွစ္ရွည္စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုဖုိ႔ အလိုရွိ ေနတာပါ။

guardiola-rose-1200-600x347
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ သူ႔အေတြ႕အႀကံဳအရ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ဟာ အခက္ခဲဆံုးပြဲစဥ္ျဖစ္ေၾကာင္း၊ ဗိုလ္လုပြဲကေတာ့ အနည္းငယ္ကြဲျပားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္ေတာ္အေတြ႕အႀကံဳအရ ဆီမီးဖိုင္နယ္က အခက္ခဲဆံုးပါ။ အဲဒီမွာမွ ဒုတိယအေက်ာ့က ပိုခက္ပါတယ္။ ဗိုလ္လုပြဲက လြယ္တယ္လို႔ ေျပာတာ မဟုတ္ပါဘူး။ အနည္းငယ္ကြဲျပားပါတယ္”လို႔ဂြါဒီယိုလာက ဆုိခဲ့ပါတယ္။ ဂြါဒီယိုလာဟာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကေန ၅ ႀကိမ္အထိ ျပဳတ္ထားပါတယ္။

kai-havertz-timo-werner-1x5ycaa5igzh01jz7jz5gpmbsp
IMAGE: GOAL

⚽ ခ်ဲလ္ဆီးဂိုးသမား မန္ဒီကေတာ့ လာမဲ့ရာသီမွာ ကိုင္ဟာဗက္ဇ္နဲ႔ တီမို၀ါနာတို႔ရဲ႕ အေကာင္းဆံုးပံုစံကို ေတြ႕ျမင္ရမယ္လုိ႔ ဆုိခဲ့ပါတယ္။ “သူတုိ႔က အလြန္ေကာင္းတဲ့ ကစားသမားေတြပါ။ သူတုိ႔က တျခားႏုိင္ငံတစ္ႏုိင္ငံကိုေျပာင္းဖူးတာ ဒါ ပထမဆံုးပါ။ လာမဲ့ရာသီမွာ ရာႏႈန္းျပည့္သူတုိ႔ရဲ႕ အေကာင္းဆံုးပံုစံကို ျမင္ေတြ႕ရမွာပါ”လုိ႔ မန္ဒီက ဆုိခဲ့ပါတယ္။

lukaku-conte-serie-a-inter-de-milao-2020-21-s0pmb63des9s1uaoffzi0pe9s
IMAGE: GOAL

⚽ စီးရီးေအကလပ္ အင္တာမီလန္တုိက္စစ္မွဴး လူကာကူကေတာ့ သူ႔အေနနဲ႔ နညး္ျပကြန္တီအေနနဲ႔ ေသသည္အထိ တုိက္ပြဲ၀င္ခဲ့ေၾကာငး္၊ ေလ့က်င့္ကြင္းမွာ မႀကိဳးစားရင္ ပဲြထြက္ခြင့္ရမွာမဟုတ္ဘူးဆုိၿပီး ကြန္တီကပြင့္ပြင့္လင္းလင္းေျပာခဲ့ေၾကာငး္၊ ဒါက သူ႔အတြက္ေတာ့ အေရးပါတဲ့အရာျဖစ္ေၾကာင္း၊ အမွန္တရားကိုေျပာၿပီး ကုိယ့္ကိုကူညီႏုိင္မဲ့သူမ်ိဳးကို ေတြ႕ႏုိင္ဖို႔ အေရးႀကီးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

sport-preview-Yves-Bissouma
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဟာ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ စပါးကို အလဲထုိးကာ ဘရိုက္တန္ကြင္းလယ္လူ ဘစ္ဆိုမာကို ေခၚယူႏုိင္မယ္လုိ႔ ယံုၾကည္ေနပါတယ္။ အာဆင္နယ္ဟာ ဘစ္ဆိုမာကို ေပါင္သန္း ၃၀ နဲ႔ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမ္းသြားမွာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!