4-May-2021 Tea Break သတင္းမ်ား

[UNICODE]

david-moyes-west-ham-1axowahsooupizxx86hboxlj7
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ မိမိတို့အနေနနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်မယ်လို့ မျှော်လင့်ထားလျက်ရှိကြောင်း၊ လက်ကျန် ၄ ပွဲစလုံးကို အနိုင်ကစားနိုင်ပါက ချန်ပီယံလိဂ်ဝင်ခွင့် ရလိမ်မယ်လို့ ယုံကြည်ကြောင်း၊ တကယ်လို့ ဥရောပဝင်ခွင့် လွဲချော်ခဲ့ရင် စိတ်ပျက်မိမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

kolarov-12-scaled-e1604312568546
IMAGE: GOAL

⚽ စီးရီးအေကလပ်တွေဖြစ်ကြတဲ့ ဗီရိုနာနဲ့ ဘိုလော့ဂ်နာတို့ဟာ အင်တာမီလန်ဝါရင့်နောက်ခံလူ ကိုလာရော့ဗ်ကို အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်လူဟာ လာမဲ့နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့အင်တာကနေ ထွက်ခွာမှာပါ။

kylian-mbappe-psg-u0ve6q8r5nq6184po375dkgmj
IMAGE: GOAL

⚽ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကတော့ တိုက်စစ်မှူး အမ်ဘာပေခြေသလုံးဒဏ်ရာ ရရှိနေပေမဲ့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်ကစးနိုင်ဖွယ်ရှိကြောင်း၊ အမ်ဘာပေဟာ တစ်ကိုယ်တော် လေ့ကျင့်ခန်းကို ကောင်းကောင်း ပြုလုပ်နိုင်ပြီး အသင်းလိုက်လေ့ကျင့်ခန်း ပြုလုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ တစ်ရက်သာကျန်တော့ပေမဲ့ ဆုံးဖြတ်ချက် မချရသေးကြောင်း ဆိုခဲ့ပါတယ်။

mikel-arteta-arsenal-2019-20-ryfyna40zkoq1of52fgj59f9p
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း ကာဇိုလာကတော့ သူ့အသင်းဖော်ဟောင်း အာတီတာဟာ အာဆင်နယ်အတွက် သင့်တော်မှန်ကန်တဲ့နည်းပြတစ်ဦးဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးတုန်းက ကာလမျိုးကို ခြေရာလိုက်မီဖို့တော့ ခက်ခဲကြောင်း၊ ဒါပေမဲ့ အာတီတာကလည်း သူ့နည်းသူ့ဟန်နဲ့ အာဆင်နယ်ကို အောင်မြင်မှု ရှာဖွေပေးနိုင်မဲ့သူဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။

old-trafford-glazer-protests-man-utd-fans-11i4qmwodh5vy13ggtg69vcgxz
IMAGE: GOAL

⚽ အိုးထရက်ဖို့ဒ်ကွင်းရှေ့မှာ စည်းလွတ်ဘောင်လွတ်ဆန္ဒပြခဲ့မှုနဲ့ ပတ်သက်ပြီး မန်ချက်စတာရဲတပ်ဖွဲ့က ပရိသတ်တွေက ပြစ်တင်ခဲ့ပါတယ။် ပရိသတ်တွေရဲ့ ပစ်ပေါက်မှုကြောင့် ရဲ ၆ ဦးခန့်မှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

raphael-varane-real-madrid-2020-21-1mp1ef1hqc65k10b5ddlmfhy2s
IMAGE: GOAL

⚽ လာလီဂါကလပ် ရီးရဲမက်ဒရစ်ကတော့ နောက်ခံလူ ဗာရာနီဟာ ဒဏ်ရာကြောင့် ချဲလ်ဆီးနဲ့ ကစားမဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဗာရာနီဟာ အိုဆာဆူနာကို အနိုင်ရတဲံပွဲကို အဲဒီဒဏ်ရာကို ရခဲ့တာဖြစ်ပြီး ၁၀ ရက်ခန့် အနားယူရမှာပါ။

scottparker2909
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ ်စပါးအသင်းဟာ မော်ရင်ဟိုရဲ့နေရာကို အစားထိုးနိုင်ဖို့အတွက် ဖူလ်ဟမ်နည်းပြ စကော့ပါကားကိုလည်း အံ့အားသင့်ဖွယ် ပစ်မှတ်ထားနေပါတယ်။ ပါကားလက်ထက်မှာ ဒီရာသီ ဖူလ်ဟမ်ဟာ တန်းဆင်းရဖို့ နီးစပ်နေတာပဲ ဖြစ်ပါတယ်။

xavi-scaled
IMAGE: GOAL

⚽ ကာတာကလပ် အယ်ဆတ်အသင်းဟာ နည်းပြဇာဗီကို စာချုပ်သက်တမ်း ထပ်မံမတိုးမြှင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဇာဗီအနေနဲ့ လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာစီလိုနာနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

[ZAWGYI]

david-moyes-west-ham-1axowahsooupizxx86hboxlj7
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ၀က္စ္ဟမ္းနည္းျပ မိုယက္စ္ကေတာ့ မိမိတို႔အေနနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ ရယူႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားလ်က္ရွိေၾကာင္း၊ လက္က်န္ ၄ ပြဲစလံုးကို အႏုိင္ကစားႏုိင္ပါက ခ်န္ပီယံလိဂ္၀င္ခြင့္ ရလိမ္မယ္လုိ႔ ယံုၾကည္ေၾကာင္း၊ တကယ္လုိ႔ ဥေရာပ၀င္ခြင့္ လြဲေခ်ာ္ခဲ့ရင္ စိတ္ပ်က္မိမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

kolarov-12-scaled-e1604312568546
IMAGE: GOAL

⚽ စီးရီးေအကလပ္ေတြျဖစ္ၾကတဲ့ ဗီရိုနာနဲ့ ဘိုေလာ့ဂ္နာတုိ႔ဟာ အင္တာမီလန္၀ါရင့္ေနာက္ခံလူ ကိုလာေရာ့ဗ္ကို အၿပိဳင္ႀကိဳးပမ္းလ်က္ ရွိေနၾကပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ကြင္းလယ္လူဟာ လာမဲ့ေႏြမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔အင္တာကေန ထြက္ခြာမွာပါ။

kylian-mbappe-psg-u0ve6q8r5nq6184po375dkgmj
IMAGE: GOAL

⚽ ျပင္သစ္ပထမတန္းကလပ္ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏုိကေတာ့ တုိက္စစ္မွဴး အမ္ဘာေပေျခသလံုးဒဏ္ရာ ရရွိေနေပမဲ့ မန္စီးတီးနဲ႔ပြဲမွာ ပါ၀င္ကစးႏုိင္ဖြယ္ရွိေၾကာင္း၊ အမ္ဘာေပဟာ တစ္ကိုယ္ေတာ္ ေလ့က်င့္ခန္းကို ေကာင္းေကာင္း ျပဳလုပ္ႏုိင္ၿပီး အသင္းလိုက္ေလ့က်င့္ခန္း ျပဳလုပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း၊ တစ္ရက္သာက်န္ေတာ့ေပမဲ့ ဆံုးျဖတ္ခ်က္ မခ်ရေသးေၾကာင္း ဆုိခဲ့ပါတယ္။

mikel-arteta-arsenal-2019-20-ryfyna40zkoq1of52fgj59f9p
IMAGE: GOAL

⚽ အာဆင္နယ္ကစားသမားေဟာငး္ ကာဇိုလာကေတာ့ သူ႔အသင္းေဖာ္ေဟာင္း အာတီတာဟာ အာဆင္နယ္အတြက္ သင့္ေတာ္မွန္ကန္တဲ့နည္းျပတစ္ဦးျဖစ္ေၾကာင္း၊ အာဆင္၀င္းဂါးတုန္းက ကာလမ်ိဳးကို ေျခရာလိုက္မီဖို႔ေတာ့ ခက္ခဲေၾကာင္း၊ ဒါေပမဲ့ အာတီတာကလည္း သူ႔နည္းသူ႔ဟန္နဲ႔ အာဆင္နယ္ကို ေအာင္ျမင္မႈ ရွာေဖြေပးႏုိင္မဲ့သူျဖစ္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။

old-trafford-glazer-protests-man-utd-fans-11i4qmwodh5vy13ggtg69vcgxz
IMAGE: GOAL

⚽ အိုးထရက္ဖုိ႔ဒ္ကြင္းေရွ႕မွာ စညး္လြတ္ေဘာင္လြတ္ဆႏၵျပခဲ့မႈနဲ႔ ပတ္သက္ၿပီး မန္ခ်က္စတာရဲတပ္ဖြဲ႕က ပရိသတ္ေတြက ျပစ္တင္ခဲ့ပါတယ။္ ပရိသတ္ေတြရဲ႕ ပစ္ေပါက္မႈေၾကာင့္ ရဲ ၆ ဦးခန္႔မွာ ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ၂၈ ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးထားၿပီး စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

raphael-varane-real-madrid-2020-21-1mp1ef1hqc65k10b5ddlmfhy2s
IMAGE: GOAL

⚽ လာလီဂါကလပ္ ရီးရဲမက္ဒရစ္ကေတာ့ ေနာက္ခံလူ ဗာရာနီဟာ ဒဏ္ရာေၾကာင့္ ခ်ဲလ္္ဆီးနဲ႔ ကစားမဲ့ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္ကို ပါ၀င္ႏုိင္မွာ မဟုတ္ဘူးလို႔ ထုတ္ျပန္ခဲ့ပါတယ္။ ဗာရာနီဟာ အိုဆာဆူနာကို အႏုိင္ရတဲံပြဲကို အဲဒီဒဏ္ရာကို ရခဲ့တာျဖစ္ၿပီး ၁၀ ရက္ခန္႔ အနားယူရမွာပါ။

scottparker2909
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ ္စပါးအသင္းဟာ ေမာ္ရင္ဟိုရဲ႕ေနရာကို အစားထိုးႏုိင္ဖို႔အတြက္ ဖူလ္ဟမ္နညး္ျပ စေကာ့ပါကားကိုလည္း အံ့အားသင့္ဖြယ္ ပစ္မွတ္ထားေနပါတယ္။ ပါကားလက္ထက္မွာ ဒီရာသီ ဖူလ္ဟမ္ဟာ တန္းဆင္းရဖုိ႔ နီးစပ္ေနတာပဲ ျဖစ္ပါတယ္။

xavi-scaled
IMAGE: GOAL

⚽ ကာတာကလပ္ အယ္ဆတ္အသင္းဟာ နည္းျပဇာဗီကို စာခ်ဳပ္သက္တမ္း ထပ္မံမတုိးျမွင့္ဖုိ႔ ဆံုးျဖတ္ထားပါတယ္။ ဇာဗီအေနနဲ႔ လာမဲ့ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖုိ႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာနဲ႔ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလာေနပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!