4-May-2021 ခ်န္ပီယံလိဂ္ပြဲႀကိဳႏွင့္ သတင္းမ်ား

[UNICODE] မန်စီးတီး – ပီအက်စ်ဂျီ (မြန်မာစံတော်ချိန်ည ၁:၃၀)

manchester-city-vs-psg-169
IMAGE: GOAL

နှစ်သင်းစလုံးအနေနဲ့ ဒီပွဲကို ဗိုလ်လုပွဲလို ကစားရမှာဖြစ်တာကြောင့် အကြိတ်အနယ်ရှိမဲ့ပွဲစဉ်ပါ။ ပထမအကျော့ပုံစံအရ ဒီနှစ်သင်းအကြား ခြေစွမ်းကွာဟချက် သိပ်မရှိဘဲ သူတစ်ပြန်၊ ကိုယ်တစ်ပြန်ဖြစ်ခဲ့ပါတယ်။ ဒီပွဲအတွက် မန်စီးတီးကပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးနိုင်ခဲ့ပါတယ်။

futbol-mundial-manchester-city-vs-psg-vivo-online-semifinal-uefa-champions-league-via-espn-etihad-st
IMAGE: GOAL

ဒါပေမဲ့ ပီအက်စ်ဂျီက ပြင်သစ်လီဂူးမှာလည်း ချန်ပီယံဆုအတွက် အမှတ်လိုအပ်ချက်ပြင်းထန်နေလို့ စစ်မျက်နှာနှစ်ခု ဖွင့်နေရပြီး အဓိက ကစားသမားတွေကို အနားပေးထားနိုင်ခြင်း မရှိပါဘူး။ နောက်ပြီး ချန်ပီယံလိဂ်မှာ အဓိကခြေစွမ်းပြနေတဲ့ အမ်ဘာပေကလည်း ဒဏ်ရာရနေပြီး ပွဲထွက်ပါဝင်လာဖွယ် မရှိပါဘူး။

Manchester-City-F365-2
IMAGE: GOAL

ဒါကြောင့် ကစားသမားပိုင်းအင်အားမှာတော့ မန်စီးတီးက အသာရနေပါတယ်။ ပထမအကျော့က အနိုင်ရထားတဲ့ မန်စီးတီးအနေနဲ့ ကွင်းလယ်ပိုင်း စိုးမိုးမှုကိုသာ ဦးစားပေးပြိး ဂိုးမပေးရဖို့ အဓိကဦးစားပေးလာမှာပါ။ မန်စီးတီး ခံစစ်ကအားကောင်းနေပြီး စနစ်တကျသာ ပိတ်ဆို့ကစားရင် ပီအက်စ်ဂျီတိုက်စစ်က ခက်ခဲဖွယ် ရှိနေပါတယ်။ မန်စီးတီးက ဂိုးရပေါက်ရလမ်းပိုများပြီး ဒီပွဲအတွက် ယုံြည်မှုလည်း ပိုရှိနေနိုင်ပါတယ်။ အီတီဟတ်မှာ ပဲရစ်သားတွေ မှော်ဝင်Comeback ပြုလုပ်နိုင်ဖွယ် မရှိဘဲ မန်စီးတီးသာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: မန်စီးတီး ၂-၁ ပီအက်စ်ဂျီ

0-Getty-Images-1232649177

⚽ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က တနင်္ဂနွေနေ့က မန်ယူပရိသတ်တွေရဲ့လုပ်ရပ်အတွက် စုံစမ်းစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ Rule K14 အရ အိမ်ရှင်အသင်းသာ ကစားသမားတွေနဲ့ ဒိုင်တွေ ကွင်းအတွင်းဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းတို့မှာ လုံခြုံအောင်ပြုလုပ်ပေးရမှာဖြစ်ကြောင်း၊ လုံခြုံအောင် ကစားဖို့ ဖန်တီးပေးရမှာဖြစ်ကြောင်း၊ တကယ်လို့ စည်းမျဉ်းချိုးဖောက်ခဲ့ပါက အမှတ်လျှော့ပြစ်ဒဏ်အထိ ချမှတ်နိုင်ကြောင်း ပါရှိပါတယ်။

1-Getty-Images-1177862312

⚽ အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ မိမိအနေနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို နှစ်အကြိမ်အထိ ငြင်းပယ်ခဲ့ကြောင်း၊ မိမိဟာ ရီးရဲကို နှစ်သက်ပြီး ရီးရဲပရိသတ်ဖြစ်ပေမဲ့ အဲဒီအချိန်တုန်းက အမ်းမရိတ်စ် စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့အချိန်ဖြစ်ကြောင်း၊ ဘယ်သူ့ကမှ သူ့ကို ငွေးမချေးပေးဘဲ ကစားသမားတွေရောင်းချပြီးသာ ကိုယ်ထူကိုယ်ထလုပ်ဆောင်ခဲ့ရကြောင်း၊ ဒီပရောဂျက်ကို ပြီးစီးအောင် လုပ်ချင်လို့ ရီးရဲရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

608ee4192030275d300cd8db

⚽ ပြင်သစ် ပထမတန်းကလပ် ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကတော့ ပရိသတ်တွေအနေနဲ့ သူတို့ကို ယုံကြည်ဖို့ တောင်းဆိုလိုက်ပါတယ်။ “ပီအက်စ်ဂျီပရိသတ်တွေအားလုံးအနေနဲ့ ကျွန်တော်တို့ကို ယုံသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ဆုံးကနေ အသင်းအတွက် တိုက်ပွဲဝင်သွားမှာပါ။ အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေသေးတယ်လို့ ယုံပါတယ်”လို့ နေမာက ဆိုခဲ့ပါတယ်။

https-foxesofleicester-com-wp-content-uploads-getty-images-2017-07-1228748260

⚽ မန်စီးတီးနည်းပြ ဂွါဒီယိလုာကတော့ အသင်းသားတွေအနေနဲ့ ပီအက်စ်ဂျီနဲ့ ကစားမဲ့ ချန်ပီယံလိဂ် ဒုကျော့မှာ ခံစားချက်တွေကို ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ် ကစားရမှာဖြစ်ကြောင်း၊ ဗိုလ်လုပွဲသာ တက်နိုင်ခဲ့ရင် အသင်းသားတော်တော်များများအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်လာမှာဖြစ်ကြောင်း၊ ဒါကြောင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

SEI-77087019-e1619902505944

⚽ ချဲလ်ဆီးနည်းပြတူချယ်ကတော့ မိမိအနေနဲ့ ကွင်းလယ်ကြယ်ပွင့် ဂီမောအပေါ် ယုံကြည်ချက်ရှိကြောင်း၊ ဂီလ်မောဟာ အရည်အသွေးမြင့်မားပြီး အသင်းကို ကူညီပေးနိုင်သူဖြစ်ကြောင်း၊ ဂီလ်မောနဲ့ ပတ်သက်ပြီး မိမိအနေနဲ့ ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI] မန္စီးတီး – ပီအက္စ္ဂ်ီ (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

manchester-city-vs-psg-169
IMAGE: GOAL

ႏွစ္သင္းစလံုးအေနနဲ႔ ဒီပြဲကို ဗိုလ္လုပြဲလို ကစားရမွာျဖစ္တာေၾကာင့္ အႀကိတ္အနယ္ရွိမဲ့ပြဲစဥ္ပါ။ ပထမအေက်ာ့ပံုစံအရ ဒီႏွစ္သင္းအၾကား ေျခစြမ္းကြာဟခ်က္ သိပ္မရွိဘဲ သူတစ္ျပန္၊ ကိုယ္တစ္ျပန္ျဖစ္ခဲ့ပါတယ္။ ဒီပြဲအတြက္ မန္စီးတီးကၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အဓိက ကစားသမားေတြကို အနားေပးႏုိင္ခဲ့ပါတယ္။

futbol-mundial-manchester-city-vs-psg-vivo-online-semifinal-uefa-champions-league-via-espn-etihad-st
IMAGE: GOAL

ဒါေပမဲ့ ပီအက္စ္ဂ်ီက ျပင္သစ္လီဂူးမွာလည္း ခ်န္ပီယံဆုအတြက္ အမွတ္လိုအပ္ခ်က္ျပင္းထန္ေနလို႔ စစ္မ်က္ႏွာႏွစ္ခု ဖြင့္ေနရၿပီး အဓိက ကစားသမားေတြကို အနားေပးထားႏုိင္ျခင္း မရွိပါဘူး။ ေနာက္ၿပီး ခ်န္ပီယံလိဂ္မွာ အဓိကေျခစြမ္းျပေနတဲ့ အမ္ဘာေပကလည္း ဒဏ္ရာရေနၿပီး ပြဲထြက္ပါ၀င္လာဖြယ္ မရွိပါဘူး။

Manchester-City-F365-2
IMAGE: GOAL

ဒါေၾကာင့္ ကစားသမားပိုင္းအင္အားမွာေတာ့ မန္စီးတီးက အသာရေနပါတယ္။ ပထမအေက်ာ့က အႏိုင္ရထားတဲ့ မန္စီးတီးအေနနဲ႔ ကြင္းလယ္ပိုင္း စိုးမိုးမႈကိုသာ ဦးစားေပးၿပိး ဂိုးမေပးရဖုိ႔ အဓိကဦးစားေပးလာမွာပါ။ မန္စီးတီး ခံစစ္ကအားေကာင္းေနၿပီး စနစ္တက်သာ ပိတ္ဆို႔ကစားရင္ ပီအက္စ္ဂ်ီတိုက္စစ္က ခက္ခဲဖြယ္ ရွိေနပါတယ္။ မန္စီးတီးက ဂိုးရေပါက္ရလမ္းပိုမ်ားၿပီး ဒီပြဲအတြက္ ယံုၾည္မႈလည္း ပိုရွိေနႏုိင္ပါတယ္။ အီတီဟတ္မွာ ပဲရစ္သားေတြ ေမွာ္၀င္Comeback ျပဳလုပ္ႏုိင္ဖြယ္ မရွိဘဲ မန္စီးတီးသာ ဗုိလ္လုပြဲကို တက္လွမ္းႏုိင္မွာပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: မန္စီးတီး ၂-၁ ပီအက္စ္ဂ်ီ

0-Getty-Images-1232649177

⚽ ပရီးမီးယားလိဂ္ေဘာလံုးအဖြဲ႔ခ်ဳပ္က တနဂၤေႏြေန႔က မန္ယူပရိသတ္ေတြရဲ႕လုပ္ရပ္အတြက္ စံုစမ္းစစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ Rule K14 အရ အိမ္ရွင္အသင္းသာ ကစားသမားေတြနဲ႔ ဒိုင္ေတြ ကြင္းအတြင္း၀င္ေရာက္ျခင္း၊ ထြက္ခြာျခင္းတုိ႔မွာ လံုၿခံဳေအာင္ျပဳလုပ္ေပးရမွာျဖစ္ေၾကာင္း၊ လံုၿခံဳေအာင္ ကစားဖို႔ ဖန္တီးေပးရမွာျဖစ္ေၾကာင္း၊ တကယ္လုိ႔ စည္းမ်ဥ္းခ်ိဳးေဖာက္ခဲ့ပါက အမွတ္ေလွ်ာ့ျပစ္ဒဏ္အထိ ခ်မွတ္ႏုိင္ေၾကာင္း ပါရွိပါတယ္။

1-Getty-Images-1177862312

⚽ အာဆင္နယ္ဂႏၳ၀င္နည္းျပေဟာင္း အာဆင္၀င္းဂါးကေတာ့ မိမိအေနနဲ႔ ရီးရဲမက္ဒရစ္အသင္းရဲ႕ ကမ္းလွမ္းမႈကို ႏွစ္အႀကိမ္အထိ ျငင္းပယ္ခဲ့ေၾကာင္း၊ မိမိဟာ ရီးရဲကို ႏွစ္သက္ၿပီး ရီးရဲပရိသတ္ျဖစ္ေပမဲ့ အဲဒီအခ်ိန္တုန္းက အမ္းမရိတ္စ္ စီမံကိန္းကို အေကာင္အထည္ေဖာ္ေနတဲ့အခ်ိန္ျဖစ္ေၾကာင္း၊ ဘယ္သူ႔ကမွ သူ႔ကို ေငြးမေခ်းေပးဘဲ ကစားသမားေတြေရာင္းခ်ၿပီးသာ ကိုယ္ထူကိုယ္ထလုပ္ေဆာင္ခဲ့ရေၾကာင္း၊ ဒီပေရာဂ်က္ကို ၿပီးစီးေအာင္ လုပ္ခ်င္လုိ႔ ရီးရဲရဲ႕ ကမ္းလွမ္းမႈကို ျငငး္ပယ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

608ee4192030275d300cd8db

⚽ ျပင္သစ္ ပထမတန္းကလပ္ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာကေတာ့ ပရိသတ္ေတြအေနနဲ႔ သူတို႔ကို ယံုၾကည္ဖုိ႔ ေတာင္းဆိုလိုက္ပါတယ္။ “ပီအက္စ္ဂ်ီပရိသတ္ေတြအားလံုးအေနနဲ႔ ကၽြန္ေတာ္တုိ႔ကို ယံုသင့္တယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ေရွ႕ဆံုးကေန အသင္းအတြက္ တုိက္ပြဲ၀င္သြားမွာပါ။ အခြင့္အေရးက ကၽြန္ေတာ္တုိ႔လက္ထဲမွာပဲ ရွိေနေသးတယ္လုိ႔ ယံုပါတယ္”လုိ႔ ေနမာက ဆုိခဲ့ပါတယ္။

https-foxesofleicester-com-wp-content-uploads-getty-images-2017-07-1228748260

⚽ မန္စီးတီးနညး္ျပ ဂြါဒီယိလုာကေတာ့ အသင္းသားေတြအေနနဲ႔ ပီအက္စ္ဂ်ီနဲ႔ ကစားမဲ့ ခ်န္ပီယံလိဂ္ ဒုေက်ာ့မွာ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ၿပီး တည္တည္ၿငိမ္ၿငိမ္ ကစားရမွာျဖစ္ေၾကာင္း၊ ဗိုလ္လုပြဲသာ တက္ႏုိင္ခဲ့ရင္ အသင္းသားေတာ္ေတာ္မ်ားမ်ားအတြက္ ပထမဆံုးအႀကိမ္ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲျဖစ္လာမွာျဖစ္ေၾကာငး္၊ ဒါေၾကာင့္ စိတ္လႈပ္ရွားမႈကို ထိန္းခ်ဳပ္ထားသင့္ေၾကာင္း တုိက္တြန္းခဲ့ပါတယ္။

SEI-77087019-e1619902505944

⚽ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကေတာ့ မိမိအေနနဲ႔ ကြင္းလယ္ၾကယ္ပြင့္ ဂီေမာအေပၚ ယံုၾကည္ခ်က္ရွိေၾကာင္း၊ ဂီလ္ေမာဟာ အရည္အေသြးျမင့္မားၿပီး အသင္းကို ကူညီေပးႏုိင္သူျဖစ္ေၾကာငး္၊ ဂီလ္ေမာနဲ႔ ပတ္သက္ၿပီး မိမိအေနနဲ႔ ေပ်ာ္ရႊင္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!