4-May-2021 အေျပာင္းအေရႊ႕ သတင္းမ်ား

[UNICODE]

1-Getty-Images-1280788855-e1614939597374
IMAGE: GOAL

⚽ ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့် ရခြင်းမရှိတဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနောက်ခံလူ အကီဟာ တစ်ရာသီသာ ကစားပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်လျက်ရှိနေပါတယ်။ မန်စီးတီးဟာ အကီကိုဘုန်းမောက်ကနေ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပေမဲ့ သူ့ကိုခေါ်ခေါ်ပြီးချင်းမှာပဲ လက်ရှိခြေစွမ်းပြနေတဲ့ ဒီရက်စ်ကိုလည်း ထပ်ခေါ်ခဲ့တာပါ။

2895628-59620568-2560-1440
IMAGE: GOAL

⚽ အင်တာမီလန်ဥက္ကဋ္ဌဟောင်း မိုရက်တီကတော့ အင်တာအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ကန်တီကို ခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။ “ကန်တီက အင်တာကို ပိုပြီး အင်အားတောင့်တင်းစေမဲ့သူပါ။ အတိတ်မှာတုန်းက ကျွန်တော်တို့ကတောင့်တင်းတဲ့အသင်းကို ပိုင်ဆိုင်ထားပေမဲ့ ရှနိုက်ဒါကို ထပ်ခေါ်လိုက်တော့ ပိုပြီးအားကောင်းတဲ့အသင်းဖြစ်လာပါတယ်။ အခုလည်း ကန်တီကို အဲဒီလိုခေါ်ရပါမယ်”လို့ မိုရက်တီက ဆိုခဲ့ပါတယ်။

gareth-bale-tottenham-2020-21-e0yw2lje19nx1g9tbiwk6soke
IMAGE: GOAL

⚽ စပါးတောင်ပံကစားသမား ဂါရတ်ဘေးလ်ရဲ့ အနာဂတ်ဟာ အသစ်ခန့်အပ်မဲ့ နည်းပြသစ်အပေါ် မူတည်နေပါတယ်။ ဥက္ကဋ္ဌလီဗိုင်းဟာ ဂါရတ်ဘေးလ်နဲ့ ပတ်သက်ပြီး နည်းပြသစ်အပေါ် ဆုံးဖြတ်ချက် အပြည့်အ၀ ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဘေလ်းဟာ ရှက်ဖီးလ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

houssem-aouar-lyon-vse7kk90yow21bugq7wzmq2qx
IMAGE: GOAL

⚽ စီးရီးအေကလပ် ဂျူဗင်တပ်ဟာ လိုင်ယွန်ကွင်းလယ်လူ အော်ယာကို လာမဲ့နွေရာသီမှာ ခေါ်ယူဖို့ ထပ်မံချဉ်းကပ်သွားဦးမှာ ဖြစ်ပါတယ်။ ဂျူဗီဟာ အာဝါကို ပြီးခဲ့တဲ့နှစ်ကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး အာဝါဟာ အသင်းနဲ့ လိုက်ဖက်သူလို့ ထင်မြင်လျက် ရှိနေပါတယ်။

https-reddevilarmada-com-wp-content-uploads-getty-images-2017-07-1228250602-850x560
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးဆန်ချိုအတွက် မူလက တောင်းဆိုထားတဲ့ဈေးနှုန်းထက် လျှောပေးလိုက်ပြီဖြစ်ကြောင်း ESPN ကဖော်ပြထားပါတယ်။ လက်ရှိမှာ ဆန်ချိုကို မန်ယူနဲ့ လီဗာပူးတို့က ပစ်မှတ်ထားနေတာပါ။

Jesse-Lingard-3-1
IMAGE: GOAL

⚽ ဝက်စ်ဟမ်းမှာ အငှားကစားနေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးလင်ဂတ်ကို ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ်နိုက်စ်အသင်းက ပစ်မှတ်ထားလျက် ရှိနေပါတယ်။ လင်ဂတ်ဟာ လက်ရှိဝက်စ်ဟမ်းမှာ စွမ်းဆောင်ရည်ကောင်းပြသနေပြီး သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေ များပြားနေတာပါ။

marcus-thuram-200403
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်ချ်အသင်းဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက ကစားသမားတွေကို ဆုံးရှုံးရဖို့ ရှိနေပါတယ် ဂလာဘတ်ချ် အဓိက ကစားသမားတွေဖြစ်တဲ့ မားကပ်သူရမ်နဲ့ ဇာကာရီယာတို့ကိုဂလာဘတ်ချ်က ဘဏ္ဍာရေးကြောင့် လက်လွှတ်ရဖွယ်ရှိနေပါတယ်။

skysports-football-glen-kamara-5333686
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ရိန်းဂျားစ်ကွင်းလယ်လူ ကာမာရာကိုေ ခါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေကြောင်း းသိရပါတယ်။ အာဆင်နယ်ဟာ အဆိုပ ါ၂၅ နှစ်အရွယ် ကွင်းလယ်လူကို ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ပဲလို့ သိရပါတယ်။

[ZAWGYI]

1-Getty-Images-1280788855-e1614939597374
IMAGE: GOAL

⚽ ဒီရာသီမွာ ပံုမွန္ပြဲထြက္ခြင့္ ရျခင္းမရွိတဲ့ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးေနာက္ခံလူ အကီဟာ တစ္ရာသီသာ ကစားၿပီးေနာက္ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာဖုိ႔ စီစဥ္လ်က္ရွိေနပါတယ္။ မန္စီးတီးဟာ အကီကိုဘုန္းေမာက္ကေန ေပါင္သန္း ၄၀ နဲ႔ ေခၚယူခဲ့ေပမဲ့ သူ႔ကိုေခၚေခၚၿပီးခ်င္းမွာပဲ လက္ရွိေျခစြမ္းျပေနတဲ့ ဒီရက္စ္ကိုလည္း ထပ္ေခၚခဲ့တာပါ။

2895628-59620568-2560-1440
IMAGE: GOAL

⚽ အင္တာမီလန္ဥကၠ႒ေဟာင္း မိုရက္တီကေတာ့ အင္တာအေနနဲ႔ ခ်ဲလ္ဆီးကြင္းလယ္လူ ကန္တီကို ေခၚယူဖို႔ တိုက္တြန္းလိုက္ပါတယ္။ “ကန္တီက အင္တာကို ပိုၿပီး အင္အားေတာင့္တင္းေစမဲ့သူပါ။ အတိတ္မွာတုန္းက ကၽြန္ေတာ္တို႔ကေတာင့္တင္းတဲ့အသင္းကို ပိုင္ဆုိင္ထားေပမဲ့ ရွႏုိက္ဒါကို ထပ္ေခၚလိုက္ေတာ့ ပိုၿပီးအားေကာင္းတဲ့အသင္းျဖစ္လာပါတယ္။ အခုလည္း ကန္တီကို အဲဒီလိုေခၚရပါမယ္”လို႔ မိုရက္တီက ဆုိခဲ့ပါတယ္။

gareth-bale-tottenham-2020-21-e0yw2lje19nx1g9tbiwk6soke
IMAGE: GOAL

⚽ စပါးေတာင္ပံကစားသမား ဂါရတ္ေဘးလ္ရဲ႕ အနာဂတ္ဟာ အသစ္ခန္႔အပ္မဲ့ နညး္ျပသစ္အေပၚ မူတည္ေနပါတယ္။ ဥကၠ႒လီဗိုင္းဟာ ဂါရတ္ေဘးလ္နဲ႔ ပတ္သက္ၿပီး နည္းျပသစ္အေပၚ ဆုံးျဖတ္ခ်က္ အျပည့္အ၀ ေပးသြားမွာျဖစ္တယ္လုိ႔သိရပါတယ္။ ေဘလ္းဟာ ရွက္ဖီးလ္နဲ႔ပြဲမွာ ဟက္ထရစ္သြင္းၿပီး ေျခစြမ္းျပႏုိင္ခဲ့ပါတယ္။

houssem-aouar-lyon-vse7kk90yow21bugq7wzmq2qx
IMAGE: GOAL

⚽ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ဟာ လိုင္ယြန္ကြင္းလယ္လူ ေအာ္ယာကို လာမဲ့ေႏြရာသီမွာ ေခၚယူဖို႔ ထပ္မံခ်ဥ္းကပ္သြားဦးမွာ ျဖစ္ပါတယ္။ ဂ်ဴဗီဟာ အာ၀ါကို ၿပီးခဲ့တဲ့ႏွစ္ကလည္း ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေသးၿပီး အာ၀ါဟာ အသင္းနဲ႔ လိုက္ဖက္သူလို႔ ထင္ျမင္လ်က္ ရွိေနပါတယ္။

https-reddevilarmada-com-wp-content-uploads-getty-images-2017-07-1228250602-850x560
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ သူတုိ႔ရဲ႕ တုိက္စစ္မွဴးဆန္ခ်ိဳအတြက္ မူလက ေတာင္းဆိုထားတဲ့ေစ်းႏႈန္းထက္ ေလွ်ာေပးလိုက္ၿပီျဖစ္ေၾကာင္း ESPN ကေဖာ္ျပထားပါတယ္။ လက္ရွိမွာ ဆန္ခိ်ဳကို မန္ယူနဲ႔ လီဗာပူးတို႔က ပစ္မွတ္ထားေနတာပါ။

Jesse-Lingard-3-1
IMAGE: GOAL

⚽ ၀က္စ္ဟမ္းမွာ အငွားကစားေနတဲ့ မန္ခ်က္စတာယူႏုိက္တက္တုိက္စစ္မွဴးလင္ဂတ္ကို ေခၚယူဖို႔အတြက္ ျပင္သစ္ကလပ္ႏုိက္စ္အသင္းက ပစ္မွတ္ထားလ်က္ ရွိေနပါတယ္။ လင္ဂတ္ဟာ လက္ရွိ၀က္စ္ဟမ္းမွာ စြမ္းေဆာင္ရည္ေကာင္းျပသေနၿပီး သူ႔ကို ေခၚယူလိုတဲ့အသင္းေတြ မ်ားျပားေနတာပါ။

marcus-thuram-200403
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ မိုခ်န္ဂလာဘတ္ခ်္အသင္းဟာ လာမဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းရဲ႕ အဓိက ကစားသမားေတြကို ဆံုးရႈံးရဖို႔ ရွိေနပါတယ္ ဂလာဘတ္ခ်္ အဓိက ကစားသမားေတြျဖစ္တဲ့ မားကပ္သူရမ္နဲ႔ ဇာကာရီယာတုိ႔ကုိဂလာဘတ္ခ်္က ဘ႑ာေရးေၾကာင့္ လက္လႊတ္ရဖြယ္ရွိေနပါတယ္။

skysports-football-glen-kamara-5333686
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဟာ ရိန္းဂ်ားစ္ကြင္းလယ္လူ ကာမာရာကိုေ ခၚယူဖို႔ စိတ္၀င္စားလ်က္ ရွိေနေၾကာင္း းသိရပါတယ္။ အာဆင္နယ္ဟာ အဆိုပ ါ၂၅ ႏွစ္အ၇ြယ္ ကြင္းလယ္လူကို ၅ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းဖုိ႔ အဆင္သင့္ပဲလို႔ သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!