4-May-2021 ပရီးမီးယားလိဂ္သတင္းမ်ား
[UNICODE]
methode-times-prod-web-bin-cc6cdf18-13b5-11eb-bca5-e85774a5f3b9
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် လိဒ်စ်ယူနိုက်တက်ဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ်ကစားသမား ခေါ်ယူဖို့ အဓိက ဦးစားပေး ပစ်မှတ်ထားလျက် ရှိနေပါတယ်။ လိဒ်စ်ဟာ ကီဗင်ဖီးလစ် မကစားနိုင်တဲ့အခါ ရုန်းကန်နေရမှုကို ပြင်ဆင်လိုနေတာပါ။
960x0
IMAGE: GOAL
⚽ နယူးကာဆယ်အသင်းဟာ နောက်ခံလူ Fabian Schar ကို စာချုပ်သက်တမ်း တိုးမြှင့်လိုလျက် ရှိနေပါတယ်။ အဆိုပါနောက်ခံလူဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ထွက်ခွာနိုင်မှာဖြစ်ပြီး နယူးက တစ်နှစ်စာချုပ်တိုးဖို့ ြ ပင်ဆင်နေတာ ဖြစ်ပါတယ်။
donny-van-de-beek-manchester-united-2020-tjlxhbci1wmp1atuobo9xotq0
IMAGE: GOAL
⚽ အေဂျက်ဇ်ဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ အိုဗာမားစ်က မိမိအနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘတ်ချ်ကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း၊ ဗန်ဒီဘတ်ချ်အနေနဲ့ မန်ယူအသင်းမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သင့်ကြောင်း၊ အလျင်အမြန်ဆုံးဖြတ်ချက် မချစေလိုကြောင်း ဆိုခဲ့ပါတယ်။
Getty-Images-1269509484-1141306407
IMAGE: GOAL
⚽ ဒီရာသီမှာ ဂိုးပေါက်လွဲချော်မှုတွေကြောင့် ဝေဖန်မှုကို ခံနေရပေမဲ့ တီမိုဝါနာအနေနဲ့ ဟာဇက်ရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ပြီးနောက် ဝါနာဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ခုစလုံးမှာ ၁၀ ကြိမ်နဲ့အထက်ပြုလုပ်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားဘ၀ အဖွင့်ရာသီမှာ အဲဒီလိုပြုလုပ်နိုင်တာ ဟာဇက် (၂၀၁၂-၂၀၁၃)က နောက်ဆုံးဖြစ်ပါတယ်။
960x0-1
IMAGE: GOAL
⚽ နော့ဝှစ်ချ်နောက်ခံလူ မက်အာရွန်ကို လာမဲ့နွေရာသီမှာ ခေါ်ယူဖို့အတွက ်ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ပစ်မှတ်ထားလျက်ရှိနေကြောင်း Football Insider က ဖော်ပြထားပါတယ်။ နော့ဝှစ်ချ်ဟာ ၂၁ နှစ်အရွယ်ကြယ်ပွင့်အတွက် ပေါင်သန်း ၃၀ အလိုရှိနေပြီး သူ့ကို အဲဗာတန်ကလည်း ပစ်မှတ်ထားနေပါတယ်။
pep-guardiola-manchester-city-leeds-2020-21-16ts2nkfr05ih1a6uceeri0ay1
IMAGE: GOAL
⚽ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးတက်ရောက်နိုင်မဲ့ အခွင့်အရေးကို လက်လွှတ်မခံဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ “ကျွန်တော်တို့အနေဲ့ အခွင့်အရေးကို လက်လွှတ်မခံချင်ပါဘူး။ကစားမားတွေကို အထူးတောင်းဆိုမှုတွေ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာလည်း ပီအက်စ်ဂျီနဲ့ပွဲလို ခက်ခဲတဲ့ပွဲတွေများစွာရှိပါတယ်။ ကျွန်တော်တု့ိ ကောင်းကောင်းလုပ်နိုင်မယ်လို့ ခံစားရပါတယ်။”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။
Robin-van-Persie-Feyenoord
IMAGE: GOAL
⚽ မန်ယူနဲ့ အာဆင်နယ်ကစားသမားဟောင်း ဗန်ပါစီဟာ ဖီယင်နော့ယူ-၁၆ လက်ထောက်နည်းပြအဖြစ် ကိုင်တွယ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဗန်ပါစီဟာ ၂၀၁၉ ခုနှစ်က ဖီယင်နုမှာ ကစားရင်း ကစားသမားဘ၀ အနားယူခဲ့သူဖြစ်ကာအဲဒီနောက် ဖီယင်နော့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
skysports-ivan-toney-brentford-5141469
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ ဘရန်ုဖို့ဒ်တိုက်စစ်မှူတိုနေးကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အဲဗာတန်ဟာ ဂိုး ၃၀ သွင်းယူထားတဲ့ တိုနေးကို မျက်စီကျနေတာပါ။ ဘရန်ုဖို့ဒ်အနေနဲ့ ပရီးမီးယားလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် တိုနေးဟာ ပရီးမီးယားလိဂ်ကလပ်တွေကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။
SOCCER20-Burnley2020559672
IMAGE: GOAL
⚽ တနင်္လာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေနဲ့ ဝက်စ်ဟမ်းတို့ရဲ့ပွဲစဉ်မှာတော့ ဧည့်သည်ဝက်စ်ဟမ်းက ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ၁၉ မိနစ်မှာ ခရစ်ဝုဒ်က ပင်နယ်တီကနေ ဘန်လေအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ဝက်စ်ဟမ်အတွက် အန်တိုနီယိုတစ်ဦးတည်းက အနိုင်ဂိုးနဲ့ ချေပဂိုးတွေ သွင်းပေးခဲ့တာပါ။ ဒါကြောင့် ဝက်စ်ဟမ်းဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့်လေးက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟတာပါ။ ၂၀၂၁ ခုနှစ်အတွင်း ဝက်စ်ဟမ်းဟာ ၂ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ပွဲ ၁၁ ပွဲအထိ ရှိခဲ့ပြီး သူ့ထက်သာတာ မန်စီးတီး (၁၅ ပွဲ) သာရှိတော့တာပါ။
thierry-henry-montreal-2020-vq924yc40j3y1n3x8khl4of8f
IMAGE: GOAL
⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီကတော့ Spotify ပိုင်ရှင် ဒန်နီရယ်အက်ကို အာဆင်နယ်ပိုင်ရှင်အဖြစ်ထောက်ခံခဲ့ပါတယ်။ ဒန်နီရယ်အက်ဟာ အချိန်တော်တော်ကြာကတည်းက အာဆင်နယ်ပရိသတ်ဖြစ်ခဲ့ကြောင်း၊ သူဟာ အာဆင်ယနကို ဝယ်ဖို့ ခရွန်ကီနဲ့ တွေ့ဆုံပြီးပြီဖြစ်ကြောင်း၊ ဒန်နီရယ်အက်ဟာ အာဆင်နယ်ရဲ့ DNA ကို ပြန်လည်ယူဆောင်လာပေးမဲ့သူဖြစ်ကြောင်း အွန်နရီက ဆိုခဲ့တာပါ။
[ZAWGYI]
methode-times-prod-web-bin-cc6cdf18-13b5-11eb-bca5-e85774a5f3b9
IMAGE: GOAL
960x0
IMAGE: GOAL
IMAGE: GOAL
⚽ အေဂျက်ဇ်ဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ အိုဗာမားစ်က မိမိအနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘတ်ခ်ျကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း၊ ဗန်ဒီဘတ်ခ်ျအနေနဲ့ မန်ယူအသင်းမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သင့်ကြောင်း၊ အလျင်အမြန်ဆုံးဖြတ်ချက် မချစေလိုကြောင်း ဆိုခဲ့ပါတယ်။
IMAGE: GOAL
960x0-1
IMAGE: GOAL
⚽ နော့ဝှစ်ခ်ျနောက်ခံလူ မက်အာရွန်ကို လာမဲ့နွေရာသီမှာ ခေါ်ယူဖို့အတွက်ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ပစ်မှတ်ထားလျက်ရှိနေကြောင်း Football Insider က ဖော်ပြထားပါတယ်။ နော့ဝှစ်ခ်ျဟာ ၂၁ နှစ်အရွယ်ကြယ်ပွင့်အတွက် ပေါင်သန်း ၃၀ အလိုရှိနေပြီး သူ့ကို အဲဗာတန်ကလည်း ပစ်မှတ်ထားနေပါတယ်။
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!