4-May-2021 နံနက္ခင္းသတင္းမ်ား

[UNICODE]

1
IMAGE: GOAL

⚽ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကတော့ သူ့ကစားသမားဘဝတစ်လျှောက် အကြိုက်ဆုံးနည်းပြမှာ လက်ရှိချဲလ်ဆီးနည်းပြ တူချယ်ဖြစ်ကြောင်း၊ တကယ်လို့ တူချယ်သာ ဆက်နေမယ်ဆိုရင် မိမိအနေနဲ့လည်း ဒေါ့မွန်ကနေ ထွက်ခွာဖို့ ခဲယဉ်းမှာဖြစ်ကြောင်း၊ တူချယ်က မိမိကို နေရာစုံမှာ ကစားစေခဲ့ပြီး ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

Getty-Images-1301992958
IMAGE: GOAL

⚽ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်ကို လိုအပ်ခြင်း မရှိကြောင်း၊ မန်ယူမှာ ဂရီးလစ်ရှ်နေရာမှာ ကစားတဲ့ ကစားသမားတွေရှိနေကြောင်း၊ ဖာနန်ဒက်စ်နဲ့ ရက်ဖို့ဒ်တို့ရှိနေကြောင်း၊ ဒါဟာ ဂရီးလစ်ရှ်ရဲ့ အရည်အချင်းနဲ့ မသက်ဆိုင်ကြောင်း ဆိုခဲ့ပါတယ်။

https-reddevilarmada-com-wp-content-uploads-getty-images-2018-08-1232379474
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကကလပ် ဒေါ့မွန်စီအီးအို ဝက်ဇ်ကီကတော့ ဟာလန်းကို ရောင်းချသွားမှာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ရွိုင်အိုလာရဲ့ အင်တာဗျူးမှာ ပြောနေတာတွေက ကျွန်တော်တို့အတွက် ပြဿနာ မဟုတ်ပါဘူး။ လာမဲ့နှစ်မှာ ဟာန်းဟာ ဒေါ့မွန်ကစားသမားအဖြစ် ဆက်ရှိနေဦးမှာပါ”လို့ ဝက်ဇ်ကီက ဆိုခဲ့ပါတယ်။

mario-gotze-lionel-messi-1aaxopzy9u3831w8e3ruac4s2q
IMAGE: GOAL

⚽ ဂျာမနီဝါရင့်ကစားသမား ဂေါ့ဇီကတော့ မိမိအနေနဲ့ လီယွန်နယ်မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းမှာ အတူတွဲကစားဖို့ အိပ်မက်မက်ခဲ့ကြောင်း၊ မိမိအနေနဲ့ ချန်ပီယံလိဂ် ပြန်လည်ကစားလိုကြောင်း ဖွင့်ဟခဲ့ပါတ်။ ဂေါ့ဇီဟာ လက်ရှိ နယ်သာလန်ကလပ် အိုင်ဟိုဗင့်မှာ ကစားနေပြီး ဂျာမနီမှာ ပြန်အရွေးခံရဖို့လည်း အိပ်မက်မက်နေတာပါ။

r0-0-800-600-w1200-h678-fmax
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာကတော့ နယူးကာဆယ်မှာ အငှားနဲ့ကစားနေတဲ့ ဝီလော့ခ်ကို ရာသီကုန်မှာ ပြန်ခေါ်သွားမှာဖြစ်ကြောင်း၊ ဝီလော့ခ်အနေနဲ့ လာမဲ့ရာသီမှာ အခွင့်အရေးရလာမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

rib2749
IMAGE: GOAL

⚽ စပါးအသင်းဟာ ကိုရင်သီယန်ကြယ်ပွင့်ဗာရန်ဒါကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ စပါးဟာ ၁၈ နှစ်အရွယ်ကြယ်ပွင့်ကို ပေါင် ၉ သန်းနဲ့ ခေါ်ယူနိုင်ဖု့ မျှော်လင့်နေပြီး ကစားသမားရဲ့တာဝန်ရှိသူတွေကို ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ ကိုရင်သီယန်ဟာ အဲဒီကစားသမားကို လက်လွှတ်မခံဘဲ စာချုပ်သက်တမ်းတိုးလိုျလက် ရှိနေပါတယ်။

Screen-Shot-2021-05-02-at-08-06-10-ddd5
IMAGE: GOAL

⚽ ဗီလာရီးရဲနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နည်းပြ အာတီတာ မျှော်လင့်နေသလို ဒဏ်ရာရနေတဲ့အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ တီယာနေးတို့ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ လက်ရှိအချိန်အထိ လေ့ကျင့်ခန်း မဆင်းနိုင်သေးဘူးလို့ သိရပါတယ်။

sergio-ramos-real-madrid-2020-21-1ra64mtqpnwxq18q3quytql2ya-1
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်ဂန္ထဝင် ဟီလာရိုကတော့ ရီးရဲအနေနဲ့ အသင်းခေါင်းဆောင်ရာမို့စ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကြိုးပမ်းသင့်ကြောင်း၊ သူ့အနေနဲ့ ရာမို့စ်ကို ရီးရဲမှာသာ ကစားသမားဘ၀ ကုန်ဆုံးစေလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

1
IMAGE: GOAL

⚽ ဘာစီလိုနာေတာင္ပံကစားသမား ဒမ္ဘီလီကေတာ့ သူ႔ကစားသမားဘ၀တစ္ေလွ်ာက္ အႀကိဳက္ဆံုးနညး္ျပမွာ လက္ရွိခ်ဲလ္ဆီးနည္းျပ တူခ်ယ္ျဖစ္ေၾကာင္း၊ တကယ္လို႔ တူခ်ယ္သာ ဆက္ေနမယ္ဆုိရင္ မိမိအေနနဲ႔လည္း ေဒါ့မြန္ကေန ထြက္ခြာဖုိ႔ ခဲယဥ္းမွာျဖစ္ေၾကာငး္၊ တူခ်ယ္က မိမိကုိ ေနရာစံုမွာ ကစားေစခဲ့ၿပီး ေကာင္းမြန္ေအာင္ ျပဳလုပ္ေပးခဲ့ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

Getty-Images-1301992958
IMAGE: GOAL

⚽ လီဗာပူးေနာက္ခံလူေဟာငး္ ကာေရဂါကေတာ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဗီလာကြငး္လယ္လူ ဂရီးလစ္ရွ္ကို လိုအပ္ျခင္း မရွိေၾကာင္း၊ မန္ယူမွာ ဂရီးလစ္ရွ္ေနရာမွာ ကစားတဲ့ ကစားသမားေတြရွိေနေၾကာင္း၊ ဖာနန္ဒက္စ္နဲ႔ ရက္ဖုိ႔ဒ္တုိ႔ရွိေနေၾကာင္း၊ ဒါဟာ ဂရီးလစ္ရွ္ရဲ႕ အရည္အခ်င္းနဲ႔ မသက္ဆုိင္ေၾကာင္း ဆုိခဲ့ပါတယ္။

https-reddevilarmada-com-wp-content-uploads-getty-images-2018-08-1232379474
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကကလပ္ ေဒါ့မြန္စီအီးအို ၀က္ဇ္ကီကေတာ့ ဟာလန္းကို ေရာင္းခ်သြားမွာမဟုတ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ရိြဳင္အိုလာရဲ႕ အင္တာဗ်ဴးမွာ ေျပာေနတာေတြက ကၽြန္ေတာ္တုိ႔အတြက္ ျပႆနာ မဟုတ္ပါဘူး။ လာမဲ့ႏွစ္မွာ ဟာန္းဟာ ေဒါ့မြန္ကစားသမားအျဖစ္ ဆက္ရွိေနဦးမွာပါ”လို႔ ၀က္ဇ္ကီက ဆုိခဲ့ပါတယ္။

mario-gotze-lionel-messi-1aaxopzy9u3831w8e3ruac4s2q
IMAGE: GOAL

⚽ ဂ်ာမနီ၀ါရင့္ကစားသမား ေဂါ့ဇီကေတာ့ မိမိအေနနဲ႔ လီယြန္နယ္မက္ဆီနဲ႔အတူ ဘာစီလိုနာအသင္းမွာ အတူတြဲကစားဖို႔ အိပ္မက္မက္ခဲ့ေၾကာငး္၊ မိမိအေနနဲ႔ ခ်န္ပီယံလိဂ္ ျပန္လည္ကစားလိုေၾကာငး္ ဖြင့္ဟခဲ့ပါတ္။ ေဂါ့ဇီဟာ လက္ရွိ နယ္သာလန္ကလပ္ အိုင္ဟိုဗင့္မွာ ကစားေနၿပီး ဂ်ာမနီမွာ ျပန္အေရြးခံရဖုိ႔လည္း အိပ္မက္မက္ေနတာပါ။

r0-0-800-600-w1200-h678-fmax
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နည္းျပ အာတီတာကေတာ့ နယူးကာဆယ္မွာ အငွားနဲ႔ကစားေနတဲ့ ၀ီေလာ့ခ္ကို ရာသီကုန္မွာ ျပန္ေခၚသြားမွာျဖစ္ေၾကာငး္၊ ၀ီေလာ့ခ္အေနနဲ႔ လာမဲ့ရာသီမွာ အခြင့္အေရးရလာမွာျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

rib2749
IMAGE: GOAL

⚽ စပါးအသင္းဟာ ကိုရင္သီယန္ၾကယ္ပြင့္ဗာရန္ဒါကို ေခၚယူဖုိ႔ ေဆြးေႏြြးမႈေတြ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ စပါးဟာ ၁၈ ႏွစ္အရြယ္ၾကယ္ပြင့္ကို ေပါင္ ၉ သန္းနဲ႔ ေခၚယူႏုိင္ဖု႔ ေမွ်ာ္လင့္ေနၿပီး ကစားသမားရဲ႕တာ၀န္ရွိသူေတြကို ကနဦး ဆက္သြယ္မႈေတြ ျပဳလုပ္ထားပါတယ္။ ဒါေပမဲ့ ကိုရင္သီယန္ဟာ အဲဒီကစားသမားကို လက္လႊတ္မခံဘဲ စာခ်ဳပ္သက္တမ္းတိုးလို်လက္ ရွိေနပါတယ္။

Screen-Shot-2021-05-02-at-08-06-10-ddd5
IMAGE: GOAL

⚽ ဗီလာရီးရဲနဲ႔ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ နည္းျပ အာတီတာ ေမွ်ာ္လင့္ေနသလို ဒဏ္ရာရေနတဲ ့အာဆင္နယ္ကစားသမားေတြျဖစ္တဲ့ လာကာဇက္နဲ႔ တီယာေနးတုိ႔ ပါ၀င္ႏုိင္ဖြယ္မရွိဘူးလို႔ သိရပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ လက္ရွိအခ်ိန္အထိ ေလ့က်င့္ခန္း မဆင္းႏုိင္ေသးဘူးလုိ႔ သိရပါတယ္။

sergio-ramos-real-madrid-2020-21-1ra64mtqpnwxq18q3quytql2ya-1
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္ဂႏၳ၀င္ ဟီလာရိုကေတာ့ ရီးရဲအေနနဲ႔ အသင္းေခါင္းေဆာင္ရာမုိ႔စ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖုိ႔အတြက္ ႀကိဳးပမ္းသင့္ေၾကာင္း၊ သူ႔အေနနဲ႔ ရာမုိ႔စ္ကို ရီးရဲမွာသာ ကစားသမားဘ၀ ကုန္ဆံုးေစလိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!