4-May-2021 အေစာဆံုးသတင္းမ်ား

[UNICODE]

0-Getty-Images-1232648082
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့အနေနဲ့ ပြီးခဲ့တဲ့အမှားတွေကနေ သင်ခန်းစာယူပြီး နယူးနဲ့ပွဲမှာ ၈ နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ပြီးခဲ့တဲ့အပတ်က လာကာဇက် ဒဏ်ရာရသွားတဲ့ဖြစ်ရပ်ကို သင်ခန်းစာယူခဲ့တာပါ။ ပွဲစဉ်ဇယားက ကြပ်တည်းပြီး ဒီကစားသမားတွေကိုပဲသုံးနေတာက စွန့်စားလွန်းရာ ကျပါတယ်”လို့ အာတီတာက ဖွင့်ဟခဲ့ပါတယ်။

0970ea5a89a3fe5bef9a509beedfa457
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာလက်ထောက်နည်းပြ ရှရယ်ဒါကတော့ သူတို့အနေနဲ့ လာလီဂါချန်ပီယံပြေးလမ်းရဲ့ လမ်းကြောင်းမှန်ပေါ်မှာရှိနေကြောင်း၊ သူတို့အနေနဲ့ တခြားအသင်းတွေကို မကြည့်ဘဲ ကိုယ့်ဘာသာကိုယ်အကောင်းဆုံးကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ အက်သလက်နဲ့ပွဲက ချန်ပီယံဆုအတွက် ဗိုလ်လုပွဲမဟုတ်ဘဲ ၄ ပွဲကျန်ရှိနေသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

achraf-hakimi-inter-2021-1x1mhiy3wrklw1u65ylp4ru5r3
IMAGE: GOAL

⚽ အင်တာမီလန်နောက်ခံလူ ဟာကီမီက သူ့အနေနဲ့ ရီးရဲမက်ဒရစ်ကနေ မထွက်ခွာချင်ဘဲ ဆက်နေချင်ခဲ့ကြောင်း၊ ရီးရဲဟာ သူ့ရဲ့အိမ်လိုဖြစ်ခဲ့ကြောင်း၊ ဒါပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ရီးရဲဟာ တခြားဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

dayot-upamecano-rb-leipzig-bayern-munich-4pgiry20g8l613tx5cxk8dpno
IMAGE: GOAL

⚽ လိုက်ပဇစ်နောက်ခံလူ အူပါမီကာနိုက သူ့အနေနဲ့ ဘွန်ဒက်လီဂါမှာ ဆက်ကစားချင်လို့ ဘိုင်ယန်မြုးနစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘိုင်ယန်မြူးနစ်က ကမ်းလှမ်းလာတဲ့အခါ ဂုဏ်ယူမိကြောင်း၊ လိုက်ပဇစ်မှာ ကစားပြီးနောက် နောက်ထပ် တက်လှမ်းစရာ များများစားစားမရှိတော့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

edwin-van-der-sar-donny-van-de-beek
IMAGE: GOAL

⚽ မန်ယူဂန္ထဝင်ဟောင်း ဗန်ဒါဆားကတော့ မိမိအနေနဲ့ မန်ယူမှာ ဗန်ဒီဘတ်ချ် ကြုံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း၊ မန်ုယူဟာ ဒဏ်ရာပြဿနာနဲ့ မကြုံတွေ့တာက ဗန်ဒီဘတ်ချ်အတွက် ခက်ခဲကြောင်း၊ ပေါ့ဂ်ဘာက ခြေစွမ်းပြန်ပြနေပြီး ဖာနန်ဒက်စ်ကလည်း အရေးပါတဲ့ ကစားသမားဖြစ်နေတဲ့အခါ ဗန်ဒီဘတ်ချ်အနေနဲ့ နေရာရဖို့ခက်ခဲကြောင်း၊ ဗန်ဒီဘတ်ချ်ဟာ လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်းစွမ်းဆောင်နိုင်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

romelu-lukaku-inter-2020-21-1nesar4rjgxx81r92y2cpkpl1l
IMAGE: GOAL

⚽ စီးရီးအေချန်ပီယံ အင်တာမီလန်တိုက်စစ်မှူး လူကာကူကတော့ ဒီရာသီဟာ သူ့ကစားသမားဘ၀ အကောင်းဆုံးရာသီဖြစ်ကြောင်း၊ ကမ္ဘာတစ်လှမ်းက အင်တာပရိသတ်တွေအတွက် အလွန်ပျော်ရွှင်မိကြောင်း၊ ဒီစွမ်းဆောင်ရည်ကို ဆက်ပြနိုင်ဖို့ မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

sergio-ramos-real-madrid-2020-21-1ra64mtqpnwxq18q3quytql2ya
IMAGE: GOAL

⚽ လာလီဂါကလပ် ရီးရဲမက်ဒရစ်နောက်ခံလူ ရာမို့စ်ဟာ ၂ နှစ်စာချုပ်သက်တမ်းနဲ့ကမ်းလှမ်းမှသာ ရီးရဲနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရီးရဲက အသက် ၃၅ နှစ်အရွယ်ရာမို့စ်ကို စာချုပ်သက်တမ်း၁ နှစ်သာ တိုးမြှင့်လိုနေတာ ဖြစ်ပါတယ်။

TELEMMGLPICT000247525028-trans-Nv-BQz-QNjv4-Bqb-Sn9vx7r-Jgtcn-JY8f-WO43ry-Vn-PLtmz-BQADu-Doo0-nzs
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ချ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ စီးရီးအေကလပ် အေစီမီလန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အေဘရာဟမ်ချ်အတွက် ပေါင်သန်း ၄၀ တောင်းဆိုထားပြီး သူ့ကို ပရီးမီးယားလိဂ်ကလပ် အများအပြားကလည်း စိတ်ဝင်စားနေကြတာပါ။

[ZAWGYI]

0-Getty-Images-1232648082
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူ႔အေနနဲ႔ ၿပီးခဲ့တဲ့အမွားေတြကေန သင္ခန္းစာယူၿပီး နယူးနဲ႔ပြဲမွာ ၈ ေနရာအထိ အေျပာင္းအလဲျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ၿပီးခဲ့တဲ့အပတ္က လာကာဇက္ ဒဏ္ရာရသြားတဲ့ျဖစ္ရပ္ကို သင္ခန္းစာယူခဲ့တာပါ။ ပြဲစဥ္ဇယားက ၾကပ္တည္းၿပီး ဒီကစားသမားေတြကိုပဲသံုးေနတာက စြန္႔စားလြန္းရာ က်ပါတယ္”လုိ႔ အာတီတာက ဖြင့္ဟခဲ့ပါတယ္။

0970ea5a89a3fe5bef9a509beedfa457
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာလက္ေထာက္နည္းျပ ရွရယ္ဒါကေတာ့ သူတို႔အေနနဲ႔ လာလီဂါခ်န္ပီယံေျပးလမ္းရဲ႕ လမ္းေၾကာင္းမွန္ေပၚမွာရွိေနေၾကာင္း၊ သူတုိ႔အေနနဲ႔ တျခားအသင္းေတြကို မၾကည့္ဘဲ ကိုယ့္ဘာသာကိုယ္အေကာင္းဆံုးႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း၊ အက္သလက္နဲ႔ပြဲက ခ်န္ပီယံဆုအတြက္ ဗိုလ္လုပြဲမဟုတ္ဘဲ ၄ ပြဲက်န္ရွိေနေသးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

achraf-hakimi-inter-2021-1x1mhiy3wrklw1u65ylp4ru5r3
IMAGE: GOAL

⚽ အင္တာမီလန္ေနာက္ခံလူ ဟာကီမီက သူ႔အေနနဲ႔ ရီးရဲမက္ဒရစ္ကေန မထြက္ခြာခ်င္ဘဲ ဆက္ေနခ်င္ခဲ့ေၾကာင္း၊ ရီးရဲဟာ သူ႔ရဲ႕အိမ္လိုျဖစ္ခဲ့ေၾကာင္း၊ ဒါေပမဲ့ အေျခအေန အေၾကာင္းေၾကာင္းေၾကာင့္ ရီးရဲဟာ တျခားဆံုးျဖတ္ခ်က္ကိုခ်မွတ္ခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။

dayot-upamecano-rb-leipzig-bayern-munich-4pgiry20g8l613tx5cxk8dpno
IMAGE: GOAL

⚽ လိုက္ပဇစ္ေနာက္ခံလူ အူပါမီကာႏုိက သူ႔အေနနဲ႔ ဘြန္ဒက္လီဂါမွာ ဆက္ကစားခ်င္လုိ႔ ဘုိင္ယန္ျမဳးနစ္ကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာငး္၊ ဘိုင္ယန္ျမဴးနစ္က ကမ္းလွမ္းလာတဲ့အခါ ဂုဏ္ယူမိေၾကာငး္၊ လုိက္ပဇစ္မွာ ကစားၿပီးေနာက္ ေနာက္ထပ္ တက္လွမ္းစရာ မ်ားမ်ားစားစားမရွိေတာ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။

edwin-van-der-sar-donny-van-de-beek
IMAGE: GOAL

⚽ မန္ယူဂႏၳ၀င္ေဟာင္း ဗန္ဒါဆားကေတာ့ မိမိအေနနဲ႔ မန္ယူမွာ ဗန္ဒီဘတ္ခ်္ ႀကံဳေနရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္မိေၾကာင္း၊ မန္ုယူဟာ ဒဏ္ရာျပႆနာနဲ႔ မႀကံဳေတြ႕တာက ဗန္ဒီဘတ္ခ်္အတြက္ ခက္ခဲေၾကာင္း၊ ေပါ့ဂ္ဘာက ေျခစြမ္းျပန္ျပေနၿပီး ဖာနန္ဒက္စ္ကလည္း အေရးပါတဲ့ ကစားသမားျဖစ္ေနတဲ့အခါ ဗန္ဒီဘတ္ခ်္အေနနဲ႔ ေနရာရဖုိ႔ခက္ခဲေၾကာင္း၊ ဗန္ဒီဘတ္ခ်္ဟာ ေလ့က်င့္ေရးကြငး္မွာ ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္သူျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

romelu-lukaku-inter-2020-21-1nesar4rjgxx81r92y2cpkpl1l
IMAGE: GOAL

⚽ စီးရီးေအခ်န္ပီယံ အင္တာမီလန္တုိက္စစ္မွဴး လူကာကူကေတာ့ ဒီရာသီဟာ သူ႔ကစားသမားဘ၀ အေကာင္းဆံုးရာသီျဖစ္ေၾကာင္း၊ ကမာၻတစ္လွမ္းက အင္တာပရိသတ္ေတြအတြက္ အလြန္ေပ်ာ္ရႊင္မိေၾကာင္း၊ ဒီစြမ္းေဆာင္ရည္ကို ဆက္ျပႏိုင္ဖို႔ ေမွ်ာ္လင့္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

sergio-ramos-real-madrid-2020-21-1ra64mtqpnwxq18q3quytql2ya
IMAGE: GOAL

⚽ လာလီဂါကလပ္ ရီးရဲမက္ဒရစ္ေနာက္ခံလူ ရာမုိ႔စ္ဟာ ၂ ႏွစ္စာခ်ဳပ္သက္တမ္းနဲ႔ကမ္းလွမ္းမွသာ ရီးရဲနဲ႔ စာခ်ဳပ္သက္တမ္း တုိးျမွင့္ဖုိ႔ လက္ခံသြားမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။ ရီးရဲက အသက္ ၃၅ ႏွစ္အရြယ္ရာမုိ႔စ္ကို စာခ်ဳပ္သက္တမ္း၁ ႏွစ္သာ တိုးျမွင့္လိုေနတာ ျဖစ္ပါတယ္။

TELEMMGLPICT000247525028-trans-Nv-BQz-QNjv4-Bqb-Sn9vx7r-Jgtcn-JY8f-WO43ry-Vn-PLtmz-BQADu-Doo0-nzs
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးတိုက္စစ္မွဴး ေအဘရာဟမ္ခ်္ကို ေခၚယူလိုတဲ့အသင္းေတြထဲ စီးရီးေအကလပ္ ေအစီမီလန္လည္း ပါ၀င္လာခဲ့ၿပီ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ေအဘရာဟမ္ခ်္အတြက္ ေပါင္သန္း ၄၀ ေတာင္းဆိုထားၿပီး သူ႔ကို ပရီးမီးယားလိဂ္ကလပ္ အမ်ားအျပားကလည္း စိတ္၀င္စားေနၾကတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!