3-May-2021 Evening News မ်ား

[UNICODE]

1619967276-900845-1619967380-noticia-normal-recorte1
IMAGE: GOAL

⚽ အင်တာမီလန်ကွင်းလယ်လူ ဗီဒယ်ဟာ နောက်ဆုံး ၁၀ နှစ်အတွင်း ပြည်တွင်းအမှတ်ပေးဖလား ၉ ကြိမ်အထိ ရယူနိုင်ခဲ့တဲ့အထိ အံ့အားသင့်ဖွယ် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဗီဒယ်ဟာ ၂၀၁၂ ကနေ ၂၀၁၅ အထိ ဂျူဗင်တပ်နဲ့ အမှတ်ပေးချန်ပီယံဆု ၄ ကြိမ်၊ ဘိုင်ယန်နဲ့ ၃ ကြိမ်၊ ဘာစီလိုနာနဲ့ ၁ ကြိမ်၊ အင်တာနဲ့ ၁ ကြိမ် ရယူထားခဲ့တာပါ။ ဒီကာလအတွင်း ပြည်တွင်းချန်ပီယံဆုကို ဗီဒယ် မကိုင်မြှောက်နိုင်ခဲ့တာ ၁ ရာသီပဲ ရှိခဲ့တာပါ။

b25l-Y21z-Oj-Q3-Ym-Fh-Mjc1-LTVj-YTIt-NGJl-Mi04-Zm-Ji-LTUy-M2-Q4-OWI3-Y2-Vj-Mjpk-Nzdl-Mj-M1-Yi0w-Mm-I
IMAGE: GOAL

⚽ ရှက်ဖီးလ်ယူနိုက်တက်ဂိုးသမား ရမ်ဒဲကို ပရီးမီးယားလိဂ်ကလပ် ဘန်လေက ပစ်မှတ်ထားလျက် ရှိနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။ တကယ်လို့ နစ်ပုပ်ဟာ ထွက်ခွာသွားရင် ရှက်ဖီးလ်က ၂၂ နှစ်အရွယ်ဂိုးသမားနဲ့ ပြန်အစားထိုးဖို့ စီစဉ်နေတာပါ။ ဒါပေမဲ့ ရမ်ဒဲအတွက် ရှက်ဖီးလ်ဟာ ပေါင်သန်း ၂၀ ကျော်ပေးချေရဖွယ ်ရှိနေပါတယ်။

bfu602wawmxxhwh7zswy
IMAGE: GOAL

⚽ တကယ်လို့ ဘိုင်ယန်မြူးနစ်သာ တိုက်စစ်မှူး လီဝန်ဒေါစကီးကို ရောင်းချလိုက်မယ်ဆိုရင် ပရီးမီးယားလိဂ်ကို ရောက်လာနိုင်ချေရှိကြောင်း သိရပါတယ်။ လီဝန်ဒေါစကီးရဲ့အေးဂျင့်ဟာ တန်ဖိုးမြင့်စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုခြင်းမရှိပါက ရောင်းချပေးဖို့ ဘိုင်ယန်ထံ တောင်းဆိုထားပါတယ်။ ဘိုင်ယန်ရဲ့ လစာကို ပရီးမီးယားလိဂ်အသင်းတွေက ပေးချေဖို့ အဆင်သင့်ပဲလို့သတင်းတွေ ထွက်နေပါတယ်။

el-valencia-da-por-hecha-la-continuidad-de-javi-gracia
IMAGE: GOAL

⚽ လာလီဂါကလပ် ဗလန်စီယာအသင်းဟာ သူတို့ရဲ့ နည်းပြ ဂါစီယာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဂါစီယာဟာ ဗလန်စီယာကို ၂၀၂၀ ခုနှစ်မှာမှ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ၁ နှစ်အကြာမှ အခုလို ပြန်လည်အထုတ်ပယ်ခံခဲ့ရတာပါ။

leonardo-psg-1dzerla38zs0k15ox7mxvrl4ky
IMAGE: GOAL

⚽ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုကို ဘာစီလိုနာမြို့ထဲမှာ မြင်တွေ့ခဲ့ရပြီးနောက် မက်ဆီနဲ့ ပီအက်စ်ဂျီတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ လီယိုနာဒိုကတော့ သူ့အနေနဲ့ပီအက်စ်ဂျီအမျိုးသမီးနဲ့ ဘာစီလိုနာ အမျိုးသမီးပွဲကိုသာ လာကြည့်တာဖြစ်ပြီး အပြောင်းအရွှေ့သတင်းတွေကို မေးမြန်းရာမှာ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

paul-pogba-2020-21-manchester-united-186rd7841ftiu186be1y7277t7
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာက သူမပါတဲ့ပွဲတွေမှာ အသင်းမှတ်တမ်း ပိုမိုကောင်းနေတဲ့အပေါ် အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။ မန်ယူဟာ ပေါ့ဂ်ဘာပါရင် တစ်ပွဲပျှမ်းမျှ ၁.၉ မှတ်သာရပြီး မပါရင် ၂.၂ မှတ်ရနေတာပါ။ ဒါဆိုရင်လည်း သူ့အနေနဲ့ အရန်ခုံမှာပဲ ထိုင်နေလိုက်တော့မယ်လို့ ပေါ့ဂ်ဘာက အရွှန်းဖောက်ခဲ့တာပါ။

pierre-emerick-aubameyang-arsenal-newcastle-2020-21-1wkhusn2c70mxzf33d1emzmte
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကတော့ နယူးကာဆယ်နဲ့ပွဲပြီးခါနီး ၅ မိနစ်အလိုလောက်မှာ မိမိအနေနဲ့ သေလုနီးပါးခံစားခဲ့ရကြောင်း၊ ဒါပေမဲ့ ပြန်ကစားနိုင်တဲ့အပေါ် တစ်ပွဲလုံး ခံစားချက်ကောင်းမွန်ခဲ့ကြောင်း၊ ဆရာဝန်တွေက သူ့ကိုအကောင်းဆုံး ကူညီခဲ့ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။ အူဘာဟာ အဖျားဝေဒနာကြောင့် အာဆင်နယ်ရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာပါ။

pirlo-torino-juventus-serie-a-g1v78opa5gfo11mp28oaj1kot
IMAGE: GOAL

⚽ စီးရီးအေကလပ် ဂျူဗင်တပ်နည်းပြ ပီယာလိုကတော့ သူတို့အနေနဲ့ လာမဲ့ရာသီမှာ စီးရီးအေချန်ပီယံဆုအတွက် အကောင်းဆုံးပြန်လာမှာဖြစ်ကြောင်း၊ သူတို့အသင်းကို ပြောင်းလဲမှုပြုလုပ်ဖို့ လိုအပ်ကြောင်း၊ ဒီရာသီမှာ အင်တာဟာချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

skysports-kylian-mbappe-paris-saint-germain-5361469
IMAGE: GOAL

⚽ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကတော့ ဒဏ်ရာရနေတဲ့ အဓိကတိုက်စစ်မှူး အမ်ဘာပေအနေနဲ့ မန်စီးတီးနဲ့ပွဲအမှီ ကြံ့ခိုင်မှု ပြည့်ဝနေမှာဖြစ်ကြောင်း၊ အမ်ဘာပေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ့အနေနဲ့အကောင်းမြင်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ အမ်ဘာပေဟာ မန်စီးတီးနဲ့ ရင်ဆိုင်မဲ့ လူစာရင်းမှာတော့ ပါဝင်လာခဲ့ပါတယ်။

skysports-real-madrid-sergio-ramos-5362011
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ရီးရဲနဲ့ ယှဉ်ပြိုင်ကစားမဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲနောက်ခံလူ ရာမို့စ်နဲ့ ပတ်သက်ပြီး အစီအစဉ်ရေးဆွဲလျက် ရှိနေပါတယ်။ တကယ်လို့ တိုက်စစ်မှူး ထည့်သွင်း မကစားဘူးဆိုရင် ရာမို့စ်ဟာ ယှဉ်ဖိုက်စရာတစ်ယောက်မှရှိမှာ မဟုတ်ကြောင်း၊ ရာမို့စ်ဟာ ရီးရဲနဲ့ ဦးဆောင်သူဖြစ်ပြီး ဘယ်လိုပုစ္ဆာမျိုးမဆို အဖြေရှိသူဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ဘယ်တိုက်စစ်မှူးက ပုံစံကောင်းပြနေသလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

1619967276-900845-1619967380-noticia-normal-recorte1
IMAGE: GOAL

⚽ အင္တာမီလန္ကြင္းလယ္လူ ဗီဒယ္ဟာ ေနာက္ဆံုး ၁၀ ႏွစ္အတြင္း ျပည္တြင္းအမွတ္ေပးဖလား ၉ ႀကိမ္အထိ ရယူႏုိင္ခဲ့တဲ့အထိ အံ့အားသင့္ဖြယ္ မွတ္တမ္းေကာင္းကို ပိုင္ဆုိင္ထားပါတယ္။ ဗီဒယ္ဟာ ၂၀၁၂ ကေန ၂၀၁၅ အထိ ဂ်ဴဗင္တပ္နဲ႔ အမွတ္ေပးခ်န္ပီယံဆု ၄ ႀကိမ္၊ ဘိုင္ယန္နဲ႔ ၃ ႀကိမ္၊ ဘာစီလိုနာနဲ႔ ၁ ႀကိမ္၊ အင္တာနဲ႔ ၁ ႀကိမ္ ရယူထားခဲ့တာပါ။ ဒီကာလအတြင္း ျပည္တြင္းခ်န္ပီယံဆုကို ဗီဒယ္ မကိုင္ေျမွာက္ႏုိင္ခဲ့တာ ၁ ရာသီပဲ ရွိခဲ့တာပါ။

b25l-Y21z-Oj-Q3-Ym-Fh-Mjc1-LTVj-YTIt-NGJl-Mi04-Zm-Ji-LTUy-M2-Q4-OWI3-Y2-Vj-Mjpk-Nzdl-Mj-M1-Yi0w-Mm-I
IMAGE: GOAL

⚽ ရွက္ဖီးလ္ယူႏိုက္တက္ဂိုးသမား ရမ္ဒဲကို ပရီးမီးယားလိဂ္ကလပ္ ဘန္ေလက ပစ္မွတ္ထားလ်က္ ရွိေနတယ္လုိ႔ The Sun က ေဖာ္ျပထားပါတယ္။ တကယ္လုိ႔ နစ္ပုပ္ဟာ ထြက္ခြာသြားရင္ ရွက္ဖီးလ္က ၂၂ ႏွစ္အရြယ္ဂိုးသမားနဲ႔ ျပန္အစားထိုးဖုိ႔ စီစဥ္ေနတာပါ။ ဒါေပမဲ့ ရမ္ဒဲအတြက္ ရွက္ဖီးလ္ဟာ ေပါင္သန္း ၂၀ ေက်ာ္ေပးေခ်ရဖြယ ္ရွိေနပါတယ္။

bfu602wawmxxhwh7zswy
IMAGE: GOAL

⚽ တကယ္လုိ႔ ဘိုင္ယန္ျမဴးနစ္သာ တုိက္စစ္မွဴး လီ၀န္ေဒါစကီးကို ေရာင္းခ်လိုက္မယ္ဆုိရင္ ပရီးမီးယားလိဂ္ကို ေရာက္လာႏုိင္ေခ်ရွိေၾကာင္း သိရပါတယ္။ လီ၀န္ေဒါစကီးရဲ႕ေအးဂ်င့္ဟာ တန္ဖိုးျမင့္စာခ်ဳပ္သက္တမ္း တုိးျမွင့္ခ်ဳပ္ဆိုျခင္းမရွိပါက ေရာင္းခ်ေပးဖုိ႔ ဘိုင္ယန္ထံ ေတာင္းဆိုထားပါတယ္။ ဘုိင္ယန္ရဲ႕ လစာကို ပရီးမီးယားလိဂ္အသင္းေတြက ေပးေခ်ဖုိ႔ အဆင္သင့္ပဲလုိ႔သတင္းေတြ ထြက္ေနပါတယ္။

el-valencia-da-por-hecha-la-continuidad-de-javi-gracia
IMAGE: GOAL

⚽ လာလီဂါကလပ္ ဗလန္စီယာအသင္းဟာ သူတုိ႔ရဲ႕ နညး္ျပ ဂါစီယာကို ရာထူးကေန ထုတ္ပယ္လိုက္ၿပီ ျဖစ္ပါတယ္။ ဂါစီယာဟာ ဗလန္စီယာကို ၂၀၂၀ ခုႏွစ္မွာမွ စတင္တာ၀န္ယူခဲ့တာျဖစ္ၿပီး ၁ ႏွစ္အၾကာမွ အခုလို ျပန္လည္အထုတ္ပယ္ခံခဲ့ရတာပါ။

leonardo-psg-1dzerla38zs0k15ox7mxvrl4ky
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီအားကစားဒါရိုက္တာ လီယိုနာဒိုကို ဘာစီလိုနာၿမိဳ႕ထဲမွာ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ မက္ဆီနဲ႔ ပီအက္စ္ဂ်ီတုိ႔ရဲ႕ အေျပာင္းအေရႊ႕သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့ လီယိုနာဒိုကေတာ့ သူ႔အေနနဲ႔ပီအက္စ္ဂ်ီအမ်ိဳးသမီးနဲ႔ ဘာစီလိုနာ အမ်ိဳးသမီးပြဲကိုသာ လာၾကည့္တာျဖစ္ၿပီး အေျပာင္းအေရႊ႕သတင္းေတြကို ေမးျမန္းရာမွာ ေျဖၾကားခဲ့ျခငး္ မရွိပါဘူး။

paul-pogba-2020-21-manchester-united-186rd7841ftiu186be1y7277t7
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာက သူမပါတဲ့ပြဲေတြမွာ အသင္းမွတ္တမ္း ပိုမိုေကာင္းေနတဲ့အေပၚ အရႊန္းေဖာက္ေျပာၾကားခဲ့ပါတယ္။ မန္ယူဟာ ေပါ့ဂ္ဘာပါရင္ တစ္ပြဲပွ်မ္းမွ် ၁.၉ မွတ္သာရၿပီး မပါရင္ ၂.၂ မွတ္ရေနတာပါ။ ဒါဆုိရင္လည္း သူ႔အေနနဲ႔ အရန္ခံုမွာပဲ ထိုင္ေနလိုိက္ေတာ့မယ္လို႔ ေပါ့ဂ္ဘာက အရႊန္းေဖာက္ခဲ့တာပါ။

pierre-emerick-aubameyang-arsenal-newcastle-2020-21-1wkhusn2c70mxzf33d1emzmte
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္တုိက္စစ္မွဴး အူဘာမီယန္ကေတာ့ နယူးကာဆယ္နဲ႔ပြဲၿပီးခါနီး ၅ မိနစ္အလုိေလာက္မွာ မိမိအေနနဲ႔ ေသလုနီးပါးခံစားခဲ့ရေၾကာငး္၊ ဒါေပမဲ့ ျပန္ကစားႏုိင္တဲ့အေပၚ တစ္ပြဲလံုး ခံစားခ်က္ေကာင္းမြန္ခဲ့ေၾကာငး္၊ ဆရာ၀န္ေတြက သူ႔ကိုအေကာင္းဆံုး ကူညီခဲ့ၾကေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ အူဘာဟာ အဖ်ားေ၀ဒနာေၾကာင့္ အာဆင္နယ္ရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ရတာပါ။

pirlo-torino-juventus-serie-a-g1v78opa5gfo11mp28oaj1kot
IMAGE: GOAL

⚽ စီးရီးေအကလပ္ ဂ်ဴဗင္တပ္နည္းျပ ပီယာလိုကေတာ့ သူတို႔အေနနဲ႔ လာမဲ့ရာသီမွာ စီးရီးေအခ်န္ပီယံဆုအတြက္ အေကာငး္ဆံုးျပန္လာမွာျဖစ္ေၾကာင္း၊ သူတုိ႔အသင္းကို ေျပာင္းလဲမႈျပဳလုပ္ဖုိ႔ လုိအပ္ေၾကာင္း၊ ဒီရာသီမွာ အင္တာဟာခ်န္ပီယံဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

skysports-kylian-mbappe-paris-saint-germain-5361469
IMAGE: GOAL

⚽ ျပင္သစ္ပထမတန္းကလပ္ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုကေတာ့ ဒဏ္ရာရေနတဲ့ အဓိကတုိက္စစ္မွဴး အမ္ဘာေပအေနနဲ႔ မန္စီးတီးနဲ႔ပြဲအမွီ ႀကံ႕ခိုင္မႈ ျပည့္၀ေနမွာျဖစ္ေၾကာင္း၊ အမ္ဘာေပရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ သူ႔အေနနဲ႔အေကာငး္ျမင္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ အမ္ဘာေပဟာ မန္စီးတီးနဲ႔ ရင္ဆုိင္မဲ့ လူစာရင္းမွာေတာ့ ပါ၀င္လာခဲ့ပါတယ္။

skysports-real-madrid-sergio-ramos-5362011
IMAGE: GOAL

⚽ ခ်ဲလ္ဆီးနညး္ျပ တူခ်ယ္ကေတာ့ ရီးရဲနဲ႔ ယွဥ္ၿပိဳင္ကစားမဲ့ ဒုတိယအေက်ာ့႔ပြဲစဥ္မွာ ရီးရဲေနာက္ခံလူ ရာမုိ႔စ္နဲ႔ ပတ္သက္ၿပီး အစီအစဥ္ေရးဆြဲလ်က္ ရွိေနပါတယ္။ တကယ္လုိ႔ တုိက္စစ္မွဴး ထည့္သြင္း မကစားဘူးဆုိရင္ ရာမုိ႔စ္ဟာ ယွဥ္ဖုိက္စရာတစ္ေယာက္မွရွိမွာ မဟုတ္ေၾကာင္း၊ ရာမုိ႔စ္ဟာ ရီးရဲနဲ႔ ဦးေဆာင္သူျဖစ္ၿပီး ဘယ္လိုပုစၦာမ်ိဳးမဆုိ အေျဖရွိသူျဖစ္ေၾကာင္း၊ မိမိတုိ႔အေနနဲ႔ ဘယ္တုိက္စစ္မွဴးက ပံုစံေကာင္းျပေနသလဲဆုိတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!