3-May-2021 Tea Break သတင္းမ်ား

[UNICODE]

0-Getty-Images-1232656920
IMAGE: GOAL

⚽ စပါးတောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ရှက်ဖီးလ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီးနောက် အလွန်ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ စပါးရဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့တာပါ။ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယို့ ခံစားမိပါတယ်။ နည်းပြရဲ့ တိုက်စစ်ကစားတဲ့နည်းလမ်းကို ကျေနပ်မိပြီး ဟက်ထရစ်သွင်းနိုင်တဲ့အပေါ် ပျော်ရွှင်ပါတယ်”လို့ ဘေးလ်က ဆိုခဲ့ပါတယ်။

1230307541
IMAGE: GOAL

⚽ နယူးကာဆယ်နဲ့ပွဲမှာ ပြသခဲ့တဲ့ လူငယ်ကြယ်ပွင့် မာတင်နယ်လီရဲ့ ခြေစွမ်းကို အာဆင်နယ်ပရိသတ်တွေက သဘောကျလျက်ရှိနေပြီး အလက်ဆစ်ဆန်းချက်ဇ်နဲ့ ခိုင်းနှိုင်းနေကြပါတယ်။ “ဒီပွဲကို မာတင်နယ်လီ ပွဲထွက်လာတာကြောင့် ကြည့်ခဲ့တာပါ။ သူက ပုံမှန်အားဖြင့် စိတ်မပျက်စေသူပါ” “မာတင်နယ်လီရဲ့ ခြေစွမ်းက ဆန်းချက်ဇ်လိုပါပဲလား”စသဖြင့် ပရိသတ်တွေက မှတ်ချက်ပြုချီးကျူးခဲ့ကြပါတယ်။

16197864024444
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ဂရန်နာဒါနဲ့ပွဲက ဖြစ်ရပ်အတွက် ၂ ပွဲပယ်ခံရတာကို မကျေမနပ် ဖြစ်လျက်ရှိနေဆဲပါ။ သူ့အနေနဲ့ ဘာမှပြောဆိုခဲ့ခြင်းမရှိကြောင်း၊ တကယ်လို့ တစ်ခုခုများသာပြောခဲ့ရင် ပွဲ ၂၀ လောက်အထိ အပယ်ခံရနိုင်ကြောင်း ကိုးမန်းက ဖွင့်ဟခဲ့ပါတယ်။

havertz-b61a
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကတော့ ကွင်းလယ်လူ မစ်ဆန်မောင့်ဟာ ထိပ်တန်းအဆင့် ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ သူ့အနေနဲ့ မောင့်နဲ့ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်း နိုင်ငံတကာမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခဲ့ဖူးကြောင်း၊ ဒါကြောင့် မစ်ဆန်မောင့်ရဲ့စွမ်းရည်ကို သိရှိကြောင်း၊ မောင့်ဟာ အရည်အချင်းကောင်းများစွာ ပိုင်ဆိုင်ထားပြီး အလွန်ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

inters-conte-hails-one-of-his-most-important-successes-after-serie-a-triumph
IMAGE: GOAL

⚽ အင်တာမီလန်နည်းပြ ကွန်တီကတော့ စီးရီးအေချန်ပီယံဆု ရယူနိုင်တဲ့အပေါ် မိမိအနေနဲ့ အလွန်ဝမ်းမြောက်မိကြောင်း၊ အသင်းက သူ့ကို ယုံကြည်မှုပေးခဲ့ကြောင်း၊ ပိုပြီး လွတ်လွတ်လပ်လပ်ခံစားရပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

lionel-messi-scores-barcelonas-third-goal-against-valencia-1o0v00hrz8xeb1wlyed6qbqku4
IMAGE: GOAL

⚽ ဗလန်စီယာကို ၂-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာကစားသမားဘ၀ ဖရီးကစ်သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီဟာ ဒီရာသီမှာ ဖရီးကစ်သွင်းဂိုး ၃ ဂိုးအထိ ရှိသွားခဲ့ပါပြီ။ မက်ဆီဟာ ၂၀၁၈-၁၉ ရာသီမှာ ဖရီးကစ် ၈ ဂိုးသွင်းထားပြီး တစ်ရာသီအတွင်း ဖရီးကစ်ဂိုးအများဆုံး သွင်းယူထားခဲ့တာပါ။

neymar-psg-2020-21-19uejou7ae5mh1nuoc9bocfhfu
IMAGE: GOAL

⚽ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက မန်စီးတီးကို အလဲထိုးနိုင်ဖို့ ဘာမဆိုလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ကွင်းထဲမှာ အသက်ပေးရရင်တောင် ကိစ္စမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ ခွန်အားရှိသမျှ အရာအားလုံး ပေးဆပ်ကစားသွားမှာပါ။ ကွင်းထဲမှာ အသက်ပေးရရင်တောင် ကိစ္စမရှိပါဘူး”လို့ နေမာက ဆိုခဲ့ပါတယ်။

ole-gunnar-solskjaer-and-paul-pogba-lo8dcrz0tqgx1fp2fkkdv57ba
IMAGE: GOAL

⚽ မန်ယူနည်းပြ ဆိုးလ်ရှားက သူ့အနေနဲ့ ပေါ့ဂ်ဘာကို ကိုင်တွယ်ရတာ နှစ်သက်ပြီး အသင်းကနေ မထွက်ခွာစေလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ပေါ့ဂ်ဘာကို ကိုင်တွယ်ရတာ ကျွန်တော် အမြဲတမ်း နှစ်သက်ပါတယ်။ သူက အမြဲတမ်း ပိုကောင်းအောင် ကြိုးစားနေပြီး စိန်ခေါ်မှုတွေကိုလည်း နှစ်သက်သူပါ။ ကျွန်တော်တို့ကြားမှာ အပြန်အလှန်လေးစားမှုလည်း ရှိပါတယ်”လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1232656920
IMAGE: GOAL

⚽ စပါးေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ ရွက္ဖီးလ္နဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူၿပီးေနာက္ အလြန္ေပ်ာ္ရႊင္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္ေတာ္တုိ႔အေနနဲ႔ စပါးရဲ႕ပံုစံအတုိင္း ကစားႏုိင္ခဲ့တာပါ။ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္ုိ႔ ခံစားမိပါတယ္။ နည္းျပရဲ႕ တုိက္စစ္ကစားတဲ့နည္းလမ္းကို ေက်နပ္မိၿပီး ဟက္ထရစ္သြင္းႏုိင္တဲ့အေပၚ ေပ်ာ္ရႊင္ပါတယ္”လုိ႔ ေဘးလ္က ဆုိခဲ့ပါတယ္။

1230307541
IMAGE: GOAL

⚽ နယူးကာဆယ္န႔ဲပြဲမွာ ျပသခဲ့တဲ့ လူငယ္ၾကယ္ပြင့္ မာတင္နယ္လီရဲ႕ ေျခစြမ္းကို အာဆင္နယ္ပရိသတ္ေတြက သေဘာက်လ်က္ရွိေနၿပီး အလက္ဆစ္ဆန္းခ်က္ဇ္နဲ႔ ခိုင္းႏိႈင္းေနၾကပါတယ္။ “ဒီပြဲကို မာတင္နယ္လီ ပြဲထြက္လာတာေၾကာင့္ ၾကည့္ခဲ့တာပါ။ သူက ပံုမွန္အားျဖင့္ စိတ္မပ်က္ေစသူပါ” “မာတင္နယ္လီရဲ႕ ေျခစြမ္းက ဆန္းခ်က္ဇ္လိုပါပဲလား”စသျဖင့္ ပရိသတ္ေတြက မွတ္ခ်က္ျပဳခ်ီးက်ဴးခဲ့ၾကပါတယ္။

16197864024444
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက ဂရန္နာဒါနဲ႔ပြဲက ျဖစ္ရပ္အတြက္ ၂ ပြဲပယ္ခံရတာကို မေက်မနပ္ ျဖစ္လ်က္ရွိေနဆဲပါ။ သူ႔အေနနဲ႔ ဘာမွေျပာဆုိခဲ့ျခင္းမရွိေၾကာင္း၊ တကယ္လုိ႔ တစ္ခုခုမ်ားသာေျပာခဲ့ရင္ ပြဲ ၂၀ ေလာက္အထိ အပယ္ခံရႏုိင္ေၾကာင္း ကိုးမန္းက ဖြင့္ဟခဲ့ပါတယ္။

havertz-b61a
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းကေတာ့ ကြငး္လယ္လူ မစ္ဆန္ေမာင့္ဟာ ထိပ္တန္းအဆင့္ ကစားသမားလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ သူ႔အေနနဲ႔ ေမာင့္နဲ႔ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္ကတည္း ႏုိင္ငံတကာမွာ ၿပိဳင္ဘက္အျဖစ္ ယွဥ္ၿပိဳင္ခဲ့ဖူးေၾကာငး္၊ ဒါေၾကာင့္ မစ္ဆန္ေမာင့္ရဲ႕စြမ္းရည္ကို သိရွိေၾကာင္း၊ ေမာင့္ဟာ အရည္အခ်င္းေကာင္းမ်ားစြာ ပိုင္ဆုိင္ထားၿပီး အလြန္ေကာင္းတဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

inters-conte-hails-one-of-his-most-important-successes-after-serie-a-triumph
IMAGE: GOAL

⚽ အင္တာမီလန္နည္းျပ ကြန္တီကေတာ့ စီးရီးေအခ်န္ပီယံဆု ရယူႏုိင္တဲ့အေပၚ မိမိအေနနဲ႔ အလြန္၀မ္းေျမာက္မိေၾကာင္း၊ အသင္းက သူ႔ကို ယံုၾကည္မႈေပးခဲ့ေၾကာင္း၊ ပိုၿပီး လြတ္လြတ္လပ္လပ္ခံစားရၿပီျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

lionel-messi-scores-barcelonas-third-goal-against-valencia-1o0v00hrz8xeb1wlyed6qbqku4
IMAGE: GOAL

⚽ ဗလန္စီယာကို ၂-၃ ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့လာလီဂါပြဲစဥ္မွာ တုိက္စစ္မွဴး မက္ဆီဟာ ဘာစီလိုနာကစားသမားဘ၀ ဖရီးကစ္သြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ မက္ဆီဟာ ဒီရာသီမွာ ဖရီးကစ္သြင္းဂိုး ၃ ဂိုးအထိ ရွိသြားခဲ့ပါၿပီ။ မက္ဆီဟာ ၂၀၁၈-၁၉ ရာသီမွာ ဖရီးကစ္ ၈ ဂိုးသြင္းထားၿပီး တစ္ရာသီအတြင္း ဖရီးကစ္ဂိုးအမ်ားဆံုး သြင္းယူထားခဲ့တာပါ။

neymar-psg-2020-21-19uejou7ae5mh1nuoc9bocfhfu
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီတုိက္စစ္မွဴးေနမာက မန္စီးတီးကို အလဲထိုးႏုိင္ဖုိ႔ ဘာမဆိုလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း၊ ကြင္းထဲမွာ အသက္ေပးရရင္ေတာင္ ကိစၥမရွိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္ေတာ့္အေနနဲ႔ ခြန္အားရွိသမွ် အရာအားလံုး ေပးဆပ္ကစားသြားမွာပါ။ ကြင္းထဲမွာ အသက္ေပးရရင္ေတာင္ ကိစၥမရွိပါဘူး”လို႔ ေနမာက ဆုိခဲ့ပါတယ္။

ole-gunnar-solskjaer-and-paul-pogba-lo8dcrz0tqgx1fp2fkkdv57ba
IMAGE: GOAL

⚽ မန္ယူနည္းျပ ဆိုးလ္ရွားက သူ႔အေနနဲ႔ ေပါ့ဂ္ဘာကို ကိုင္တြယ္ရတာ ႏွစ္သက္ၿပီး အသင္းကေန မထြက္ခြာေစလိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ေပါ့ဂ္ဘာကို ကိုင္တြယ္ရတာ ကၽြန္ေတာ္ အၿမဲတမ္း ႏွစ္သက္ပါတယ္။ သူက အၿမဲတမ္း ပိုေကာင္းေအာင္ ႀကိဳးစားေနၿပီး စိန္ေခၚမႈေတြကိုလည္း ႏွစ္သက္သူပါ။ ကၽြန္ေတာ္တုိ႔ၾကားမွာ အျပန္အလွန္ေလးစားမႈလည္း ရွိပါတယ္”လုိ႔ ဆုိးလ္ရွားက ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!