3-May-2021 နေ့လည်ခင်း သတင်းများ

[UNICODE]

IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့် ရရှိထားတဲ့ ဝက်ဖို့ဒ်ဟာ အင်တာမီလန်ဝါရင့်တောင်ပံကစားသမား အက်ရှ်လေယန်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တကယ်လို့ အင်တာသာ အက်ရှ်လေယန်းကို စာချုပ်မတိုးခဲ့ဘူးဆိုရင် ဝက်ဖို့ဒ်က အရခေါ်ယူသွားမှာပါ။

david-luiz-arsenal-wolves-premier-league-2020-21-us9c6x2ove2m1oi819g9t9fb8
IMAGE: GOAL

⚽ နယူးကာဆယ်နဲ့ပွဲမှာ နောက်ခံလူ ဒေးဗစ်လူးဝစ် ဒဏ်ရာပြန်လည်ရရှိခဲ့တဲ့အပေါ် အာဆင်နယ်နည်းပြ အာတီတာက စိတ်ပျက်လျက်ရှိနေပါတယ်။ ဒါက သူတို့အတွက် သတင်းကောင်းမဟုတ်ကြောင်း၊ လူးဝစ်အနေနဲ့ ဒူးဒဏ်ရာခွဲစိတ်မှုနောက် အခုလို ဒဏ်ရာထပ်ရတာ စိတ်ပျက်စရာဖြစ်ကြောင်း၊ ဒီရာသီမှာ ပြန်ကစားနိုင်ဦးမလားဆိုတာ မသိရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

gerard-pique-barcelona-2020-21-10vtuxobqigq71qbgkcxpowr6b
IMAGE: GOAL

⚽ ဘာစီလိုနာနောက်ခံလူ ပီကေးကတော့ အက်သလက်နဲ့ယှဉ်ပြိုင်ကစားမဲ့ပွဲစဉ်မှာ အနိုင်ကလွဲပြီး တခြားလုပ်စရာ မရှိဘူးလို့ ဆိုခဲ့ပါတယ်။ “ချန်ပီယံဆုအတွက် အဆုံးသတ်အချိန်အထိ တိုက်ပွဲဝင်သွားမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က်ပါ။ အက်သလက်နဲ့ပွဲမှာ အနိုင်ရဖို့ပဲ တွေးထားပါတယ်။ ဒါက ကျွန်တော်တို့လက်ထဲမှာပဲ ရှိတာပါ။ အနိုင်ကလွဲပြီး တခြားလုပ်စရာ မရှိပါဘူး”လို့ ပီကေးက ဆိုခဲ့ပါတယ်။

https-thetopflight-com-wp-content-uploads-getty-images-2017-07-1308160170-850x560
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်နောက်ခံလူ မီနာဟာ စီးရီးအေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မီနာဟာ အဲဗာတန်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး သူ့ကိုနာပိုလီက ပစ်မှတ်ထားလျက် ရှိနေပါတယ်။

inter-midfielder-arturo-vidal-1uf90v8egti921rzoaiwjchsd4
IMAGE: GOAL

⚽ စီးရီးအေကလပ် အင်တာမီလန်ကွင်းလယ်လူ ဗီဒယ်ဟာ သတင်းတွေ ထွက်ပေါ်နေသလို ပြင်သစ်ကလပ် မာဆေးကို ပြောင်းရွှေ့နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ ဗီဒယ်ဟာ ရာသီအကုန်မှာ အင်တာကနေ ထွက်ခွာမှာဖြစ်ပြီး မာဆေးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် ဗီဒယ်ကိုခေါ်ဖို့ ငွေကြေး တတ်နိုင်မှာ မဟုတ်ပါဘူး။

man-utd-protests-2021-1hby8s4a0djx01ebltw41y39mt
IMAGE: GOAL

⚽ လီဗာပူးနဲ့ပွဲမတိုင်ခင် ကွင်းအတွင်းအထိ ဝင်ရောက်ဆန္ဒပြပြီးနောက် မန်ယူပရိသတ်တွေကတော့ သူတို့အနေနဲ့ ရပ်တန့်သွားမှာမဟုတ်ကြောင်း၊ ဂလေဇော မထွက်မချင်း တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။ မန်ယူပရိသတ်တွေ့ အသင်းပိုင်ရှင်ဂလေဇာ ထွက်ခွာသွားဖို့ ပြင်းပြင်းထန်ထန် ဆန္ဒပြနေကြတာပါ။

skysports-saul-niguez-atletico-4958044
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ဟာ တကယ်လို့ လာမဲ့နွေမှာ ပေါ့ဂ်ဘာသာ ထွက်ခွာသွားခဲ့ရင် သူ့ရဲ့နေရာကို အစားထိုးဖို့ ကစားသမား ၃ ဦးကို ပစ်မှတ်ထားနေပါတယ်။ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်၊ လက်စတာကွင်းလယ်လူ အန်ဒီဒီနဲ့ အက်သလက်ကွင်းလယ်လူ ဆောနီဂွတ်ဇ်တို့ကို မန်ယူက ပစ်မှတ်ထားနေတာပါ

timo-werner-chelsea-premier-league-2020-21-rctfcwo4fus17yaycisen2xg
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနောက်ခံလူဟောင်း အက်ရှ်လေကိုးဟာ တိုက်စစ်မှူး တီမိုဝါနာက အရည်အချင်းရှိသလောက် အထင်သေးခံနေရတဲ့ ကစားသမားဖြစ်ကြောင်း၊ ဝါနာဟာ တူချယ် တည်ဆောက်တဲ့ ကစားကွက်မှာ အဓိက နေရာကို တာဝန်ယူထားရသူဖြစ်ကြောင်း၊ ဝါနာက နေရာလွတ်ရှာဖွေပြီး အသင်းဖော်တွေကို ချိတ်ဆက်ပေးရသူဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

[ZAWGYI]

ashley-young-inter-1luva087vm6j3170klp0f3ycpq
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!